နအဖတွေရဲ့  လုပ်ကြံဇာတ်လမ်းတွေကတော့ သြချလောက်ရဲ့ ၊ တရားခံ ရှာတဲ့နေရာမှာလည်း ထိုးစရာ လက်ညှိုးတောင် မလောက်ပါလား။
နအဖရဲတွေဟာ ရန်ကုန်မြို့ တော်ခန်းမနားက Internet Café အင်တာနက်ကဖေးဆိုင် ချိန်ကိုက်ဗုံးရှာတွေ့ ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဟိုလူ ဖမ်းရမလို ဒီလူဖမ်းရမလိုနဲ့  ဖြစ်နေပါတယ်။
ဒီလို ဗုံးပေါက်မှုတွေ ခဏခဏ ဖြစ်နေတယ်ဆိုတဲ့ထဲက သင်္ကြန်ပွဲတော်အတွင်း ကန်တော်ကြီး ဗုံးပေါက်ကွဲတုန်းကလည်း ဘာမှ မသိရှိသူ မသက်ဆိုင်သူတွေကို ဖမ်းဆီးခဲ့လို့  အစွပ်စွဲခံရပြီး ဖမ်းဆီးခံခဲ့ရတဲ့သူတွေရဲ့  မိသားစုတွေက ပြန်ပြီးလွတ်ပေးဖို့  တောင်းဆိုခဲ့တဲ့အခါမှာတော့ နအဖတွေ မဟုတ်မမှန်ဘဲ ဖမ်းဆီးမိတာကို သိသိသာသာကြီးဖြစ်နေတာတောင် နောက်ဆုံး ငွေကြေးတောင်းလို့  ပေးလိုက်ရပြီးမှ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို မဟုတ်မမှန် ဖမ်းဆီးမိတာကို မည်သူ့ ကိုမှ မပြောဆိုဖို့  ခြိမ်းခြောက်ခဲ့ပါသေးတယ်။
ဒီလိုမျိုး မဟုတ်မမှန် စွပ်စွဲပြီး ဖမ်းဆီး ပြီးတော့ ညဉ်းပမ်းနှိပ်စက် မေးမြန်းပြီး အတင်းအဓမ္မ၀န်ခံခိုင်း၊ နောက်ဆုံး ညဉ်းပမ်းနှိပ်စက်တဲ့ ဒဏ်မခံနိုင်တော့ လောလောဆယ်မှာတော့ တရားခံမဟုတ်ဘဲ တရားခံအတုဘ၀ကို ရောက်ရှိကြရသူတွေလည်း ရှိခဲ့ရပါတယ်။
သက်သေအထောက်အထား ခိုင်မာမှုမရှိဘဲ ဟိုလူ့ စွပ်စွဲ ဒီလူ့ စွပ်စွဲ၊ အဖွဲ့ အစည်းပေါင်းစုံကို စွပ်စွဲနဲ့  နောက်ဆုံး ရဲချူပ်ခင်ရီတို့  ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းတို့  သတင်းစာရှင်းလင်းပွဲလုပ်လို့  ရအောင်၊ အများပြည်သူကို လိမ်ညာလို့ ရအောင်၊ နအဖ သန်းရွှေရဲ့  ပြစ်တင်ကြိမ်းမောင်းခံရခြင်းကနေ သက်သာအောင် တွေ့ တဲ့သူကို တရားခံဆိုပြီး လက်ညှိုးထိုးပုံချ၊ ဓါတ်ပြားဟောင်းကြီး ထပ်ကာတစ်လဲလဲ ဖွင့်ပြသလို အဖွဲ့ အစည်းတွေကို အမည်တပ်နဲ့  နောက်ဆုံးကျတော့ တိုင်းပြည်နဲ့  လူမျိုးအပေါ် တကယ်တမ်း အကြမ်းဖက်နေသူတွေက ပြောင်းပြန်ပြောဆိုနေပါတော့တယ်။
၁၉၈၈ နောက်ပိုင်းနှစ်တုန်းလည်း ရန်ကုန်မြို့ တော်ခန်းမ ဗုံးဖောက်ခွဲသူဆိုပြီး ဓါတ်ပုံလေးတစ်ပုံ သတင်းထဲမှာ ဖေါ်ပြခဲ့ပါတယ်။ အဆိုပါဓါတ်ပုံပိုင်ရှင်က အဲ့ဒီအချိန်မှာ မြန်မာပြည်မှာတောင် မရှိခဲ့ပါဖူး။ သတင်းထဲပါလာလို့  အံ့သြတကြီးနဲ့  ပြောဆိုပြီး အာဏာရူးတွေရဲ့  လုပ်ကြံဖန်တီးမှုတွေကို မယုံနိုင်လောက်အောင်ပါလားလို့  သူက ပြောဆိုခဲ့ပါတယ်။
မကြာသေးခင်က နအတွေ ပြောဆိုခဲ့တဲ့ ရန်ကုန်မြို့ တော်ခန်းမနားက Internet Café အင်တာနက်ကဖေးဆိုင် ချိန်ကိုက်ဗုံးရှာတွေ့  ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့  ပတ်သက်ပြီး၊ အင်တာနက်ကဖေးဆိုင်တွေကို ခေါ်ယူတွေ့ ဆုံပြီး ဓါတ်ပုံတွေ လာပြပါတယ်။ မသင်္ကာတဲ့သူ နှစ်ယောက်ပုံဆိုပြီး နအဖရဲတွေက လာပြတဲ့ ဓါတ်ပုံတွေပါ။ ပြီးတော့ ပြောပါသေးတယ်၊ ဒီချိန်ကိုက်ဗုံးထောင်တဲ့သူက အင်တာနက်ဆိုင်ကို ဗုံးထောင်ပြီးတဲ့ရက် နောက်နေ့ ထပ်လာပါသေးတယ်တဲ့။
တွေ့ ရင် အကြောင်းကြားပါတဲ့ ရဲစခန်းဖုံးနံပါတ်တောင် ပေးထားခဲ့သေးတယ်။ တော်တော့ကို ယုတ္တိရှိတဲ့ ပြောဆိုချက်ပါဘဲလို့  လှောင်ပြောင်စရာပါဘဲ။ အင်တာနက်ဆိုင်ကို ရိုးရိုးသားသား လာရောက်သုံးစွဲနေသူတွေကို နအဖက တမင်သက်သက် ပြသနာရှာတာပါဘဲ။
အခုလည်း အင်တာနက်ကဖေးဆိုင် ချိန်ကိုက်ဗုံး ရှာဖွေတွေ့ ရှိမှုနဲ့  ပတ်သက်ပြီး ရန်ကုန်မြို့  UNDP (ကုလသမဂ္ဂ ဖွံ့ ဖြိုးမှုအစီအစဉ်) ရဲ့  မြန်မာဝန်ထမ်းတစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့  သိရှိရပါတယ်။ အင်တာနက်ဆိုင်ဝန်ထမ်းများအားလုံးက ဒီကိစ္စဟာ မဟုတ်မမှန်ပါဖူးဆိုတာ အချက်အလက်တွေနဲ့ ရှင်းပြပြောဆိုခဲ့တယ် ထို့ အပြင် UNDP ရဲ့  ကိုယ်စားလှယ်တာဝန်ရှိသူကလည်း နအဖရဲတွေကို မဟုတ်မမှန်ကြောင်း ရှင်းပြပြောဆိုခဲ့တယ်။ ဒီလို ၀ိုင်းဝန်းရှင်းပြနိုင်ခဲ့လို့ သာ စွပ်စွဲခံရတဲ့အခြေအနေကနေ ဘေးအန္တရာယ်ကင်းသွားရတယ်။
ဒီဖြစ်တဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ရင်တော့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာပြည်ရဲ့  သတင်းတွေကို ပြည်သူတွေက မိမိတို့  တတ်နိုင်တဲ့ဘက်ကနေ ဖေါ်ထုတ်တင်ပြနေတာတွေကို မလိုလားတဲ့ နအဖအာဏာရူးတွေဟာ အင်တာနက်ကဖေးဆိုင်တွေကိုလည်း ကန့် သတ်တားမြစ်မှုတွေ မျိုးစုံလုပ်၊ အင်တာနက်ကိုလည်း အလွယ်တကူ သုံးစွဲမရအောင် အင်တာနက်ဆက်သွယ်မှုဈေးတွေ မြှင့်တာကတစ်မျိုး၊ အမြန်နှုန်းတွေကို နှေးချ၊ အင်တာနက်စာမျက်နှာတွေကို ပိတ်ဆို့ ၊ အင်တာနက်ကွန်နက်ရှင်တွေကို ဖြတ်တောက် စသဖြင့် ယုတ်မာနေရုံမက အင်တာနက်ကဖေးဆိုင်တွေမှာ လာရောက်သုံးစွဲနေကြတဲ့ ပြည်သူတွေကို မသုံးစွဲရဲအောင် အခုလို ချိန်ကိုက်ဗုံးတွေ့ တယ် CCTV ကနေ ရတယ်ဆိုပြီး ဓါတ်ပုံတွေ ထုတ်ပြနဲ့  လုပ်ကြံဖန်တီးနေတာဘဲ ဖြစ်ပါတော့တယ်။
သန်းရွှေရဲ့  သမီး သန္တာရွေ မင်္ဂလာဆောင်အတွက် ငှားရမ်းခဲ့တဲ့ စိန်ရွှေရတနာတွေကို ကြိုင်ကြိုင်က ပြန်ပေးရမှာစိုးပြီး ပိုင်ရှင်တွေကို သတ်ဖြတ်ခဲ့တဲ့ ငါးလောင်းပြိုင်လူသတ်မှုကို မဖေါ်ထုတ်ရဲဘဲ အခုထိ ဖုံးကွယ်ထားတာကို နအဖရဲတွေ တကယ်တမ်း အရည်အချင်းရှိတယ် တရားဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားဖူးဆိုရင် အမြန်ဆုံး ဖေါ်ထုတ်ပြပါလား။
အင်တာနက်ကဖေးဆိုင်မှာ ချိန်ကိုက်ဗုံးတွေ့ တယ်ဆိုတဲ့ သတင်းနဲ့  ဟိုလူလိုလို ဒီလူလိုလို စွပ်စွဲလိုက် ဖမ်းဆီးမေးမြန်းလိုက်နဲ့  လုပ်နေတာထက် ပြည်သူလူထုက အများကြီး စိတ်ဝင်တစား သိချင်နေတဲ့ အဖြစ်အပျက်ပါဘဲ။
No comments:
Post a Comment