Wednesday, November 17, 2010

နအဖတို့ များ ကလိမ်ကကျစ်ကြပြီး ရွေးကောက်ပွဲမဲတွေ မလိမ့်တပတ်လုပ်ခဲ့တာ အားမရသေး မဲပေးသူရာခိုင်နှုန်းတောင် တစ်ရာ့နှစ် ရာခိုင်နှုန်းကျော်တယ် လုပ်ခဲ့သေး။

ဟာသစာစောင်လို့  အများက သတ်မှတ်ခေါ်ဆိုနေကြတဲ့ နအဖတို့ ရဲ့  ၀ါဒဖြန့် သတင်းစာတစ်စောင်ဖြစ်တဲ့ ကြေးမုံမှာ နိုဝင်ဘာလ (၁၅) ရက်နေ့ က သတင်းစာအချပ်ပိုမှာပါတဲ့ မဲပေးသူရာခိုင်နှုန်း ၁၀၂.၀၉ လို့  ဖေါ်ပြထားတာ ဖြစ်ပါတယ်။ ပြီးတော့ ပြင်ဆင်ဖတ်ရှူပါဆိုပြီး ပြန်လည်ပြောထားပါလေရဲ့ ။
























နအဖတို့  ရာခိုင်နှုန်းတစ်ရာတောင် ကျော်ရတယ်ဆိုတာကို လှောင်ပြောင်တဲ့အနေနဲ့  “ဟီး ဟီး နည်းနည်းအရှိန် လွန်သွားတယ်” လို ကာတွန်းဆရာ အော်ပီကျယ်က ကာတွန်းလက်ရာလေးနဲ့  ဖေါ်ပြထားပါတယ်။

No comments: