ဇာတ်တူသားချင်းလည်း စားတတ်တဲ့ သန်းရွှေတို့ လို အာဏာရူးတွေကြောင့် နေ့ မြင် ညပျောက်သွားရရှာတဲ့ ခင်ညွန့် ရဲ့  ဘ၀ကို လက်ရှိ အာဏာရူးနေသူတွေ သိဖို့ လိုတယ်။
ထောက်လှမ်းရေးမှူးချုပ်ဟောင်းခင်ညွန့် နဲ့ ဒေါ်ခင်ဝင်းရွှေတို့ လင်မယားကို ခင်ရီတို့ လို့  ထင်ရတဲ့ရဲတစ်စုက သူ့ရဲ့နေအိမ်ကနေ ခေါ်ထုတ်သွားပြီး စကားပြောနေတဲ့ ဗီဒီယိုတစ်ခုလက်ခံရရှိလို့ တင်လိုက်ပါတယ်။ ဘယ်အချိန်ကာလက ရိုက်ထားတာလဲတော့ မသိပါ။ အသံတော့ မပါဘူး။
ဦးခင်ညွန့်က တခေါင်းလုံး ဖြူနေပြီး သူတို့အိမ်က ထွက်လာတော့လဲ လွယ်အိတ်ကလေးတစ်လုံးနဲ့။ ကျန်ခဲ့တဲ့ အိမ်သားတွေ အကုန်လုံးကို နှုတ်ဆက်နေတာကိုလည်း တွေ့မြင်ရပါတယ်။ ဗီဒီယိုပါအရ သူ့အိမ်ကနေ အင်းစိန်ထောင်ထဲက ကန်သာယာဧည့်ရိပ်သာကို ပြောင်းလိုက်တဲ့နေ့လို့ ယူဆရပါတယ်။
သူ့လက်ချက်နဲ့ ဘဝပျက်သွားတဲ့ သူတွေထက်စာရင် သူ့အခြေအနေက အများကြီးသာပါတယ်။ တူဖြစ်တုန်းက စိတ်ရှိလက်ရှိ နှံပြီးပြီ ပေဖြစ်တဲ့အလှည့်မှာ ခံပေါ့။ သူပြုတဲ့ကံ သူပြန်ခံရတာဘဲ။
(ဒေါင်းမာန်ဟုန် - http://www.dawnmanhon.com/2010/11/blog-post_7361.html မှ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်)။
No comments:
Post a Comment