နအဖဟာ ကျောင်းသူကျောင်းသားတွေရဲ့  ပညာရေးထက် ပိုအလေးထားနေတဲ့ ရွေးကောက်ပွဲ။

မနက်ဖြန် ၀န်ကြီးလာမှာမို့  ဆရာဆရာမတွေရော ကျောင်းသူကျောင်းသားတွေရော ကြိုဆိုရေး လုပ်ကြရမယ်၊ သန့် ရှင်းရေးတွေ လုပ်ကြရမယ်။ ဒီလိုနဲ့  စာသင်ကြားမှု မရှိဘဲ ကျောင်းသန့် ရှင်းရေးလုပ်နေရတာနဲ့  ၀န်ကြီးကို ကြိုဆိုဖို့  လုပ်ရတာနဲ့  ကျောင်းသူကျောင်းသားတွေရဲ့  စာသင်ကြားမှုရက်တွေ ပျက်ရပြန်ပြီ။
မနက်ဖြန် လုပ်အားပေးပွဲ ရှိတယ်၊ ဆရာဆရာမတွေရော ကျောင်းသူကျောင်းသားတွေရော လုပ်အားသွားပေးကြရမယ်ဟေ့။ ဒီလိုနဲ့  စာသင်ကြားမှု မရှိဘဲ ကျောင်းသူကျောင်းသားတွေရဲ့  စာသင်ကြားမှုရက်တွေ ပျက်ရပြန်ပြီ။
မနက်ဖြန် တိုင်းမှူး ဒို့ မြို့ ကို လာလိမ့်မယ်။ ဆရာဆရာမတွေရော ကျောင်းသူကျောင်းသားတွေရော ကြိုဆိုပွဲ လုပ်ကြရမယ်ဟေ့။ ဒီလိုနဲ့  စာသင်ကြားမှု မရှိဘဲ ကျောင်းသူကျောင်းသားတွေရဲ့  စာသင်ကြားမှုရက်တွေ ပျက်ရပြန်ပြီ။
မနက်ဖြန် ၂၀၀၈ အခြေခံဥပဒေအတွက် မဲဆန္ဒပေးပွဲ ရှိတယ်ဟေ့။ ဆရာဆရာမတွေရော ကျောင်းသူကျောင်းသားတွေရော လုပ်ကြရမယ်ဟေ့။ ဒီလိုနဲ့  စာသင်ကြားမှု မရှိဘဲ ကျောင်းသူကျောင်းသားတွေရဲ့  စာသင်ကြားမှုရက်တွေ ပျက်ရပြန်ပြီ။
ဒီနေ့  ကြံ့ ဖွတ်အသင်းအတွက် ခေါ်ထားတာ ရှိတယ်ဟေ့။ ဆရာဆရာမတွေရော ကျောင်းသူကျောင်းသားတွေရော လာဖို့  ညွှန်ကြားထားတယ် မလာမနေရတဲ့။ ဒီလိုနဲ့  စာသင်ကြားမှု မရှိဘဲ ကျောင်းသူကျောင်းသားတွေရဲ့  စာသင်ကြားမှုရက်တွေ ပျက်ရပြန်ပြီ။
ဒီလို ဒီလို ကိစ္စတွေနဲ့  စာသင်ရက်တွေကို တန်ဖိုးမဲ့စွာ ဖျက်ဆီးပစ်နေတဲ့ နအဖတို့ ရဲ့  နအဖတို့ အတွက် အဓိကသာထားနေရတဲ့ အခြေအနေတွေကြောင့် ပညာရေးဆိုတာ တန်ဖိုးမထားတဲ့သူတွေအတွက် နစ်နာဆုံးရှုံးမှု ဘယ်လောက်ကြီးတယ်ဆိုတာ သိကြမှာ မဟုတ်ပါဖူး။
ယခုလည်း နအဖတွေ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကျောင်းတွေကို မဲရုံလုပ်၊ ကျောင်းတွေကို သီတင်းကျွတ်အကြောင်းပြပြီး ကျောင်းတွေ ပိတ်နဲ့  ရွေးကောက်ပွဲအချိန်အတွင်း ကျောင်းမတက်ရပြန်၊ ဆရာဆရာမတွေကို ရွေးကောက်ပွဲအတွက် လုပ်အားပေးစေခိုင်းနဲ့  မြန်မာပြည်သူပြည်သားတွေရဲ့  ရင်သွေးငယ်တွေ ကျောင်းတက်ချိန်မှန် စာသင်ချိန်မှန်ပြီး ပညာရေးတိုးတက်ထွန်းကားရေးထက် နအဖတို့ ရဲ့  ရွေးကောက်ပွဲ ဖြစ်မြောက်ရေးက ပိုအရေးကြီးပါတယ်ဆိုတဲ့ နအဖတို့ ရဲ့  အာဏာရုးပွဲက အရာရာကို နင်းခြေဖျက်ဆီးနေပါတော့တယ်။
No comments:
Post a Comment