ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်တွင်းနေ ပြည်သူများမှ ထုတ်ဖေါ်ပြောကြားချက်။
ပြည်ခိုင်ဖြိုးပါတီမှ ကျောထောက်နောက်ခံ ပြုခန့်အပ်ထားသော ရ.ယ.က ဥက္ကဌ ဦးဆောင်းတင်၏ ဘုရားငွေပါ မချန် ငွေကြေး အကျင့်ပျက်ချစားမှုအပေါ် ရပ်ကွက်နေပြည်သူများမှ ရွှံရှာမုန်းတီးမှုဖြစ်ပေါ်ခဲ့ရပြီး ပြည်ခိုင်ဖြိုးပါတီ (ကြံ့ ဖွတ်) ဘက်သို့ ပေးရမည့် ဆန္ဒမဲပြားအများစုမှာ ခမောက်ပါတီသို့ ရောက်ရှိသွားခဲ့ပါသည်။
ကျနော်၊ ကျမတို့နေထိုင်ရာ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်၏ ရ.ယ.က ဥက္ကဌမှာ ဦးဆောင်းတင် ဖြစ်ပါသည်။ ဦးဆောင်းတင်သည် ရ.ယ.က ဥက္ကဌ မဖြစ်မီကာလက ပြည်ခိုင်ဖြိုးအသင်းဝင် (ကြံ့ ဖွတ်) အမာခံတစ်ဦးဖြစ်ပြီး မြို့နယ်ပြည်ခိုင်ဖြိုး (ကြံ့ ဖွတ်) တာဝန်ခံ ဦးခင်ဝေ - (၁၀) တန်း မအောင်မြင်ဘဲ (၁၀) တန်း အောင်မြင်ပါသည်ဟု ဗဟိုရွှေးကောက်ပွဲကော်မရှင်နှင့် မဲဆန္ဒရှင်ပြည်သူများကို ပြောင်ပြောင်တင်းတင်းလိမ်လည်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးခံသူ) နှင့် ဆွေမျိုးရင်းချာ တော်စပ်သူဖြစ်ပါသည်။
ရ.ယ.က ဥက္ကဌရွေးချယ်ပွဲတွင် ပြည်ခိုင်ဖြိုးမြို့နယ်တာဝန်ခံ (ကြံ့ ဖွတ်) ဦးခင်ဝေနှင့် သက်ဆိုင်ရာ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့မှ ပုဂ္ဂိုလ်တို့နှင့် ပူးပေါင်းစီစဉ်ပြီး ဦးဆောင်းတင်ကို ရ.ယ.က ဥက္ကဌခန့်အပ်ထားခြင်း ဖြစ်သည်။
ဦးဆောင်းတင်သည် ရ.ယ.က ဥက္ကဌရာထူးကို ရရှိသည်နှင့် တစ်ပြိုင်နက် ဘုရားပို်င်ငွေ၊ နတ်ပိုင်ငွေများပါ မချန်၊ ရပ်ကွက်ပြည်သူများအပေါ် ငွေကြေးအကျင့်ပျက်ချစားမှုပေါင်းစုံကို ပြောင်ပြောင်တင်းတင်း ကျုးလွန်လာပါသည်။ ရပ်ကွက်နေ ပြည်သူများက အကြည်ညိုပျက်ကျပြီး မခံမရပ်နိုင်ဖြစ်သောကြောင့် မြို့နယ်အဆင့်နှင့် အထက်အဆင့်သို့ သက်သေခံ အထောက်အထားများ ပြည့်ပြည့်စုံစုံဖြင့် အကြိမ်ကြိမ်တိုင်ကြားခဲ့ပြီးသော်လည်း ခုံရုံးဖွဲ့စစ်ဆေးသည့် အဆင့်ထိသာ ဟန်ဆောင်ပြုလုပ်ပြသခဲ့ပြီး မြို့နယ်ပြည်ခိုင်ဖြိုး တာဝန်ခံ (ကြံ့ ဖွတ်) ဦးခင်ဝေနှင့် မြို့နယ်အာဏာပိုင်အဖွဲ့အစည်းမှ ပုဂ္ဂိုလ်တို့၏ အကာအကွယ်ပေးကူညီစောင်မမှုတို့ဖြင့် ယနေ့အထိတိုင်အောင် အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်း သုခများ ခံစားနေရပါသည်။
ရ.ယ.က ဥက္ကဌဦးဆောင်းတင်၏ လုပ်ပိုင်ခွင့်အာဏာအတွက် လူသတ်လိုင်စင်နှင့် မုဒိန်းကျင့်ခွင့်လိုင်စင်များကိုပါ အထက်အာဏာပိုင် အဆင့်ဆင့်က ချမှတ်ပေးလေမလားဟု ရပ်ကွက်ပြည်သူများက စိုးရိမ်မကင်း ဖြစ်နေရပါသည်။
ထိုကဲ့သို့သော အခြေအနေ အရပ်ရပ်တို့ကြောင့် ကျနော်၊ကျမတို့ ကြီးပွားရေးရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူများသည် ပြည်ခိုင်ဖြိုးပါတီ (ကြံ့ ဖွတ်ပါတီ) အပေါ် အယုံအကြည်ကင်းမဲ့ခဲ့ကြပြီး “ခမောက်“ပါတီဘက်သို့သာ အင်တိုက် အားတိုက် မဲပေးခဲ့ရခြင်းဖြစ်ကြောင်း အသိပေး ထုတ်ဖေါ်ပြောကြားအပ်ပါသည်။
ရပ်ကွက်ပြည်သူများ။
ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်။
No comments:
Post a Comment