ပြည်သူများအနေဖြင့် မဲဆန္ဒမပေးဘဲ နေနိုင်သော အခွင့်အရေးလည်း ပါဝင်ကြောင်း တစ်ကိုယ်တော်လှုပ်ရှားမှု လက်ကမ်းစာစောင်များဖြင့် ပြည်သူအား အသိပေး။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ နယ်၊ (စ) ရပ်ကွက်မြို့ နယ် NLD ပါတီရုံးအနီးတစ်ဝိုက်တွင် အောက်တိုဘာလ (၂၁) ရက်နေ့ က ကိုခင်မောင်ဦး (မြောက်ဥက္ကလာ) မှ တစ်ကိုယ်တော်လှုပ်ရှားမှုအနေဖြင့် ပြည်သူများအား နအဖရွေးကောက်ပွဲဥပဒေအကြောင်း သိသာစေရန် လက်ကမ်းစာစောင်များ ဖြန့် ဝေခဲ့ပါသည်။
ကိုခင်မောင်ဦး ဖြန့် ဝေသည့် အဆိုပါ နအဖရွေးကောက်ပွဲဥပဒေအကြောင်း သိသာစေရန်အတွက် လက်ကမ်းစာစောင်များတွင် နအဖတို့ ၏ ရွေးကောက်ပွဲဥပဒေပါ အချက်အလက်များကို ဖေါ်ပြထားပြီး ပြည်သူများအနေဖြင့် မဲဆန္ဒမပေးဘဲ နေနိုင်သော အခွင့်အရေးလည်း ပါဝင်ကြောင်း မီးမောင်းထိုး အသိပေးထားခြင်း ဖြစ်သည်။ 



ပါတီလူငယ်များ၊ ကျောင်းသားလူငယ်များ၊ ဒီမိုကရေစီအင်အားစုများနှင့် သံဃာများမှ ဖြန့် ဝေ အသိပေးနေသော လူထုအသိပေးလက်ကမ်းစာစောင်များဖြစ်ပြီး လုပ်ဆောင်ရခြင်း ရည်ရွယ်ချက်မှာ -
၁။ NLD ပါတီ တည်ရှိနေသေးကြောင်း လူထုမှ ပိုမိုသိရှိနေစေရန်နှင့်
၂။ နအဖရွေးကောက်ပွဲဥပဒေများကို လူထုမှ သိရှိနားလည်၍ မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိင်စေရန် ဖြစ်သည်။
“ပြည်သူများအနေဖြင့် မဲဆန္ဒမပေးဘဲ နေနိုင်သော အခွင့်အရေးလည်း ပါဝင်ကြောင်း” နအဖ ရွေးကောက်ပွဲဆိုင်ရာဥပဒေကိုယ်တိုင်က အတိအလင်း ဖေါ်ပြထားပါသည်။
No comments:
Post a Comment