နအေ သန်းရွှေတို့  ဥပဒေတွေကို ချိုးဖောက်နေတယ်။
နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲပေးမှုတွေနဲ့  ပတ်သက်ပြီး မမှန်ကန်မှုတွေကို တိုင်ကြားနိုင်ပါတယ်ဆိုပြီး နအဖလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီတွေကို တိုင်ကြားနိုင်ပါတယ်ဆိုပြီး စာပို့ ပါသတဲ့။
နအဖ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပါတီတွေကို အကြောင်းကြားစာဟာ အချက်အလက်မှန်ကို တမင်သက်သက် ထိန်ချန် ဖုံးကွယ်ထားတဲ့၊ ရိုးသားဖြောင့်မတ်မှု မရှိတဲ့စာ ဖြစ်ပါတယ်။ သူတို့ ဥပဒေအရ ရွေးကောက်ပွဲ မသမာမှု မှာ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများနှင့်  ပြစ်ဒဏ်များ (အခန်း ၁၃) နဲ့  တရားမဲ့ ပြုကျင့်မှုများ (အခန်း ၁၄) ဆိုပြီး ရှိတဲ့ အနက်၊ ရဲအရေးယူပိုင်ခွ င့် ရှိတဲ့၊ ရွေးကောက်ပွဲနေ့ ကနေ ၁၅ ရက်အတွင်း ရဲစခန်းကို တိုင်ရမဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများကို တိုင်ကြားနိုင်တယ် ဆိုတာကို ချန်ထားခဲ့ပါတယ်။
တမင်ငွေ ၁၀ သိန်းနဲ့ ခြောက်ပြီး လမ်းလွဲအောင် လုပ်တယ်လို့  ယူဆစရာဖြစ်ပါတယ်။ တကယ်တော့ အခန်း (၁၃) ပုဒ်မ ၅၇ ကနေ ပုဒ်မ ၆၃ အထိ ပြဌာန်းထားတဲ့ ပြစ်မှုတွေဟာ အခု ပါတီတွေ ကိုယ်စားလှယ်လောင်းတွေ ပြောနေတဲ့ ကိစ္စ အများစု အကြုံးဝင်ပါတယ်။ သက်သေ
(သို့ ) အထောက်အထားရှိရင် ရဲကိုတိုင်ရမှာ ဖြစ်ပါတယ်။ အမှုဖွင့်တာကို လက်ခံပြီး ခိုင်လုံ မခိုင်လုံ စုံစမ်း၊ အမှုကို တည်ဆောက်ပြီး တရားရုံး တင်ရမှာက ရဲ ရဲ့ အလုပ်ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အကြမ်းဖက်တာ၊ လိမ်တာ၊ ခြိမ်းခြောက်တာ၊ မလျော်သြဇာသုံးတာ (မင်းတို့ ဝန်ထမ်းတွေ ကြံ့ ဖွတ်ကိုဘဲ ထဲ့ရမယ် လို့ အထက်ပြောတယ် ဆိုတာမျိုးပေါ့ ) မဲ အပိုတွေလုပ်ထားတာ၊ ဗလီဆောက်ခွင့် ပေးပြီး ပါတီဝင် မဲထဲ့ခိုင်းတာ၊ စာရင်းတွေပြင်ရေးတာ၊ ငွေပေးပြီး မတရားလုပ်ခိုင်းတာ၊ ဘေးကနေ ခြင်္သေ့ကို အမှန်ခြစ်ခိုင်းတာ၊ ကိုယ်စားမဲပေးတာ စသည်ဖြင့် အားလုံးဟာ ရဲမှုတွေ ချည်းပါဘဲ။
တခြားကိစ္စတွေမှာ ကျူးလွန်တဲ့ အလားတူပြစ်မှုတွေနဲ့ အတူတူပါဘဲ။ ဒါကို ၁၅ ရက်ကန့် သတ်ထားတာကိုက ဥပဒေနဲ့ မညီပါ။ ရှေ့ နေတွေ ဥပဒေနားလည်တဲ့ သူတွေနဲ့ တိုင်ပင်ပြီး အမြန်ဆုံး ရဲစခန်းမှာ အမှုဖွင့်သင့်ပါတယ်။ သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၇၊ ၆၈ နဲ့  နည်းဥပဒေ ၈၇ တို့ ဟာ အရွေးခံရတဲ့ သူဟာ တရားမဲ့ပြုကျင့်မှုတွေကြောင့် အရွေးခံရတာ ဖြစ်တယ်၊ ဒါကြောင့် အဲဒီ မဲဆန္ဒနယ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး ဆိုတာကို ကန့် ကွက်ဘို့ ပါ။ ရွေးကောက်ပွဲ ဥပဒေ အခန်း (၁၄) မှာ ပြဌာန်းထားတဲ့ တရားမဲ့ပြုကျင့် မှုများဆိုတာနဲ့ ဘဲဆိုင်ပါတယ်။ အဲဒါတွေအတွက် ကန့် ကွက်မှသာ ငွေ ၁၀ သိန်းသွင်းရမှာ ဖြစ်ပါတယ်။ နောက်ပြီး အကြောင်းကြားစာမှာ ခြိမ်းခြောက်ထားတဲ့ ပုဒ်မ ၆၄ ဆိုတာကလဲ လိမ်လည်စွပ်စွဲ တိုင်တန်းမှသာ ငြိစွန်းမှာ ဖြစ်ပါတယ်။ ဒိတော့ ရွေးကောက်ပွဲ ဥပဒေ ကိုယ်၌က တရားဥပဒေနဲ့ မညီညွတ်တဲ့ အပြင် ဒီအကြောင်းကြားစာသည်ပင်လျှင် ဥပဒေကို ချိုးဖောက်ထားတယ်လို့  မြင်မိကြောင်းပါ ခင်ဗျား။
အဲဒီ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပါတီတွေကို အကြောင်းကြားစာဟာ အချက်အလက်မှန်ကို တမင်သက်သက် ထိန်ချန် ဖုံးကွယ်ထားတဲ့၊ ရိုးသားဖြောင့်မတ်မှု မရှိတဲ့စာ ဖြစ်ပါတယ်။
သူတို့ ဥပဒေအရ ရွေးကောက်ပွဲ မသမာမှု မှာ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများနှင့်  ပြစ်ဒဏ်များ (အခန်း ၁၃) နဲ့  တရားမဲ့ ပြုကျင့်မှုများ (အခန်း ၁၄) ဆိုပြီး ရှိတဲ့ အနက်၊ ရဲအရေးယူပိုင်ခွ င့် ရှိတဲ့၊ ရွေးကောက်ပွဲနေ့ ကနေ ၁၅ ရက်အတွင်း ရဲစခန်းကို တိုင်ရမဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုများကို တိုင်ကြားနိုင်တယ် ဆိုတာကို ချန်ထားခဲ့ပါတယ်။
တမင်ငွေ ၁၀ သိန်းနဲ့ ခြောက်ပြီး လမ်းလွဲအောင် လုပ်တယ်လို့  ယူဆစရာဖြစ်ပါတယ်။ တကယ်တော့ အခန်း (၁၃) ပုဒ်မ ၅၇ ကနေ ပုဒ်မ ၆၃ အထိ ပြဌာန်းထားတဲ့ ပြစ်မှုတွေဟာ အခု ပါတီတွေ ကိုယ်စားလှယ်လောင်းတွေ ပြောနေတဲ့ ကိစ္စ အများစု အကြုံးဝင်ပါတယ်။ သက်သေ
(သို့ ) အထောက်အထားရှိ၇င် ရဲကိုတိုင်ရမှာ ဖြစ်ပါတယ်။ အမှုဖွင့်တာကို လက်ခံပြီး ခိုင်လုံ မခိုင်လုံစုံစမ်း၊ အမှုကိုတည်ဆောက် ပြီး တရားရုံး တင်ရမှာက ရဲ ရဲ့ အလုပ်ဖြစ်ပါတယ် ။ ရွေးကောက်ပွဲမှာ အကြမ်းဖက်တာ၊ လိမ်တာ၊ ခြိမ်းခြောက်တာ၊ မလျော်သြဇာသုံးတာ (မင်းတို့ ဝန်ထမ်းတွေ ကြံ့ ဖွတ်ကိုဘဲ ထဲ့ရမယ် လို့ အထက်ကပြောတယ် ဆိုတာမျိုးပေါ့ ) မဲ အပိုတွေလုပ်ထားတာ၊ ဗလီဆောက်ခွင့် ပေးပြီး ပါတီဝင် မဲထဲ့ခိုင်းတာ၊ စာရင်းတွေပြင်ရေးတာ၊ ငွေပေးပြီး မတရားလုပ်ခိုင်းတာ၊ ဘေးကနေ ခြသေ့င်္ကို အမှန်ခြစ်ခိုင်းတာ၊ ကိုယ်စားမဲပေးတာ စသည်ဖြင့် အားလုံးဟာ ရဲမှုတွေ ချည်းပါဘဲ။
တခြားကိစ္စတွေမှာ ကျူးလွန်တဲ့ အလားတူပြစ်မှုတွေနဲ့ အတူတူပါဘဲ။ ဒါကို ၁၅ ရက်ကန့် သတ်ထားတာကိုက ဥပဒေနဲ့ မညီပါ။ ရှေ့ နေတွေ ဥပဒေနားလည်တဲ့ သူတွေနဲ့ တိုင်ပင်ပြီး အမြန်ဆုံး ရဲစခန်းမှာ အမှုဖွင့်သင့်ပါ တယ်။ သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၇၊ ၆၈ နဲ့  နည်းဥပဒေ ၈၇ တို့ ဟာ အရွေးခံရတဲ့ သူဟာ တရားမဲ့ပြုကျင့် မှု တွေကြောင့် အရွေးခံရတာ ဖြစ်တယ်၊ ဒါကြောင့် အဲဒီ မဲဆန္ဒနယ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး ဆိုတာကို ကန့် ကွက်ဘို့ ပါ။
ရွေးကောက်ပွဲ ဥပဒေ အခန်း (၁၄) မှာ ပြဌာန်းထားတဲ့ တရားမဲ့ပြုကျင့် မှုများ ဆိုတာနဲ့ ဘဲဆိုင်ပါတယ်။ အဲဒါတွေအတွက် ကန့် ကွက်မှသာ ငွေ ၁၀ သိန်းသွင်းရမြှာ ဖစ်ပါတယ်။ နောက်ပြီး အကြောင်းကြားစာမှာ ခြိမ်းခြောက်ထား တဲ့ ပုဒ်မ ၆၄ ဆိုတာကလဲ လိမ်လည်စွပ်စွဲ တိုင်တန်းမှသာ ငြိစွန်းမှာ ဖြစ်ပါတယ်။ ဒီတော့ ရွေးကောက်ပွဲ ဥပဒေ ကိုယ်၌က တရားဥပဒေနဲ့ မညီညွတ်တဲ့ အပြင် ဒီအကြောင်းကြားစာသည်ပင်လျှင် ဥပဒေကို ချိုးဖောက်ထားတယ်လို့  မြင်မိကြောင်းပါ ခင်ဗျား။
(ပေးပို့ လာသော ကိုအောင်ဇေယျသူအား ကျေးဇူးတင်ရှိပါသည်)။
No comments:
Post a Comment