Thursday, October 28, 2010

မုန်တိုင်း ဂီရီ တိုက်ခတ်မှုဒဏ် ခံခဲ့ရသော နေရာဒေသများမှ ပြည်သူများအတွက် ကူညီလှူဒါန်းသော ပစ္စည်းများစာရင်း။

မုန်တိုင်း ဂီရီ တိုက်ခတ်မှုဒဏ် ခံခဲ့ရသော နေရာဒေသများမှ ပြည်သူများအတွက် ကူညီလှူဒါန်းသော ပစ္စည်းများစာရင်းကို မုန်တိုင်းဒဏ်သင့် ပြည်သူများထံ ရောက်မရောက် သိရှိရန် ဖေါ်ပြအပ်ပါသည်။

မုန်တိုင်း ဂီရီ တိုက်ခတ်မှုဒဏ် ခံခဲ့ရသော နေရာဒေသများမှ ပြည်သူများခင်ဗျာ - ကမ္ဘာကုလသမဂ္ဂအဖွဲ့ အစည်းကြီးနဲ့  အခြားသော အဖွဲ့ အစည်းများမှ သဘာဝဘေးအန္တရာယ်ကျရောက်မှုအတွက် လူသားချင်းစာနာသောအားဖြင့် ထောက်ပံ့ကူညီတဲ့အနေနဲ့  မြန်မာနိုင်ငံရှိ မုန်တိုင်းဂီရိတိုက်ခတ်မှုဒဏ်ခံခဲ့ရသောနေရာဒေသများမှ ပြည်သူများထံ ဆန်အိတ်များ စားနပ်ရိက္ခာများနဲ့  ပစ္စည်းများအား အောက်ဖေါ်ပြပါစာရင်းအတိုင်း ပထမအသုတ်အနေဖြင့် ပေးပို့ လှူဒါန်းမည်ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

Donations to the Areas Which Affected by Cyclone Giri October 2010 _List - 1

ပေးပို့ လှူဒါန်းမည့် စားနပ်ရိက္ခာများနဲ့  ပစ္စည်းများမှာ တာပေါ်လင်အစများ၊ ယာယီတဲများ၊ ဆပ်ပြာများ၊ အရေးပေါ်အားအင်ဖြည့် ဘီစကစ်များ၊ ဆန် ဆီ ဆားများ၊ အ၀တ်အစားများ၊ အိုးခွက်ပန်းကန်များ၊ ခြင်ထောင် စောင်များ၊ ရှေးဦးသူနာပြုပစ္စည်းများ ပါဝင်ပါတယ်။ ပေးပို့ မည့်နေရာဒေသများကတော့ မောင်းတော၊ ဘူသီးတောင်၊ ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ၊ ဘိုကလေးနေရာဒေသများ ဖြစ်ပါတယ်။ သို့ သော်လည်း စာရင်းအရ လှူဒါန်းပေးပို့ တဲ့ ပစ္စည်းအများစုဟာ ရန်ကုန်မှနေတစ်ဆင့် အဆိုပါဒေသများသို့  ဆက်လက်ပေးပို့ မယ့် အနေအထားဖြစ်ပါတယ်။

ထိုကဲ့သို့ သော ကမ္ဘာကုလသမဂ္ဂအဖွဲ့ အစည်းကြီးနဲ့  အခြားသော အဖွဲ့ အစည်းများမှ ပေးပို့ လှူဒါန်းသောပစ္စည်းစာရင်းများအား မန်ုတိုင်းဒဏ်သင့် ပြည်သူများ လက်ခံရရှိ မရရှိကို သိရှိကြရန် အထူးလိုအပ်ပါတယ်။ သို့ မဟုတ်ပါက နာဂစ်မုန်တိုင်းဘေးဒဏ်အတွက် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ လှူဒါန်းသော ငွေကြေးများ စားနပ်ရိက္ခာများနဲ့ ပစ္စည်းများအား နအဖနဲ့  လက်ပါးစေများ အလွဲသုံးစား လုပ်ကြခဲ့တာကြောင့် ယခုကဲ့သို့  လှူဒါန်းမှုများအား ဒုက္ခရောက်ရှိသူ ပြည်သူများထံ အမှန်တကယ် ရောက်ရှိ မရှိ ၀ိုင်းဝန်းကူညီစုံစမ်းပေးကြပါရန်နှင့် ကြားထဲမှ ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်မှုများ တွေ့ ရှိပါက သက်သေအထောက်အထားများဖြင့် ဖေါ်ထုတ်တိုင်ကြားပေးစေလိုပါတယ်။

No comments: