Thursday, November 11, 2010

နိုဝင်ဘာ (၇) ရက်နေ့ က ထုတ်ခဲ့တဲ့ နအဖရဲ့  ဆင် ၅ ကောင်နဲ့  ရွေးကောက်ပွဲ အမှတ်တရ တံဆိပ်ခေါင်းတဲ့။ တံဆိပ်ခေါင်းလား ကြော်ငြာ ကပ်ခွာ စတစ်ကာ (sticker) လား။





















တန်ဖိုးက ကျပ် (၅၀၀)။ ဒီတံဆိပ်ခေါင်း ထုတ်ရဖို့ အတွက် အရေပြားမကောင်းတဲ့ ဆင် (၅) ကောင်တောင် ဖမ်းခဲ့ရတာ။ နေရာတကာ အမြင်ကတ်လောက်အောင် ပါနေတဲ့ “တို့ တာဝန် အရေးသုံးပါး” နဲ့  ရှေးခေတ်က မင်းသုံးပါးလည်း နအဖတို့ ရဲ့ ဘော်ဒီဂတ်လိုဘဲ နေရာတိုင်းမှာ ပါပေးနေရတာ။ ပြီးတော့ တံဆိပ်ခေါင်းနောက်ခံအရောင်အနေနဲ့ လည်း ၀ါ စိမ်း နီဆိုတဲ့ အလံအသစ်လည်း ကြော်ငြာထိုးတာ ၀ါသနာပါနဲ့ အတွက် ထည့်လိုက်ပါသေးတယ်။

နေရာတကာ ရုပ်ထုတွေ ဖေါ်ပြ ဆင်နူတွေ ဖေါ်ပြနဲ့  တိရိစ္ဆာန်တွေ ဗိုလ်ကျနေတဲ့ နိုင်ငံကြီး ဖြစ်နေပြီး အခုတံဆိပ်ခေါင်းလည်း တံဆိပ်ခေါင်းတန်ဖိုးမဲ့ပြီး ဘာမှ အနှစ်သာရ မရှိ အဓိပ္ပါယ်လေးနက်မှု မရှိတဲ့ ကြော်ငြာ ကပ်ခွာ sticker စာရွက်ပိုင်း သက်သက်မျှသာ ဖြစ်နေပါတော့တယ်။

နအဖရဲ့  အလံအသစ်မှာပါတဲ့ ကြယ်ဖြူကြီးက နောက်ဆုံးကြတော့ နအဖတို့  အသံကောင်းဟစ် ညာဖြီးနေတဲ့ တို့ တာဝန်အရေးသုံးပါးကို ကိုယ်စားပြုနေတာကို အခု တံဆိပ်ခေါင်းမှာ ကြယ်ဖြူအသေးလေး သုံးလုံး ထပ်ထည့်ပြထားတာက သက်သေပြနေပါတယ်။

နအဖရဲ့  အလံအသစ်မှာပါတဲ့ ကြယ်ရဲ့ အရောင်က အဖြူဖြစ်နေတာကတော့ နအဖ သန်းရွှေ ရူးနေတဲ့ အဖြူရောင် ဆင်ဖြူကို ရည်ညွှန်းပြီး ထည့်ထားတာဆိုတာ အခု တံဆိပ်ခေါင်းမှာပါတဲ့ ဆင်အရောင်တွေက သက်သေပြနေပါတယ်။ ဆင် ၅ ကောင်ကို လိုက်ဘက်အောင်ဆိုပြီး တံဆိပ်ခေါင်း တန်ဖိုးကိုလည်း ငါးရာကျပ် သတ်မှတ်ထားလိုက်ပါတယ်။

နောက်ဆုံးကြတော့ တံဆိပ်ခေါင်းက တံဆိပ်ခေါင်းနဲ့  မတူဘဲ ကြော်ငြာ ကပ်ခွာ ယတြာစာရွက်ပိုင်းသာ ဖြစ်နေပါတော့တယ်။

No comments: