နာမည်မသေချင်ရင် နာမည်မသေအောင် အပြောနဲ့  အလုပ်ညီအောင် သက်သေပြကြပါစို့ ။ ပြည်သူ ချစ်တဲ့ အနုပညာရှင်များ ပြည်သူက ပေးမယ့် နာမည်ကောင်း ကျန်ကြစေဖို့ ။
ယခုလ အောက်တိုဘာလထုတ် First Music News Journal မှာ ရုပ်ရှင်သရုပ်ဆောင် မင်းသား ခန့် စည်သူ ပြောကြားတဲ့ စကားကို ပြန်လည်ဖေါ်ပြလိုက်ရပါတယ်။
ရုပ်ရှင်သရုပ်ဆောင် မင်းသား ခန့် စည်သူ အပါအ၀င် မြန်မာအနုပညာရှင်များ ပြည်သူချစ်တဲ့ ပြည်သူ့ အနုပညာရှင်အဖြစ် နာမည်ကောင်း ကျန်ကြစေဖို့  …
အနုပညာ၊ အနုပညာရှင်နဲ့  ပြည်သူဆိုတာ သဟဇာတ ဖြစ်နေဖို့  လိုပါတယ်။
ရဟန်းသံဃာ ပြည်သူပြည်သားတွေကို ဖိနှိပ်ဗိုလ်ကျ ညဉ်းပမ်းသတ်ဖြတ်နေတဲ့ နအဖအာဏာရူးတွေအတွက် လိုလိုလားလားလိုက်ပါဆောင်ရွက်ပေးလို့  ရရှိလာမယ့် ပြည်သူက မနှစ်မြို့ ခြင်းခံရမယ့် နာမည်ဆိုးတော့ မကျန်ပါစေနဲ့ လို့ ။
တည်ငြိမ်အေးချမ်းတဲ့ ရေမျက်နှာပြင်အလှကို ပျက်ဆီးစေတဲ့ ခဏတာ ပွက်လိုက်တဲ့ ရေပွက်ဂယက်လှိုင်းကို အဟုတ်မှတ်ပြီး သာယာမက်မောမိရင်တော့ - သန့် ရှင်းတန်ဖိုးရှိတဲ့ အနုပညာကို လှိုင်းထပျက်စီးစေတဲ့ ခဲပေါက်ဖျက်ဆီးသူ အာဏာရူးတွေကြောင့် ပြည်သူက သတ်မှတ်ပေးလိုက်မယ့် နာမည်ဆိုးကို ရင်မှာ မပိုက်သွားရစေဖို့  - အနုပညာရှင်တိုင်း ပြည်သူ့ အကျိုးကို မှန်မှန်ကန်ကန် ဆောင်ရွက်ကြရင်း ပြည်သူက ချစ်သော အနုပညာရှင်များ ဖြစ်ကြပါစေသား။
ပြည်သူချစ်တဲ့ ပြည်သူ့ အနုပညာရှင်အဖြစ် နာမည်ကောင်း ကျန်ပါစေ။
No comments:
Post a Comment