တပ်မတော်ခန်းမအတွင်း ကျင်းပတာ ကားပြပွဲလား မော်ဒယ်အမျိုးသမီးပြပွဲလား။
ရန်ကုန်မြို့  ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမကြီးလည်း ကားပြပွဲကျင်းပရာ ခန်းမကြီးဖြစ်လို့ နေပြီး၊ ယခု (၄) ရက်ကြာ ကျင်းပနေတဲ့ ကားပြပွဲကတော့ တရုတ်လုပ်ကားတွေ ရွှေပြည်သာစက်မှုဇုန်မှာ ဖက်စပ်ထုတ်လုပ်တဲ့ကားတွေကို ဈေးမတန်တစ်ဆကြီးမားစွာနဲ့  ရောင်းဖို့  ပြသာထားတဲ့ ကားပြပွဲဘဲ ဖြစ်ပါတယ်။
နအဖရဲ့  ၀ါဒဖြန့်  သတင်းစာတွေမှာတော့ ကားပြပွဲကပုံတွေကို ရိုးရိုးသန့် သန့် လေးပုံစံနဲ့  ဖေါ်ပြထားပြပေမယ့် အဲ့ဒီကားပြပွဲမှာ ကားတွေနဲ့  အတူ မော်ဒယ်အမျိုးသမီးတွေကိုပါ တွေ့ ရပါတယ်။ အောက်ဖေါ်ပြပါ ကားပြပွဲကပုံတွေ ကြည့်ရင် -



တပ်မတော်ခန်းမကြီးမှာ ကျင်းပပြုလုပ်တဲ့ နအဖလက်အောက် ကားပြပွဲဟာ တရုတ်ဖက်စပ်ကားပြပွဲလား မော်ဒယ်အမျိုးသမီးတွေပြပွဲလားဆိုတာ မေးကြည့်ရပါတော့တယ်။
နအဖတွေ တပ်မတော်ခန်းမလိုနေရာမျိုးမှာတောင် ဒီလို ပြပွဲတွေ လုပ်တာ ခွင့်ပြုတယ်ဆိုတော့ နအဖသန်းရွှေတို့ ရဲ့  တပ်မတော်ဂုဏ်သိက္ခာ ထိန်းသိမ်းပါတယ်ဆိုတဲ့ စကားတွေက တစ်မျိုးကြီး ဖြစ်နေပါလား။
No comments:
Post a Comment