Sunday, October 10, 2010

ပြည်သူကို ပြောတော့ တစ်မျိုး လုပ်နေတာက တစ်မျိုး၊ အပြောနဲ့ အလုပ်မညီတာ အရင်းခံ ရိုးသားမှု မရှိလို့ ဘဲ၊ ပြည်သူတွေက အယုံအကြည် မရှိတော့။

နအဖရဲ့  “ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်ထည်ဖေါ် ဆောင်ရွက်ရာတွင် ပြည်သူများထံမှ ငွေကောက်ခံခြင်း ရှိလာပါက ချက်ခြင်းအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်” ဟု ဂ-၁၀-၂၀၁၀ နေ့ထုတ် The weekly ELEVEN ဂျာနယ်တွင် ပါရှိသော (အထူး) အချပ်ပိုတွင် “ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်ထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများထံမှ ငွေကောက်ခံခြင်း ရှိလာပါက ချက်ခြင်းအရေးယူ ဆောင်ရွက်သွားမည်” ဟူသော သတင်းကြောင့် အချို့ သော ပြည်သူများ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း သိရှိရပါသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးနယ်နိမိတ်အတွင်းပါရှိသော မြို့နယ်၊ရပ်ကွက်အာဏာပိုင်
အဖွဲ့အစည်းများက မိမိတို့အပိုင် ရပ်ကွက်များသို့ ပြောင်းရွှေ့ရောက်ရှိလာကြသော ဧည့်မိသားစုများထံမှ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိရေးအတွက် ယာယီသန်းခေါင်စာရင်းများ ထုတ်ပေးရာတွင် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၁၀၀၀၀/) ငွေကျပ်တစ်သောင်းနှုန်းဖြင့် မိမိတို့ကိုယ်ကျိုးအတွက် ကောက်ခံရယူနေကြပါသည်။

ကျွန်တော် ကျွန်မတို့နေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်တွင်လည်း ရ.ယ.က ဥက္ကဌ ဦးဆောင်းတင့်မှ ဦးဆောင်ပြီး အဖွဲ့ဝင်များ ဖြစ်ကြသော ရာအိမ်မှူးဦးမောင်မောင်သိန်းနှင့် ဆယ်အိမ်မှူးဦးအောင်ကြည်တို့ပါဝင်သောအဖွဲ့ကလည်း ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိရေးအတွက် ယာယီသန်းခေါင်စာရင်းများ ထုတ်လုပ်ပေးရာတွင် ဧည့်အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် တစ်သောင်းနှုန်း ကောက်ခံရယူပြီး ကိုယ်ကျိုးစီးပွားရှာနေကြသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ထိရောက်စွာအရေးယူပေးပါရန် မဲဆန္ဒရှင်လူထုက တင်ပြတိုင်ကြားအပ်ပါသည်။

မဲဆန္ဒရှင်လူုထုများ။

No comments: