Friday, January 28, 2011

နေပြည်တော်က နအဖရုပ်သေးသမတအတွက် သမတအိမ်တော်ပါတဲ့။

မကြာခင်မှာ နအဖတို့ ရဲ့  လွှတ်တော်ပွဲကြီးအတွင်းမှာ နအဖ ရုပ်သေး သမတတွေ ၀န်ကြီးချူပ်တွေ ပေါ်လာပါတော့မယ်။

နအဖ ရုပ်သေးသမတအတွက် နေပြည်တော်မှာ တည်ဆောက်ပေးထားတဲ့ သမတအိမ်တော်ကတော့ အောက်ဖေါ်ပြပါအတိုင်း မြင်တွေ့ ရပါမယ်။





















နအဖတို့ ဟာ ရုပ်ပြအနေနဲ့ သာ သမတအိမ်တော်ဆိုပြီး နအဖ ရုပ်သေးဆွဲ သမတအတွက် တည်ဆောက်ထားပေမယ့် နအဖသန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ တိုင်းပြည်သယံဇာတတွေ သိမ်းပိုက်ယူပြီး အဆီယစ်မူးကာ စည်းစိမ်ခံနေကြတာမို့  သန်းရွှေတို့  တစ်မျိုးလုံး နအဖဗိုလ်ချူပ်ကြီးတွေရဲ့  တစ်ဆွေတစ်မျိုးလုံးရဲ့  နေအိမ်တွေက နန်းတော်အလားဖြစ်နေကြတယ်ဆိုတာ အထူးပြောနေစရာမလိုပါဖူး။

နအဖသန်းရွှေတို့ ရဲ့  မိသားစုအိမ်တွေထဲက အိမ်တစ်လုံးကို အောက်ဖေါ်ပြပါအတိုင်း မြင်ရရင် အခု နေပြည်တော်မှာ တည်ဆောက်ထားတဲ့ နအဖရုပ်သေးသမတအတွက် အိမ်က အတော့်ကို နိမ့်ကျကွာခြားလှပါပေတယ်။




























ဒါပေမယ့်လည်း တဲ့စုတ်နဲ့ အမိုးမလုံ အကာမလုံနဲ့  နေနေကြရတဲ့ သာမန်ပြည်သူတွေရဲ့  နေရာထိုင်ခင်းနဲ့ ယှဉ်ရင်တော့ အင်မတန် မြင့်မားကွာခြားပါတယ်။ နအဖတို့ ရဲ့  အချင်းချင်းမှာတောင် သန်းရွှေတို့ မိသားစု အိမ်တွေနဲ့  အခြား ဗိုလ်ချူပ်ကြီးတွေ အိမ်ကွာသလို အခု နအဖရုပ်သေးသမတ အိမ်ကလည်း ကွာပါသေးတယ်။





























နအဖတို့ ရဲ့  လွှတ်တော်ပွဲကြီးအတွင်းမှာ ကြိုတင်စီမံထားပြီး ပလ္လင်ပေါ်က မျောက်ကလေးဖြစ်မယ့် နအဖ ရုပ်သေးသမတကို မြန်မာပြည်သူပြည်သားတွေက လက်ခံစရာ အကြောင်း လုံးဝ မရှိပါဖူး။

မြန်မာပြည်သူပြည်သားတွေ ရင်ထဲကနေ ဆန္ဒအစစ်အမှန်နဲ့  လှိုက်လှိုက်လှဲလှဲ လက်ခံမြင်တွေ့ ချင်တဲ့ ပြည်သူချစ်တဲ့ ယုံကြည်လေးစားတဲ့ ပြည်သူ့ သမတအဖြစ် မြင်တွေ့ ချင်သူကတော့ အောက်ဖေါ်ပြပါ အိမ်ပိုင်ရှင်ဘဲ ဖြစ်ပါတယ်။




























မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့  တိုင်းပြည်ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုလက်ခံထားပြီးမို့  နအဖတို့ ရဲ့  ရုပ်သေးသမတတွေ ၀န်ကြီးချူပ်တွေ ၀န်ကြီးတွေကို လုံးဝ အသိအမှတ် မပြုပါကြောင်း ပြောကြားလိုက်ရပါတယ်။

No comments: