နအဖ မျက်နှာဖုံးပြောင်း လက်ကိုင်ဒုတ် ကြံ့ ဖွတ်ပါတီရဲ့  ခွေးပါးစပ်က ထွက်တဲ့ ဗြောင်လိမ်သော စကားလုံးများ။
နအဖ မျက်နှာဖုံးပြောင်း လက်ကိုင်ဒုတ် ကြံ့ ဖွတ်ပါတီကနေ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲရဖို့ အတွက် လျှာအရိုးမရှိတိုင်း မျက်နှာပြောင်တိုက် လိမ်ညာပြနေတဲ့ အပြောချိုချို စကားလုံးတွေနဲ့  ပြောတာကတော့ -
ကြံ့ ဖွတ်ပါတီကနေ ပြည်သူလူထုကို အောက်ဖေါ်ပြပါ ကတိပြုချက် ငါးချက်ကို ပေးပါသတဲ့။ အတော့်ကို ယုံကြည်လောက်တဲ့ အချက်တွေပါဘဲ။ နအဖအာဏာရူးတွေနဲ့  လက်ပါးစေတွေ ပါဝင်တဲ့ ဒီလို လက်ကိုင်ဒုတ် ကြံ့ ဖွတ်ပါတီက ဘယ်တုန်းကများ သစ္စာတွေ ကတိတွေတည်တာများ ရှိဖူးလို့ ပါလည်း။ ဘယ်တုန်းကများ ရဟန်းရှင်လူပြည်သူလူထုအပေါ်မှာ မှန်မှန်ကန်ကန် ရိုးရိုးသားသားနဲ့  ကောင်းတာများ ရှိဖူးလို့ ပါလည်း။
နအဖမျက်နှာဖုံး ကျောထောက်နောက်ခံ လက်ပါးစေ ကြံ့ ဖွတ်တွေက ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြည်သူလူထုအပေါ်မှာ ကတိပေးတာက -
၁။ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ တဲ့၊
၂။ ခေတ်မှီဖွံ့ ဖြိုးတိုးတက်ဖို့ တဲ့၊
၃။ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို့ တဲ့၊
၎။ တိုင်းတစ်ပါးလက်ကိုင်တုတ် မဖြစ်ဖို့ တဲ့၊
၅။ အရေးသုံးပါး ဦးထိပ်ထားဖို့ တဲ့။
ပြောမှ ပြောတတ် ညာမှညာတတ်ပါပေတယ်။
၁။ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့  ကြံ့ ဖွတ်က လုပ်ပေးမယ်ဆိုတော့ - တိုင်းပြည်မှာ ဥပဒေအထက်ကနေ လုပ်ချင်သလိုလုပ်နေကြတာ၊ မင်းမဲ့စရိုက်ဆန်ဆန် သောင်းကျန်းနေပြီး ပြည်သူလူထုအပေါ်မှာ ရမ်းကားစော်ကားနေကြတာ ကြံ့ ဖွတ်တွေဆိုတာ ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်စေချင်ပါတယ်။
၂။ ခေတ်မှီဖွံ့ ဖြိုးတိုးတက်ဖို့ ကြံ့ ဖွတ်က ဆောင်ရွက်ပေးမယ်ဆိုတော့ - မြန်မာပြည်တစ်လွှမ်းမှာ ရေမီး မစုံတာတွေ ပြတ်တောက်နေတာတွေ၊ ဒီနေ့ လမ်းပြင် နောက်နေ့  လမ်းပြိုတာတွေ၊ ပြည်သူ့ ဆေးရုံတွေမှာ ဆေးဝါး ပစ္စည်းကိရိယာ မရှိတာတွေ၊ ပညာရေးမှာ မြန်မာပြည်က ပညာရေးစနစ်နိမ့်ကျလွန်းလို့  နိုင်ငံတကာမှာ အသိအမှတ်မပြုခံရတာတွေ ကျေးလက်ဒေသတွေမှာ စာသင်ကျောင်းဆိုလို့  ဝေလာဝေး ဖြစ်နေတာတွေ၊ စီးပွားရေးမှာ မြန်မာငွေကြေး ကျပ်ငွေဆိုတာ စက္ကူစုတ်လောက်တောင် တန်ဖိုးမရှိနေတာတွေကို ဖြစ်အောင် ဘယ်သူတွေလုပ်နေတာလည်းဆိုတာ ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ကြည့်စေချင်ပါတယ်။
၃။ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို့ ကြံ့ ဖွတ်က ဆောင်ရွက်ပေးမယ်ဆိုတော့ - အမျိုးစောင့်ရှောက်ဖို့  နေနေသာ တိုင်းပြည်နဲ့  လူမျိုး ဂုဏ်သိက္ခာကျအောင် ယဉ်ကျေးမှု စာရိတ္တတွေ ပျက်ဆီးနေကြတာ၊ သစ္စာ သီလ သမာဓိဆိုတဲ့ ဂုဏ်ကြန်အင်တွေ လိုက်နာဖို့  ဝေလာဝေး မူးယစ်ရမ်းကား သောင်းကျန်းနေကြသူတွေဟာ ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ကြည့်စေချင်ပါတယ်။ ဘာသာသာသနာကို စောင့်ရှောက်ပေးမယ်ဆိုတော့ - ရဟန်းသံဃာတော်တွေကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲ သင်္ကန်းအဓမ္မစွဲချွတ် ထောင်သွင်းအကျဉ်းချနေတာတွေထက် ပိုဆိုးပြီး ကိုယ်ထိလက်ရောက် ရိုက်ပုတ်စော်ကား သတ်ဖြတ်နေကြတာတွေ ဘုရားစေတီပုထိုးရင်ပြင်တော်ပေါ်မှာ လူသတ်လက်နက်တွေ တကိုင်ကိုင်နဲ့ မထေမဲ့မြင် မရိုသေမလေးစားနေကြတာတွေ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ သံဃာတော်ရှင်မြတ်တွေကို စော်ကားခဲ့ကြတာတွေဟာ ဘယ်သူတွေလည်းဆိုတာ ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ကြည့်စေချင်ပါတယ်။ ဘာသာပေါင်းစုံ ဗုဒ္ဒဘာသာမရွေး ခရစ်ယာန်ဘာသာမရွေး အစ္စလမ်ဘာသာမရွေး ဘာသာတိုင်းကို စော်ကားဖျက်ဆီးပစ်နေကြတာ ဘယ်သူတွေလည်းဆိုတာ ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ကြည့်စေချင်ပါတယ်။
၎။ တိုင်းတစ်ပါးလက်ကိုင်တုတ် မဖြစ်ဖို့ ကြံ့ ဖွတ်က ဆောင်ရွက်ပေးမယ်ဆိုတော့ - တရုတ်အားကိုး ခွေးမျိုး ရုရှအားကိုး လက်ကိုင်ရိုး မြောက်ကိုရီးယား အားကိုး သူခိုးတွေဟာ ဘယ်သူတွေလည်းဆိုတာ ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ကြည့်စေချင်ပါတယ်။ နအဖအာဏာရူးကြီးတွေရဲ့  လက်ကိုင်တုတ်ကြီးကြီးဖြစ်နေတဲ့ ပြည်သူသတ် ပုဆိန်ရိုးတွေဟာ ဘယ်သူတွေလည်းဆိုတာ ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ကြည့်စေချင်ပါတယ်။
၅။ အရေးသုံးပါး ဦးထိပ်ထားဖို့ ကြံ့ ဖွတ်က ဆောင်ရွက်ပေးမယ်ဆိုတော့ - နောက်ဆုံးကြတော့ နအဖတို့ ရဲ့  အလုံးတွေဟာ ရှေ့ က အချက်လေးချက်မှာ ဘယ်လောက်ညာညာ နောက်ဆုံးအချက်မှာ ရှေ့ ကဖုံးနောက်ကပေါ် အရှက်မရှိတဲ့ ငပြောင်ကြီး သိန်းစိန်ဦးဆောင်ပြတဲ့ ကြံ့ ဖွတ်တို့ ရဲ့  ပါးစပ်ထဲမှာ တစ်လုံးတစ်ခဲကြီး တစ်တစ်ခွခွကြီး ၀င်နေတယ်ဆိုတာ ပေါ်လွင်တာပါဘဲ။ ဘာတဲ့ အရေးသုံးပါး ဦးထိပ်ထားပေးမယ်တဲ့လား - သန်းရွှေ မောင်အေး နအဖဗိုလ်ချူပ်ကြီးများမိသားစုအရေး ကြံ့ ဖွတ်အရေး၊ အာဏာရူးအစိုးရပေါ်ပေါက်ရေး ကြံ့ ဖွတ်အရေး၊ ရမ်းကားမိုက်ရိုင်း ခိုးယူလုယက် လူသတ်ဖို့ အရေး ကြံ့ ဖွတ်အရေးဆိုတဲ့ အရေးသုံးပါးကို ဦးထိပ်ထားပါမယ်ဆိုပြီး အဆုံးသတ်ပြောဆိုကာ ပြည်သူလူထုကို ဆိုးကျိုးပေးမယ့် ကြံ့ ဖွတ်တို့ ရဲ့  ကတိပြုချက် ငါးချက်ပါတဲ့ဗျာ။ ဆိုးလှပါလေစွ …
နစ်နေမန်း။
No comments:
Post a Comment