လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့  ညနေ (၅) နာရီ (၄၅) မိနစ်တွင် ပြောကြားသော စကား။
စကားပြောလို့ ရအောင် အသံနည်းနည်းလေး တိတ်ပြီး နေပေးကြပါ။ တိတ်တိတ်လေး နေပေးကြမှ ပြောတာကို ကြားရမှာပေါ့။ တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့ ။ နောက်က မကြားရင်လည်း ရှေ့ ကလူတွေက နောက်က လူတွေကို ပြန်ပြောပြပေါ့။ အဲ့ဒီလို တစ်ယောက်နဲ့  တစ်ယောက် မျှတတဲ့ စိတ်ထားကြမှပေါ့။ ရှေ့ လူတွေကလည်း နောက်က လူတွေကို ငဲ့ပြီး တိတ်တိတ်လေး နေမယ်။ အမလေး စစချင်း တကယ်ထဲကို နိုင်ငံရေးသင်ခန်းစာ ပေးနေရတာဘဲ။ မတွေ့ ရတာ ကြာပြီဆိုတော့ ပြောစရာတွေက အများကြီးဘဲ။ အခုက အသံချဲ့ စက် မရှိလို့  မကြားရဖူး။ အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကို လာခဲ့။ အသံချဲ့ စက်နဲ့  ပြောမယ်။
ဒေါ်အောင်ဆန်းစုကြည်။
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့  ညနေ (၅) နာရီ (၄၅) မိနစ်တွင် ပြောကြားသော စကား ဖြစ်ပါသည်။
No comments:
Post a Comment