အမျိုးသားသစ္စာဖောက် နအဖအာဏာရူးများနဲ့  သွေးစုပ်ဖုတ်ကောင်ကြီး ခေတ်သစ်ကိုလိုနီကြီးများ။
ကွန်မြူနစ် မကောင်းဖူးဆိုပြီး နေ၀င်း အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ် အချိန်ကနေစပြီး န၀တခေတ် ယခု နအဖခေတ်အထိ တောက်လျှောက် အပုတ်ချတိုက်ခိုက်လာတာ၊ သတင်းစာတွေ တယ်လီဗေးရှင်းတွေ ရုပ်ရှင်တွေကနေ တောက်လျှောက် ၀ါဒဖြန့်  မကောင်းပြောလာခဲ့တဲ့ဟာ လက်ရှိအာဏာရူးနအဖတွေ အခုတော့ ကွန်မြူနစ်နိုင်ငံကြီးတွေနဲ့  ပေါ်ပေါ်တင်တင် ဆက်ဆံမှု လုပ်နေတာ တွေ့ ရမှာပါ။ မြောက်ကိုရီးယား၊ ဗီယက်နမ်နဲ့  တရုတ်ကွန်မြူနစ်ပါတီကြီးတွေနဲ့  ဖက်လဲတကင်း ပေါင်းသင်းဆက်ဆံနေတာ ယခုဆိုရင် နအဖတွေရဲ့  သတင်းစာ ထိပ်ကြီးပိုင်းသတင်းအနေနဲ့  ပေါ်ပေါ်တင်တင် ဖေါ်ပြနေပါပြီ။
တကယ်တော့ တိုင်းပြည်အကျိုး နိုင်ငံအကျိုးကို မြန်မာပြည်က ကွန်မြူနစ်ကမှ တတ်နိုင်စွမ်းရှိသ၍ တိုင်းပြည်ကောင်းစေလိုတဲ့ ဆန္ဒမှန်နဲ့  ဆောင်ရွက်နေဆဲ ဖြစ်ပေမယ့် နအဖအာဏာရူးတွေကတော့ တိုင်းပြည်ပိုင်ဆိုင်သမျှတွေကို မောင်ပိုင်စီးပြီး ဘုန်းဘောလအော ရောင်းတုတ်နေတဲ့၊ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ်နေတဲ့ အာဏာရူးနအဖတွေနဲ့  မြန်မာပြည်သယံဇာတတွေကို ဂုတ်သွေးစုတ်နေတဲ့ တရုတ်ကွန်မြူနစ် မြောက်ကိုရီးယားကွန်မြူနစ် ဗီယက်နမ်ကွန်မြူနစ်တို့ သာလျှင် ဆိုးရွားလွန်းလှသော သွေးစုပ်ဖုတ်ကောင်ကြီးတွေ ဖြစ်ကြပါတယ်။
နအဖအာဏာရူးတွေ ၀ါဒဖြန့်  ပြောပြောနေတဲ့ ကိုလိုနီ နယ်ချဲ့ လက်အောက် အရောက် မခံရေး ကိုလိုနီနယ်ချဲ့  စနစ် တိုက်ထုတ်ရေးဆိုပြီး ပြောပြောနေတာဟာ တမင်သက်သက် ပြည်သူလူထုကို ထင်ရောင်ထင်မှားဖြစ်အောင် ၀ါဒဖြန့် မှိုင်းတိုက်နေတာပါဘဲ။ တကယ်တမ်း ယခုခေတ်ကာလကြီးမှာ တိုင်းပြည်တစ်ပြည်ကို စစ်အင်အားသုံးပြီး အကြောင်းမဲ့သက်သက် နယ်ချဲ့ လိုတဲ့ဆန္ဒနဲ့  စစ်ဆင်ပြီး အလွယ်တကူ နယ်မြေတွေ သိမ်းပိုက်လို့  မရပါဖူး။
လက်တွေ့ မှာ ကိုယ့်ရဲ့  အမျိုးသားယဉ်ကျေးမှုကို ပပျောက်စေတဲ့ အမျိုးသားယဉ်ကျေးမှုကို လွမ်းမိုးဖုံးလွမ်းစေတဲ့ အသွင်မတူယဉ်ကျေးမှုသိမ်းသွင်းခံရခြင်း၊ လူမျိုးကို သွေးနှောပျောက်ပျက်စေပြီး သွေးရောပြောင်းလဲစေတဲ့ လူမျိုးခြားပြောင်းလဲခံရခြင်း၊ ဘာသာတရားကို ပျက်စီးဖျက်ဆီးစေတဲ့ အယူဝါဒမတူတဲ့ ဘာသာခြားဖုံးလွမ်းခံရခြင်း၊ အမျိုးသားစီးပွားရေးလုပ်ငန်းကြီးတွေနဲ့  စီးပွားလုပ်ငန်းငယ်လေးတွေကအစ ငွေအင်အား အာဏာအင်အား လွမ်းမိုးမှုအင်အားတွေနဲ့  ဖိနှိပ်ပြီး လက်ဝါးကြီးအုပ်ပိုင်ဆိုင်စေတဲ့ စီးပွားရေးချယ်လှယ်ခံရခြင်းဆိုတဲ့ အစရှိတဲ့ လူမျိုး ဘာသာ ယဉ်ကျေးမှု စီးပွားရေး အမြိုခံရ သိမ်းပိုက်ခံရ လွှမ်းမိုးခံရ ချယ်လှယ်ခံရ ပျောက်ပျက်ခံရတဲ့ လုပ်ရပ်တွေကသာလျှင် ခေတ်သစ်ကိုလိုနီတွေ ဖြစ်ပါတယ်။
ကျွန်တော်တို့  မြန်မာနိုင်ငံနဲ့  မြန်မာပြည်သူပြည်သားတွေ ဒီ ခေတ်သစ်ကိုလိုနီကြီးတွေ အထူးသဖြင့် တရုတ်နိုင်ငံ မြောက်ကိုရီးယားနိုင်ငံ ဗီယက်နမ်နိုင်ငံတို့ ရဲ့  ကိုလိုနီအဖြစ်သိမ်းသွင်းမှုအောက်မှာ လူမျိုးဘ၀တွေ ဖျက်ဆီးခံနေရ ယဉ်ကျေးမှုတွေ ပျက်စီးခံနေရတာ ရင်နာစဖွယ် ဖြစ်နေပါပြီ။ ကျွန်တော်တို့  ရဲ့ အမျိုးသားကောင်းလေးတွေ အမျိုးသမီးကောင်းလေးတွေ ယခု နအဖအာဏာရူးတွေလက်အောက်မှာ ကိုယ့်ကျွန်ဘ၀အောက်အဖြစ်တင်မက သူများကျွန်ဘ၀အောက်ပါ ရောက်နေကြရတယ်ဆိုတာ အမျိုးကို ချစ်မြတ်နိုးတတ်ရင် တိုင်းပြည်ကို မြတ်နိုးတတ်ရင် ယဉ်ကျေးမှုကို မြတ်နိုးတတ်ရင် သိမြင်ကြမှာပါ။
နအဖအာဏာရူးတွေဟာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို သွေးစုပ်ဖုတ်ကောင် တရုတ်နိုင်ငံ မြောက်ကိုရီးယားနိုင်ငံ ဗီယက်နမ်နိုင်ငံတို့ လက်ထဲကို ၀ကွက်အပ်နေတာပါ။ မြန်မာပြည်သူတွေဘ၀တွေကတော့ အဲ့ဒီသွေးစုပ်ဖုတ်ကောင်တစ်သိုက်ရဲ့  လည်မြိုသွေးစုပ်ခြင်းကို ခံနေရပါတယ်။ ဒီ အမျိုးသားသစ္စာဖောက် နအဖအာဏာရူးတွေ အသက်ရှင်ဆက်လက်အုပ်ချူပ်စေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို အဖြစ်ခံမယ်ဆိုရင်၊ မျက်နှာဖုံးပြောင်း နအဖတွေကို ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ တရားဝင်အစိုးရအဖြစ် ပေါ်ပေါက်စေအောင် အားပေးထောက်ပံ့နေမယ်ဆိုရင်တော့ ကျွန်တော်တို့  မြန်မာပြည်သူပြည်သားတွေ လည်မြိုက သွေးစ တင်မက တကိုယ်လုံး အသွေးအသားတောင် တစ်စဆီ ရှာရတော့မှာ မဟုတ်ပါဖူး။
အာဏာမြဲရေးအတွက်သာ ကြည့်တဲ့ တစ်ဘို့ ထဲသမား နအဖကတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဒီ ခေတ်သစ်ကိုလိုနီနိုင်ငံကြီး ကွန်မြူနစ်နိုင်ငံကြီးတွေဖြစ်တဲ့ တရုတ် မြောက်ကိုးရီးယား ဗီယက်နမ် သွေးစုပ်ဖုတ်ကောင်တွေလက်ထဲ လူသတ်သမားပါးကွက်သားက ၀ ကွက်အပ်သလို အပ်နေပါတော့တယ်ဗျာ။
နစ်နေမန်း။
No comments:
Post a Comment