လှူကြတာက နိုင်ငံတကာအစိုးရတွေ နိုင်ငံတကာပြည်သူ မြန်မာပြည်သူတွေ၊ ကြားထဲက သူတို့ လှူသလို ကူညီသလိုလိုနဲ့  လူကြားကောင်းအောင် ပြောနေတာက နအဖနဲ့  ကြံ့ ဖွတ်။
သြစတြေလျနိုင်ငံအစိုးရက ရခိုင်ပြည်နယ် မုန်တိုင်းဂီရိဘေးဒဏ်ခံရသူများအတွက် ဒေါ်လာ (၃) သန်း လှူဒါန်းကြောင်း သိရှိရပါတယ်။ အဆိုပါ ဒေါ်လာ (၃) သန်းထဲမှ ၂ သိန်းကို သြစတြေလျကြက်ခြေနီအဖွဲ့ ကနေ တစ်ဆင့် လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
ကျန်သော ဒေါ်လာငွေ (၂) သန်း (၈) သိန်းကို UN World Food Programme, Australian NGOs, CARE Australia, Save the Children Fund, Oxfam Australia နဲ့  Burnet Institute တို့ က တစ်ဆင့် လှူဒါန်းမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
မုန်တိုင်းဘေးဒဏ်သင့်ခံရသူ ပြည်သူများအတွက် နိုင်ငံတကာမှ လှူဒါန်းမှုများအား သိရှိရအောင် ဖေါ်ပြအပ်ပါတယ်။ အလှူရှင့်လက်ဘက်နဲ့ မျက်နှာလုပ်တတ်ကြတဲ့ သူတို့ ဘဲ လှူဒါန်းသလိုလိုနဲ့  ကြားထဲက နာမည်ဝင်ယူပြနေကြတဲ့ နအဖတွေ ကြံ့ ဖွတ်တွေ လုပ်ရပ်ကို အထူးရှုတ်ချပါတယ်။
No comments:
Post a Comment