Sunday, December 19, 2010

အစၥလာမ္ဘာသာ၀င္တို ့၏ ရှေးဟောင်းသုဿာန်ကို နအဖမှ ဖျက်ဆီးပြစ်။

ပဲခူးမြို့ ၊ မြို.သစ် (၈) ရပ်ကွက် ရန်ကုန်မန္တလေးကားလမ်းဘေးရှိ ရှေးနှစ်ပေါင်း (၁၄၀) ကျော်ကတည်းက တည်ရှိခဲ့သည့် အစ္စလာမ်ဘာသာဝင်များ၏ သုဿာန်အား ယမန်နေ့ (၁၆) ရက်နေ့ နေ့ လည် (၃) နာရီခန့်တွင် G.E တပ်မှ စစ်သားများ ဦးဆောင်ပြီး ဖြိုဖျက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။






























အဆိုပါ အစ္စလာမ်ဘာသာဝင်တို့၏ သုဿာန်သည် လွန်ခဲ့သော (၁၈၈၆) ခုနှစ်တွင် စက်ရှင်တရားသူကြီး (ဥိးရစူဘောက်) မှ ၀တ္တကမြေအဖြစ် အစ္စလာမ်ဘာသာဝင်တို့ ကွယ်လွန်ပါက သဂြုင်္ိလ်မှုများပြုလုပ်နိုင်ရန် လှူတမ်းခဲ့ကြောင်း၊ ထိုသုဿာန်တွင် အစ္စလာမ်ဘာသာဝင်တို့ ၀တ်ပြုသော ရှေးဟောင်းဝတ်ပြုဆောင် (ဗလီ) တစ်လုံးအပြင် ကလေးငယ်များကို ဘာသာရေးစာသင်ကြားပေးသော စာသင်ကျောင်း တစ်ကျောင်းလည်း ရှိနေကြောင်း၊ ထိုအပြင် ရှေးနှစ်ပေါင်းများစွာက တရားအားထုတ်ရင်း ကွယ်လွန်သွားသော မွတ်စလင်သူတော်စဉ်တချို့ ၏ ရှေးဟောင်း ဂူသင်ချိုင်းတချို့  ရှိ့နေကြောင်း၊ (၂၂.၄.၁၉၈၇) မှစ၍ ကွယ်လွန်သူများအား သက်ဆိုင်ရာမှ မြုပ်နှံခွင့် မပြုတော့ကြောင်း ၊ ၂၀၀၅ ခုနှစ်မှစ၍ သေဆုံးကွယ်လွန်သူများအား အစ္စလာမ်ဘာသာရေးအရ မေတ္တာပို့ဆုတောင်းခွင့် သုဿာန်ဗလီတွင် ၀တ်ပြုဆုတောင်းခွင့်၊ စာသင်ကျောင်းတွင် ဘာသာရေး စာသင်ကြားခွင့်များအား သက်ဆိုင်ရာမှ ပိတ်ပင်ခဲ့ကြောင်း၊ ထိုအပြင် ၂၀၀၂ ခုနှစ်၂၀၀၅ ခုနှစ်များတွင်လည်း ရှေးဟောင်းသုဿာန်ကို ဖျက်သိမ်းရန် ပြုမှုကြိုးစားမှုများ ရှိခဲ့ကြောင်း သိရှိရပါသည်။






























ထိုအပြင် ပဲခူး မ.ယ.က ဥက္ကဋ္ဌမှ (၁၅.၇.၂၀၁၀) နေ့တွင် နောက်ဆုံးထားပြီး သုဿာန်အပ်ရန် ဂေါပကသို့ စာဖြင့် ညွှန်ကြားခဲ့ကြောင်း၊ ဂေါပက (၁၁) ဦးမှ အရေးပေါ်အစည်းအဝေး ပြုလုပ်ခါ ဆုံးဖြတ်ချက်အရ မအပ်ခဲ့ကြောင်း၊ ယမန်နေ့ ညနေ (၃) နာရီခန့်တွင် တစုံတရာ ကြိုတင်အသိပေးခြင်း မရှိဘဲ G.E တပ်ဖွဲ.၀င်များနှင့် စည်ပင်များ ဦးဆောင်ပြီး ရှမ်းစုလမ်းဘက်မှ အုတ်ထရံဝင်အား ဘူတိုဇာဖြင့် ၀င်တိုက်ဖျက်ဆီး ၀င်ရောက်ကာ အစ္စလာမ်ဘာသာဝင်တို့၏ ရှေ့ ဟောင်းသင်းချိုင်းဂူများအား ၀င်ရောက်ဖျက်ဆီးခဲ့ကြောင်း၊ ယခုအချိန်တွင်လည်း နောက်ထပ် ဘူတိုဇာများ ရောက်ရှိ့နေကြောင်း၊ မြို့ ခံအစ္စလာမ်ဘာသာဝင် လ္ဘက်ရည်ဆိုင်ပိုင်ရှင်တဦးမှ ပြောပြရာတွင် (ကျနော်တို့ အနေနဲ့က သီးမခံနိုင်တော့ဘူး၊ သုဿာန်ဝန်းထဲမှာ ဗလီနဲ့ စာသင်ကျောင်းရှိတယ်၊ အဲ့ ဒါကိုပါ ဖျက်လာရင်တော့ အသက်နဲလဲပြီး ကာကွယ်သွားမယ်ဗျာ) လို့ ပြောကြားခဲ့ကြောင်း၊ ပဲခူးမြို့ ခံ အစ္စလာမ်ဘာသာဝင်များသည် ၄င်းကိစ္စကြောင့် များစွာ စိတ်ထိခိုက်နေကြောင်း၊ ထိုအပြင် ၄င်းကိစ္စကို အစ္စလာမ်အဖွဲ့ကြီး (၅) ဖွဲ့မှ လိုက်ပါ ဆောင်ရွက်နေကြောင်း၊ ထို့အပြင် ပဲခူးတိုင်း NLD လူငယ်တာဝန်ခံဟောင်း ကိုအောင်မျိုးဝင်းမှ ဦးဆောင်ပြီး NLD အဖွဲ့ချုပ်နှင့် ILO ထံသို့  တိုင်ကြားရန် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။






























နအဖဟာ ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ အစ္စလာမ်ဘာသာအသီးသီးတို့ ရဲ့  ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများကို တန်ဖိုးမဲ့စွာနဲ့  ဖျက်ဆီးပစ်နေတာဟာ အင်မတန်ရိုင်းစိုင်းတဲ့ ဘာသာရေးဆိုင်ရာ စော်ကားမှုဖြစ်ရုံသာမက ပြည်သူပြည်သားတွေရဲ့  လွတ်လပ်စွာ ဆောင်ရွက်ခွင့်တွေကို အဓမ္မပိတ်ပင်တားဆီးခြင်းလည်း ဖြစ်ပါတယ်။



No comments: