Sunday, November 7, 2010

နအဖလက်ပါးစေတွေ တရားဝင် မဲပေးပြီးချိန်တောင် မရောက်သေးဖူး မဲရုံအတွင်းမှာ မဲပုံးတွေကို ခိုးဖွင့်ကြည့်နေကြပြီ။

ဒီနေ့  နအဖ ၂၀၁၀ ရွေးကောက်ပွဲကို မဲပေးနေကြတဲ့ မဲရုံများအတွင်းက မှတ်တမ်းဓါတ်ပုံတွေ ဖြစ်ပါတယ်။























































































တရားဝင် မဲပေးပြီးချိန်တောင် မရောက်သေးဖူး မဲရုံအတွင်းမှာ မဲပုံးတွေကို ခိုးဖွင့်ကြည့်ကြပြီး မဲတွေ ရေနေတာလား၊ မဲတွေ ပြောင်းနေတာလားဆိုတာ ဒီဓါတ်ပုံမှတ်တမ်းက သက်သေပြနေပါတယ်။

























ဒီလိုလုပ်တာဟာ နအဖတွေ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေတွေကို မဲရုံမှူးတွေ မဲရုံအတွင်း စောင့်ကြပ်နေသူတွေကိုယ်တိုင်က ကျူးလွန်ဖောက်ဖျက်ပြစ်တာ ဖြစ်သလို အထက်က နအဖတွေကိုယ်တိုင်က မဲတွေ လိမ်ကြဖို့  ညွှန်ကြားပြောဆိုထားလို့  ဖြစ်ပါတယ်။

မဲရုံတွေအတွင်းက မဲပုံးတွေ လုံခြုံမှု မရှိသလို မဲတွေကိုလည်း အလွယ်တကူ ဖောက်ကြည့်လို့ ရကြောင်း၊ ကိုယ်စားလှယ်လောင်းအချို့ ရဲ့  မဲပုံးတွေ ပျောက်ဆုံးမှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာမို့  ယခုရရှိတဲ့ မဲပုံးဖွင့်ဖောက်ကြည့်နေတဲ့ ဓါတ်ပုံက သက်သေအထောက်အထားတစ်ခုပါဘဲ။

မဲပေးချိန်ပြီးဆုံးမှုအချိန်တောင် မဲပုံးတွေကို ဖောက်ချင်သလိုဖောက် ဖွင့်ချင်သလို ဖွင့် ရေတွက်ချင်သလို ရေတွက်လို့ မရဖူးဆိုတာကို မဲပေးပွဲတွေမှာ စောင့်ထိန်းလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေ ရှိရပါတယ်။

ယခုလို မဲပုံးတွေ ခိုးဖောက်ဖွင့်ကြည့်နေပြီဆိုကတည်းက နအဖ ၂၀၁၀ ရွေးကောက်ပွဲဟာ မသမာမှုတွေ မြောက်မြားစွာ ရှိနေတယ်ဆိုတာပါ။ မြို့ ပေါ်က မဲရုံတွေမှာတောင် ဒီလိုဖြစ်နေပြီဆို၇င် ဝေးလံတဲ့ နေရာဒေသက မဲရုံတွေ အခြေအနေကတော့ စဉ်းစားသာ ကြည့်ကြပါတော့။

No comments: