နအဖလက်ပါးစေ မြတ်ခိုင်ရဲ့  လျှပ်တစ်ပြက်အင်တာဗျူးမှာ အာဇာနည်နေ့ သမိုင်းကြောင်း ပျက်ဆီးစေသော စကားတစ်ခွန်း။
ဖြစ်ရပ်သမိုင်းကြောင်းတစ်ခုကို ပြောတဲ့ ရေးတဲ့နေရာမှာ အလေးအနက်ထားပြီး ပြောတာမျိုးမရှိတာ မှန်မှန်ကန်ကန် မပြောတာ တစ်ဘက်သတ် သမိုင်းကို လိမ်လည်ပြောဆိုတာတွေဟာ သမိုင်းဖြစ်ရပ်မှန်တွေကို ဖြောက်ဖျက်တာ ပျက်စီးစေတာနဲ့  တူပါတယ်။
လျှပ်တစ်ပြက် မြတ်ခိုင်ဟာ နအဖရဲ့  လက်ပါးစေပီပီ အသက်ပြန်ဝင်ဖုတ်ပြန်သွင်းထားတဲ့ မဆလခေတ်က အထူးသဖြင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ တစညပါတီက အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ပြန်ပြီး ၀င်ရောက်အရွေးခံမှာမို့ လို့  အဲ့ဒီ အာဏာရူးဟောင်းကြီးတွေကို ပြန်ပြီး သတင်းမီဒီယာမှာ ပြန်လိုင်းတင်ပေးနေပါတယ်။
လက်ရှိ နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းတို့  ကြံ့ ဖွတ် ရန်ကုန်တိုင်း အောင်သိန်းလင်းတို့ အကြောင်းကိုလည်း လျှပ်တစ်ပြက်မှာ ခေါင်းကြီးပိုင်းကနေ ဖေါ်ပြပေးနေရုံမက မဆလခေတ် ဒုတိယဗိုလ်ချူပ်ကြီးဟောင်းချစ်ဆွေကိုလည်း မြတ်ခိုင်ကိုယ်တိုင် အင်တာဗျူးတွေမေးထားပြီး အခန်းဆက်ဖေါ်ပြပေးနေပါတယ်။
မဆလ အာဏာရူးဟောင်းကြီး ဒုတိယဗိုလ်ချူပ်ကြီးဟောင်းချစ်ဆွေကလည်း အင်တာဗျူးတွေထဲမှာ သမိုင်းဟောင်းတွေ ပြန်ဖေါ်ပြီး တစ်ဘက်သတ်တွေ မမှန်မကန် ပြောဆိုနေသလို မေးတဲ့သူ မြတ်ခိုင်ကလည်း အပို့ အထောက်တွေနဲ့  မြှောက်ကာ အတိုင်အဖောက်ညီညီနဲ့  စည်းဝါးကိုက် ပြောဆိုနေကြပါတယ်။
နအဖလက်ပါးစေ မြတ်ခိုင်ဟာ နအဖအာဏာရူးကြီးတွေနဲ့  နေ၀င်းရဲ့ တစ်ပါတီ မဆလခေတ်က အာဏာရူးဟောင်းကြီးများကို ပေါ်ပေါ်တင်တင် ဖားယားနေတဲ့ မီဒီယာကို အသုံးချကာ ပြည်သူလူထုအပေါ် မျက်မှန်စိမ်းကြီးတပ်ပေးနေတဲ့ သမိုင်းဖျက် မျိုးဖျက်သူ နအဖလက်ပါးစေကြီး တစ်ဦးသာ ဖြစ်ပါတယ်။
နအဖလက်ပါးစေ မြတ်ခိုင်ဟာ သူ မေးမြန်းထားတဲ့ ဒုတိယဗိုလ်ချူပ်ကြီးဟောင်းချစ်ဆွေနှင့် တွေ့ ဆုံခြင်းအင်တာဗျူး (အပိုင်း ၇) မှာ မြန်မာ့သမိုင်းကို တန်ဖိုးမထားဘဲ ပျက်ဆီးစေတဲ့ မေးမြန်းချက်တစ်ခုကို ဖေါ်ပြလိုပါတယ်။
“ဗိုလ်ချူပ်အောင်ဆန်းကို လုပ်ကြံတော့ အန်ကယ်တို့ က သိမ်ဖြူလမ်းမှာ ရှိနေတယ်ပေါ့နော်။ အဲ့ဒီနေ့ က တိုက်တိုက်ဆိုင်ဆိုင် အာဇာနည်နေ့  ဖြစ်နေတယ် … “ လို့  မေးမြန်းပြောဆိုခဲ့ပါတယ်။
နအဖလက်ပါးစေ မြတ်ခိုင်ရဲ့  မေးမြန်းပြောစကားဟာ မြန်မာ့သမိုင်းနေ့ ထူးနေ့ မြတ်နဲ့  လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းအပါအ၀င် အာဇာနည်ကြီးများကို ထိခိုက်စေလိုက်သလို မြန်မာ့သမိုင်းကြောင်းကိုလည်း ပျက်ဆီးစေပါတယ်။
မြန်မာနိုင်ငံမှာ အာဇာနည်နေ့ လို့ သမိုင်းတွင် သတ်မှတ်တာ ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ကြီးများ လုပ်ကြံခံရလို့  ကွယ်လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ ကို ဗိုလ်ချူပ်အောင်ဆန်းတို့  ကွယ်လွန်ပြီးတဲ့နောက်မှာ သတ်မှတ်ခဲ့တာပါ။
နအဖလက်ပါးစေ မြတ်ခိုင်ပြောတဲ့ တိုက်တိုက်ဆိုင်ဆိုင်အာဇာနည်နေ့ ဖြစ်နေတယ်လို့  ဆိုလိုက်တာဟာ အာဇာနည်နေ့ က အရင်သတ်မှတ်ပေါ်ပေါက်ထားပြီးမှ အဲ့ဒီနေ့ ကျမှ ဗိုလ်ချူပ်အောင်ဆန်းတို့ က လုပ်ကြံခံရသလိုဖြစ်နေသလို၊ အာဇာနည်နေ့ ဆိုတာ ဇူလိုင်လ (၁၉) ရက်နေ့  တစ်ရက်ထဲမကသလို ဖြစ်နေပါတယ်။
နအဖလက်ပါးစေ မြတ်ခိုင်ရဲ့  ဒီစကားကို သူရဲ့ လျှပ်တစ်ပြက်စာစောင်မှာ ဖေါ်ပြထားတာကိုလည်း မြတ်ခိုင်ကိုယ်တိုင် အတွင်းရေးမှူး (၁) ဖြစ်နေတဲ့ နအဖရဲ့  မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ က ဆင်ဆာဘုတ်အဖွဲ့ ကြီးက မမြင်ချင်ယောင်ဆောင်လိုက်တယ် ထင်ပါရဲ့ ။
နအဖ ပြန်ကြားရေးဝန် ကျော်ဆန်းလည်း သူ့ အကြောင်း လျှပ်တစ်ပြက်စာစောင် ထိပ်ပိုင်းခေါင်းကြီးမှာ ပါပါနေလို့  ဒီလိုသမိုင်းကြောင်း မှားပြောတာကို မဆုံးမ မညွန်ကြားတော့ဖူးနဲ့ တူပါတယ်။
နအဖလက်ပါးစေ မြတ်ခိုင်အနေနဲ့  ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ၇က်နေ့  အာဇာနည်နေ့  သမိုင်းကိုတော့ မဖျက်ဆီးလိုက်ပါနဲ့ လို့  ပြောဆိုသတိပေးလိုက်ရပါတယ်။
No comments:
Post a Comment