Sunday, October 31, 2010

သြစတြေလျနိုင်ငံအစိုးရမှ နအဖတို့ ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သဘောထား ထုတ်ပြန်ကြေညာ။

နအဖမှ ကျင်းပပြုလုပ်မည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေးပါတီတွေအပေါ် တင်းကြပ်သောတားမြစ်ပိတ်ပင်တွေရှိနေခြင်း၊ ရွေးကောက်ပွဲဥပဒေပါအချက်အလက်များဟာ တရားမျှတမှု မရှိခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်အပေါ် နိုင်ငံတကာ သတင်းဌာနများနှင့် လေ့လာစောင့်ကြည့်မည်သူများအား ပိတ်ပင်တားဆီးခြင်း၊ နိုင်ငံရေးပါတီ (၁၁) ခုအား ပယ်ဖျက်လိုက်ခြင်း၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မှုများ ပြုလုပ်ရာတွင် ငြင်းပယ်မှု ပြုလုပ်ခြင်း၊ နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာစည်းရုံးလှုပ်ရှားမှုများနှင့် ရရှိသင့်သော စည်းရုံးရေးအထောက်အပံ့များအား တားမြစ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်အား ဆက်လက်ထိန်းသိမ်းချူပ်နှောင်ထားခြင်း အစရှိသည့် နအဖ၏ လုပ်ဆောင်ချက်များကြောင့် သြစတြေလျနိုင်ငံအနေဖြင့် ကန့် သတ်ပိတ်ဆို့ ထားခြင်း၊ သြစတြေလျနိုင်ငံသို့  လာရောက်ခွင့်မပြု ဗီဇာပိတ်ပင်တားမြစ်ထားခြင်း စစ်လက်နက်ပစ္စည်းများတင်ပို့ ခြင်းအား ပိတ်ပင်ထားခြင်းတို့ အား ဆက်လက်၍ ဆောင်ရွက်ထားမည်ဖြစ်ကြောင်း သြစတြေလျနိုင်ငံအစိုးရ၏ သဘောထားများအား ယနေ့ နေ့ စွဲဖြင့် သြစတြေလျနိုင်ငံခြားရေးဝန်ကြီးမှ ထုတ်ပြန်ကြေညာပါသည်။

အထက်ဖေါ်ပြပါအတိုင်း နအဖသည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ မမှန်ကန်သည့် လုပ်ဆောင်ချက်များကြောင့် ဒီမိုကရေစီအရေး မြတ်နိုးသူ မြန်မာပြည်သူအများမှ ရွေးကောက်ပွဲအား လက်မခံ ဆန့် ကျင်ကြသည့် သဘောဆန္ဒများအား လေးစားမိရသည်နှင့်အတူ သြစတြေလျနိုင်ငံအနေနှင့်လည်း ထပ်တူသောသဘောထား ရှိပါကြောင်း ကြေညာထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။

Statement on Burma Elections

No comments: