ရန်ကုန် လှိုင်သာယာမြို့နယ်အတွင်းရှိတဲ့ မာဆတ် အနှိပ်ခန်းတွေထံကနေ နအဖလက်ပါးစေ စရဖတွေ ရဲမှူး ရဲအုပ် ဌာနမှူတွေဟာ လိုင်းကြေးရယူကာ လာဘ်စားနေကြ။
ရန်ကုန် လှိုင်သာယာမြို့နယ်အတွင်းရှိတဲ့ မာဆတ် အနှိပ်ခန်းတွေထံကနေ နအဖလက်ပါးစေ စရဖတွေ ရဲမှူး ရဲအုပ် ဌာနမှူတွေဟာ လိုင်းကြေးရယူကာ လာဘ်စား အကျင့်ပျက်နေကြကြောင်း မြို့ နယ်အတွင်းနေ ပြည်သူများမှ သတင်းပေးပို့ လာပါတယ်။
အောက်ဖေါ်ပြပါစာရင်းထဲပါ နအဖ စရဖ ရဲတွေဟာ အနှိပ်ခန်းတွေဆီက လိုင်းကြေးတွေ ပုံမှန်တောင်းတဲ့အပြင် ၄င်းတို့ သွားရောက်စားသောက်နေသော စားသောက်ဆိုင်များသို့ စားသောက်ထားသမျှ လာရောက်ပေးဆောင်ခိုင်းခြင်း၊ ဇိမ်မယ်များကို ၄င်းတို့ နှစ်သက်သည့် တည်ခိုးခန်းများသို့ ပို့ဆောင်ပေးရခြင်း၊ ၄င်းတို့ နှစ်သက်သမျှ အရက်၊ ဆေးလိပ်၊ အခြားစားသောက်ဖွယ်ရာများကိုပါ ၀ယ်ခြမ်းပေးရခြင်း (သို့) ရှင်းလင်းပေးဆောင်ပေးရခြင်း အစရှိတဲ့ အကျင့်ပျက်မှုများကိုပါ အလွန်အကျူး ပြုမူနေကြကြောင်း သိရှိရပါတယ်။
ပေးဆောင်နေရသော အနှိပ်ခန်းလိုင်းကြေးများနှင့် လာဘ်စားနေသူများစာရင်းကတော့ -
ရန်ကုန်တိုင်းဒန။
ဌာနမှူးမြင့်သောင်း (၂၀၀၀၀ိ)
ရဲအုပ်အောင်မြတ်စိုး (၂၀၀၀၀ိ)
ဒုရဲအုပ်ရဲသူ (၂၀၀၀၀ိ)
ရန်ကုန်တိုင်း ထလနနိုင်။
ဌာနမှူး ရဲမှူးစိုးညွန့် (၂၀၀၀၀ိ)
ဒုရဲအုပ် တေဇာမိုး (၂၀၀၀၀ိ)
အရာခံ သန်းဇော်မြင့် (၂၀၀၀၀ိ)
တကက သိန်းမောင်ကြီး (၂၀၀၀၀ိ)
ရန်ကုန်တိုင်း စစရ။
ဌာနမှူးရဲမှူး ဘုန်းမင်းစိုး (၂၀၀၀၀ိ)
ဒုရဲအုပ် မြင့်အောင် (၂၀၀၀၀ိ)
တကက စိန်မြင့် (၂၀၀၀၀ိ)
မြောက်ပိုင်းခရိုင်ဦးစီး ၁။
ရဲအုပ် သူရဇော် (၂၀၀၀၀ိ)
ဒုရဲအုပ်ဇော်ဖုန်းဝင်း (၂၀၀၀၀ိ)
ဗမြောက်ပိုင်းခရိုင် မူးယစ်။
ဒုရဲအုပ်လှကျော်ဦး (၂၀၀၀၀ိ)
ဗမြောက်ပိုင်းခရိုင်ဦးစီး ၁။
ဒုရဲအုပ်သန်းစိုး (၂၀၀၀၀ိ)
ဒုရဲအုပ်ထွန်းနိုင် (၂၀၀၀၀ိ)
အကြမ်းဖက်။
ဒုရဲအုပ်အောင်ရဲမင်း (၂၀၀၀၀ိ)
မြောက်ပိုင်းခရိုင် ဒန။
ရဲအုပ်ဗျက်ဆန်း (၂၀၀၀၀ိ)
ရဲအုပ်ဇော်မင်းဦး (၂၀၀၀၀ိ)
တကက အောင်သိန်းနိုင် (၁၅၀၀၀ိ)
တကက ကျော်မြသိန်း (၁၅၀၀၀ိ)
မြောက်ပိုင်းခရိုင် မူးယစ်။
တကက လွင်မော် (၁၅၀၀၀ိ)
မြောက်ပိုင်းခရိုင် ဦးစီး ၁။
ဒုရဲအုပ် အောင်ကျော် (၂၀၀၀၀ိ)
မြို့နယ်မှူး ရဲအုပ်ခင်မောင်စိန် (၅၀၀၀၀ိ)
စခန်းမှူး ရဲအုပ်လှအောင် (၃၀၀၀၀ိ)
စခန်းမှူး(အောက်) ရဲအုပ်ကျော်ဇေယျ (၅၀၀၀၀ိ)
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စော်နိုင်ဦး (၂၀၀၀၀ိ)
နယ်ထိန်းခေါင်းဆောင်(အောက်) ဒုရဲအုပ်ချစ်တင် (၂၀၀၀၀ိ)
နယ်ထိန်း သက်ဆိုင်ရာ (၂၀၀၀၀ိ)
မြို့နယ်တာဝန်မှူး အဖွဲ့ ။
ဒုရဲအုပ် ၀ဏ္ဏဆွေ (၁၅၀၀၀ိ)
ဒုရဲအုပ် အောင်ဆန်းထွန်း (၁၅၀၀၀ိ)
တွဲဖက်နယ်ထိန်း သက်ဆိုင်ရာ (၂၀၀၀၀ိ)
ရဲအုပ်မြင့်ဦး (၂၀၀၀၀ိ)
ဒုရဲအုပ် ခင်မောင်ညွန့် (၁၅၀၀၀ိ)
ဒုရဲအုပ်သန်းဇာ် (၁၅၀၀၀ိ)
မယက ဦးကျော်နိုင် (၃၀၀၀၀ိ)
စစစ ဒုရဲအုပ်အောင်စိုးမင်း (၂၀၀၀၀ိ)
ရယက ဥက္ကဌ သက်ဆိုင်ရာ (၃၀၀၀၀ိ)
ခလရ ၅၃၂ တပ်ရင်းစရဖ (၂၀၀၀၀ိ)
စရဖ (တောင်ဒဂုံ) အငယ်လေးကောက်ခံ (အင်ဖော်မာ) (၂၀၀၀၀ိ)
စရဖ (အကူ ၁ ) (၁၀၀၀၀ိ)
စရဖ (အကူ ၂) (၂၀၀၀၀ိ)
အဆိုပါ လှိုင်သာယာမြို့ နယ်အတွင်းရှိ နအဖ စရဖ ရဲများနည်းတူ အခြားသောနေရာဒေသများတွင်လည်း နအဖ စရဖ ရဲများဟာ ယခုလို လဘ်စားမှုများ အနိုင်ကျင့်မှုများ အကျင့်ပျက်မှုများ မြောက်မြားစွာ ရှိနေပါတယ်။ အောက်ဖေါ်ပြပါပုံကတော့ ရန်ကုန်တိုင်း အလုံမြို့ နယ်က အကျင့်ပျက် ရဲဝန်ထမ်း နယ်ထိန်းအရာရှိ ဒုရဲအုပ်ဌေးအောင်ရဲ့  လွန်ခဲ့တဲ့ မေလအတွင်းက အနှိပ်ခန်းကာရာအိုကေအခန်းအတွင်းမှာ သောင်းကျန်းနေတဲ့ပုံ ဖြစ်ပါတယ်။
No comments:
Post a Comment