Monday, November 15, 2010

အပေါ်ယံဟန်ဆောင်ပြောဆိုလုပ်ပြနေတာနဲ့  အမှန်တကယ်ရင်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတန်ဖိုးထား ဂုဏ်ပြုကြတာ အင်မတန်ကွာခြားလှပါတယ်။

နအဖနဲ့  ပလဲပနံသင့်သူ ထိုင်းဝန်ကြီးချူပ်တွေ ရင်ထဲကလာတဲ့ စကားမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ်လွတ်မြောက်တာကို ကြိုဆိုတယ်ဆိုပြီး ဟန်ဆောင်ပြောနေကြတာနဲ့  ထိုင်းပြည်သူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို တကယ့်ကို လေးစားမြတ်နိုးကြတာ ကွာခြားမှုကို နှိုင်းယှဉ်ပြချင်လို့  နာမည်ကျော် ထိုင်းအနုပညာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လေးလေးစားစား ဘယ်လို ဂုဏ်ပြုလည်းဆိုတာ ဖေါ်ပြလိုက်ရသလို နအဖအာဏာရူးဘက်ကို ကောက်ကောက်ပါအောင် လိုက်ပါနေကြတဲ့ အချို့ သော မြန်မာအနုပညာရှင်တွေလည်း သိမြင်စေဖို့ ပါ။

ထိုင်း နာမည်ကျော် အနုပညာရှင် Carabao က မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ်ကနေ လွတ်မြောက်လာမှုအတွက် ၀မ်းသာအားရနဲ့  ကြိုဆိုဂုဏ်ပြုတာ ဖြစ်ပါတယ်။



ဒီ ဂုဏ်ပြုသီချင်းကို ဒေါင်းလုပ် လုပ်ချင်ရင် - http://www.multiupload.com/SXG3P7Y1DA

No comments: