Monday, October 18, 2010

နအဖစစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ မင်းကိုနိုင်ရဲ့ (၄၈) နှစ်မြောက်မွေးနေ့အမှတ်တရ။

































၁၉၈၈ ခုနှစ်အချိန်ကာလအတွင်းက ကိုမင်းကိုနိုင် ပြောကြားခဲ့တဲ့ စကားတွေထဲက တစ်ခုပါ -

"I always stand on the side of the people,

I will never die.

Physically I might be dead,

But many Min Ko Naing will take my place"

ပြည်သူအတွက် အမြဲထာဝရ ရပ်တည်နေမယ့် မင်းကိုနိုင်၊

မင်းကိုနိုင်ဆိုတာ လူသာသေသွားပေမယ့် မင်းကိုနိုင်တွေ ပေါ်ပေါက်နေမှာပါ။

ကိုမင်းကိုနိုင်ရဲ့  ယနေ့ ကျရောက်တဲ့ (၄၈) နှစ်မြောက် မွေးနေ့ အမှတ်တရအနေနဲ့  အောက်ဖေါ်ပြပါ ကိုမင်းကိုနိုင်ရဲ့  ကဗျာတိုလေးများနဲ့  လေးစားစွာ ဂုဏ်ပြုလိုက်ပါတယ်။

“ထမင်း ယူမလာနဲ့ ၊ ဟင်းမယူလာနဲ့ ၊ သတင်းသာ ယူလာခဲ့၊ ကျောင်းသားတွေ ဘာလုပ်နေလည်း”

“တိုင်းတစ်ပါးကျွန် စစ်တပ်ကျွန်၊ ဘယ်ကျွန်မှ မခံ ဒေါင်းအလံဟေ့၊ ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံစိုက်မယ်”

(ကိုမင်းကိုနိုင် စစ်တွေထောင်အတွင်း ပထမအကြိမ် အကျဉ်းကျနေစဉ်က စပ်ဆိုထားသော ကဗျာတိုလေးများ ဖြစ်ပါတယ်)။

ကျွန်တော်တို့  ကျောင်းသားအပေါင်းရဲ့  ကိုမင်းကိုနိုင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်ဝပြီး လွတ်လပ်မှုနဲ့ တစ်ကွ အမိမြန်မာပြည်နဲ့  ပြည်သူအပေါင်းတို့  အကျိုး ဆထက်တပိုး စွမ်းဆောင်ဦးဆောင်နိုင်ပါစေလို့  ……

No comments: