Monday, October 11, 2010

demofool@gmail.com မေးလ်မှ ရရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံအား အသုံးချကာ ပြည်သူလူထု ဆန္ဒဆုံးဖြတ်ချက်အား စော်ကားနေသည့် လုပ်ကြံဖန်တီးမှုများ။

အောက်ဖေါ်ပြပါပုံတွေကတော့ မေးလ်ထဲကနေ လိုက်ဖြန့် နေသည့် demofool@gmail.com အမည်ခံ နအဖလက်ပါးစေတစ်ဦး (သို့ ) တစ်ဖွဲ့ ၏ လုပ်ကြံဖန်တီးထားသော ပုံများ ဖြစ်ပါတယ်။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောသယောင်ယောင်နှင့် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံအား နောက်ခံထား၍ မဲပေးရန်ဆွဲဆောင်ရုံမက မဲပေးရန်ဆန္ဒမရှိကြသူများ၏ လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ်ချက်များအားလည်း စော်ကားပြောဆိုရေးသားထားခြင်းအား တွေ့ ရှိရပါသည်။



































ထို့ အပြင် နအဖအာဏာရူးဗိုလ်ချူပ်ကြီးများ ယူနီဖောင်းချွတ်ကာ ကြံ့ ဖွတ်အရေခြုံ၍ နအဖနိုင်ငံရေးပါတီအဖြစ် နားလှည့်ပါးရိုက်နေသော ကြံ့ ဖွတ်ပါတီတံဆိပ်များသာမက အခြားသော ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၏ တံဆိပ်များကိုပါ ထည့်သွင်းထားခြင်းအား တွေ့ ရှိရပါသည်။ ထိုသို့  နိုင်ငံရေးပါတီတံဆိပ်များအား ထည့်သွင်းထားခြင်းနှင့် ပတ်သက်၍ အဆိုပါ နိုင်ငံရေးပါတီများမှ သဘောတူခွင့်ပြုထားခြင်း ဟုတ် မဟုတ်ကို သက်ဆိုင်သော နိုင်ငံရေးပါတီများမှ ပြန်လည်ဖြေရှင်းချက် ထုတ်ရန် လိုအပ်ပေသည်။



































ဤကဲ့သို့ သော လုပ်ကြံဖန်တီးမှုများအား ပြည်သူလူထုအနေဖြင့် အထူးသတိထားရန် လိုအပ်ပါသောကြောင့် မေးလ်မှ ရရှိလာသော အဆိုပါ ပုံများအား သတိပေးဖေါ်ပြလိုက်ရပါသည်။

ပြည်သူလူထုအနေဖြင့် ထိုကဲ့သို့  ပုံမှားရိုက် အယောင်ဆောင်ကာ လှည့်ဖြားနေကြသော နအဖတို့ ၏ ကလိမ်ကကျစ် လုပ်ကြံဖန်တီးမှုများအား ယခုလို နအဖမှ မဲပေးရန် ယုတ်မာသော နည်းပေါင်းစုံဖြင့် လုပ်ဆောင်နေချိန်တွင် မျက်စိရှင်ရှင် နားရှင်ရှင်ဖြင့် အစစ်အတု ခွဲခြားကြရန် အထူးသတိထားကြရမည်ဖြစ်ကြောင်း ပြောကြားအသိပေးလိုက်ရပါသည်။

No comments: