Friday, December 10, 2010

Amnesty International (New Zealand) အဖွဲ့ ကြီးရဲ့  ၂၀၁၀ ခုနှစ် လူ့ အခွင့်အရေးကာကွယ်စောင့်ရှောက်ကြိုးစားသူ ဂုဏ်ပြုဆု ကိုနိုင်ကိုကိုမှ ရရှိ။

ယနေ့  နိုင်ငံတကာလူ့ အခွင့်အရေးနေ့  (ဒီဇင်ဘာလ ၁၀ ရက်နေ့ ) မှာ Amnesty International (New Zealand) အဖွဲ့ ကြီးကနေ နှစ်ပတ်လည် ဒုတိယအကြိမ်မြောက် ၂၀၁၀ ခုနှစ် လူ့ အခွင့်အရေးကာကွယ်စောင့်ရှောက်ကြိုးစားသူ ဂုဏ်ပြုဆု (2nd Annual Human Rights Defender Award) ကို နယူးဇီလန်နိုင်ငံမှာ ရောက်ရှိအခြေစိုက်နေထိုင်နေတဲ့ ကိုနိုင်ကိုကိုအား ဂုဏ်ပြုချီးမြှင့်ပေးအပ်လိုက်ကြောင်း သိရှိရပါတယ်။





























မြန်မာပြည်သူပြည်သားများ လူ့ အခွင့်အရေးရှိရေးအတွက် အထူးတမံ ကြိုးပမ်းဆောင်ရွက်လှုပ်ရှားနေတာကြောင့် ကိုနိုင်ကိုကိုအား ယခုလို ဂုဏ်ပြုဆုချီးမြှင့်ရတာဖြစ်ကြောင်း Amnesty International (New Zealand) အဖွဲ့ ကြီးရဲ့  အကြီးအကဲဖြစ်သူ မစ္စတာ ပက်ထရစ် (Patrick Holmes) ကနေ ပြောကြားပါတယ်။ ယခုနှစ်မှာ ပေးအပ်ချီးမြှင့်တဲ့ ဒီ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ကြိုးစားသူ ဂုဏ်ပြုဆု (2nd Annual Human Rights Defender Award) ကို အာရှ-ပစိဖစ်နိုင်ငံများနဲ့  နယူးဇီလန်နိုင်ငံတွေထဲက လူ့ အခွင့်အရေး လုပ်ရှားမှုတွေကို တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်နေသူများထဲမှာ စကာတင် (၁၆) ဦးထဲကနေ ကိုနိုင်ကိုကိုအား ရွေးချယ်ခဲ့တာဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။

ဒီဆုအတွက် လျာထားခံရသူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပြီး ကိုနိုင်ကိုကိုက ဂုဏ်ပြုချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

Contemporary artist Shahriar Asdollah-Zadeh

Singapore opposition leader Chee Soon Juan;

AIANZ local activists Dolores Edge and Elena Wrelton

New Zealand civil liberties lawyer Tony Ellis

No Right Turn blogger Idiot/Savant

Fijian human rights lawyer Imrana Jalal

Defence lawyer for the ‘Waihopai three’ Michael Knowles

Maire Leadbetter of the Indonesian Human Rights Committee

TVNZ’s Sunday correspondent Janet McIntyre

Burmese activist Naing Ko Ko

NZ peace and disarmament campaigner Alyn Ware

West Papuan activist Yan Christian Warinussy တို့ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသမားဟောင်းတစ်ဦးဖြစ်သူ ကိုနိုင်ကိုကိုဟာ မြန်မာနိုင်ငံ လူ့ အခွင့်အရေးလှုပ်ရှားမှုတွေကို တက်တက်ကြွကြွလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် စွန့် လွှတ်အနစ်နာခံမှုတွေ ရှိခဲ့ကြောင်း၊ လူ့ အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေမှုကြောင့် အသက်ဘေးအန္တရာယ်များ ကြုံတွေ့ ရမှု၊ မိသားစု မိတ်ဆွေရင်းနှီးသူများအား စွန့် လွှတ်ဝေးကွာနေမှုနဲ့  အခြားသော စွန့် လွှတ်အနစ်နာခံရမှုတွေ များစွာရှိနေတာတွေ့ ရှိရကြောင်း မစ္စတာ ပက်ထရစ်က ပြောကြားပါတယ်။

ကိုနိုင်ကိုကိုဟာ ၁၉၈၈ ခုနှစ် မြန်မာပြည် ဒီမိုကရေစီစနစ်ထွန်ကားပေါ်ပေါက်ရေးနဲ့  လူ့ အခွင့်အရေးရရှီရေး လှုပ်ရှားမှုဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ပါဝင်ခဲ့စဉ်က အသက် (၁၆) နှစ်အရွယ်သာ ရှိသေးကြောင်း၊ ၁၉၉၂ ခုနှစ်မှာ ဒီလှုပ်ရှားမှုတွေကြောင့် အာဏာရူးစစ်အုပ်စုတွေရဲ့  မတရားဖမ်းဆီးထိန်းသိမ်းမှုကို ခံခဲ့ရပြီး ထောင် (၇) နှစ် ကျခံခဲ့ရကြောင်း ၁၉၉၈ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ ထောင်အတွင်းမှာ ညဉ်းပမ်းနှိပ်စက်မှုတွေကို ခံခဲ့ရကြောင်း၊ ၁၉၉၈ ခုနှစ်မှာ ထိုင်းနိုင်ငံသို့  ထွက်ခွာလာခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ နယူးဇီလန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံသူတစ်ဦးအဖြစ် အခြေစိုက်နေထိုင်ခဲ့ကြောင်း သိရှိရပါတယ်။

ကိုနိုင်ကိုကိုက ယခုလို လူ့ အခွင့်အရေးကာကွယ်စောင့်ရှောက်ကြိုးစားသူ ဂုဏ်ပြုဆု (2nd Annual Human Rights Defender Award) ပေးအပ်ချီးမြှင့်ခံရတာနဲ့  ပတ်သက်ပြီး ပြောကြားရာတွင် - တန်ဖိုးမဖြတ်နိုင်တဲ့ ဒီလို လူ့ အခွင့်အရေးဆုကို ချီးမြှင့်ခံရတဲ့အတွက် အင်မတန်ဂုဏ်ယူဝမ်းသာရပါကြောင်း၊ နေ့ တစ်နေ့ မှာ မြန်မာပြည်သူပြည်သားတွေ လူ့ အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီစနစ်တို့ ကို ပျော်ရွှင်ကြည်နူးဖွယ် ရရှိခံစားသွားနိုင်ဖို့ အတွက် လူ့ အခွင့်အရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ အတွက် သူ့ အနေနဲ့  တာဝန်ပိုရှိသွားတယ်လို့  ခံယူပါကြောင်း ပြောကြားပါတယ်။

ကိုနိုင်ကိုကိုဟာ နယူးဇီလန်နိုင်ငံမှာ အခြေစိုက်နေထိုင်နေစဉ်အတွင်းမှာလည်း လူ့ အခွင့်အရေးလှုပ်ရှားမှုတွေနဲ့  နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးလှုပ်ရှားမှုတွေကို တစ်စိုက်မတ်မတ် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

Amnesty International (New Zealand) အဖွဲ့ ကြီးကနေ နှစ်ပတ်လည် ဒုတိယအကြိမ်မြောက် ၂၀၁၀ ခုနှစ် လူ့ အခွင့်အရေးကာကွယ်စောင့်ရှောက်ကြိုးစားသူ ဂုဏ်ပြုဆု (2nd Annual Human Rights Defender Award) ပေးအပ်ချီးမြှင့်ခံရသူ ကိုနိုင်ကိုကိုအတွက် လေးစားဂုဏ်ယူမိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

No comments: