Tuesday, February 15, 2011

ဘာကြောင့် သိန်းစိန်ကို သန်းရွှေက သမတအဖြစ် လုပ်ခိုင်းရတာလည်း။

သိန်းစိန်လို လူမျိုးကို သမတနေရာထားမှ သန်းရွှေအတွက် သန်းရွှေတို့  မိသားစုတွေအတွက် အသက်ဘေးအန္တရာယ်တင်မကဖူး မိသားစု ဆက်လက်ကြီးပွားတိုးတက်ဖို့ အတွက် အာမခံနိုင်နေတဲ့ အခြေအနေ ရှိလို့ ဘဲ ဖြစ်ပါတယ်။

သိန်းစိန်က သန်းရွှေ စိတ်ကြိုက်ဖြစ်တဲ့ မအလွန်း မထက်လွန်းသူဖြစ်တဲ့အပြင် သန်းရွှေက သေဆိုသေ ရှင်ဆိုရှင် ဖြစ်နေတဲ့ ကျွန်ယုံတော်ကြီး အရည်အချင်းကို အမှတ်အပြည့်နဲ့  ရရှိခဲ့လို့ ပါဘဲ။ ဒီအပြင် နအဖအသွင်ပြောင်း ကြားဖြတ်ကာလအတွင်းမှာ လက်ရှိအခြေအနေနဲ့  နောင်အခြေအနေကို ဆက်စပ်ပေးနိုင်မယ့် ခိုင်းလို့ အကောင်းဆုံးသူဖြစ်နေလို့ ပါ။































သန်းရွှေက သူရဲ့  အရှေ့ က နေ၀င်းရဲ့ အမျိုးအနွယ်တွေကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းပစ်ခဲ့တယ်၊ သူ့ ထက် အရည်အချင်းပိုသာနေတဲ့ ခင်ညွှန့် ကိုလည်း သူ့ အတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတာ မြင်တာနဲ့  ကြိုတင်ကာကွယ်တဲ့ အနေနဲ့  ရှင်းထားပစ်ခဲ့တယ်။

မောင်အေးကိုတော့ သူနဲ့  အနီးကပ်ထားထားပြီး ဘာမှ လှုပ်မရအောင်ရော သူလို အန္တရာယ်မရှိနိုင်အောင်ရော အမှုတွဲထဲ ဆွဲထည့်ထားပြီး ရုပ်ပြနေရာမှာဘဲ အပြတ်ထိန်းချူပ်ထားတယ်။ မောင်အေးကိုယ်တိုင်ကလည်း သန်းရွှေက သေဆို သေ ရှင်ဆိုရှင်မို့ လို့  သန်းရွှေမကောင်းကြောင်း ပါးစပ်က ဟ မရဲသူပါ။ နေ၀င်းက စန်းယုကို ထိန်းထားတဲ့အတိုင်းပါဘဲ။ စန်းယုဟာ တကယ့်ကို နေ၀င်းရဲ့  ရုပ်သေးရုပ်ပါ။ အများပြည်သူအမြင်ကတော့ အင်မတန် အေးတယ် ရိုးတယ် တည်ငြိမ်တယ်ပေါ့။ နေ၀င်း မြှောက်စားထားတဲ့ အချိန်ကစ လို့  နေ၀င်း အာဏာပြုတ်သွားပြီးတာတောင် နေ၀င်းရဲ့  ထားရာနေ စေရာသွား ခိုင်းတာလုပ်တဲ့ ကျွန်ယုံတော်ကြီးပါဘဲ။ သန်းရွှေရဲ့  မောင်အေးနဲ့  နေ၀င်းရဲ့  စန်းယု ချွပ်စွတ်ပါဘဲ။

တင်အောင်မြင့်ဦးကို ဘာလို့  သမတ မပေးတာလည်း။ ပေးလို့  မဖြစ်ပါဖူး။ တင်အောင်မြင့်ဦးဟာ သိန်းစိန်လို ပျော့ညံ့ညံ့ မဟုတ်ဖူးဆိုတော့ သိလို့  သန်းရွှေအနေနဲ့  နှစ်ချက်ခုတ် သုံးချက်ပြတ်တဲ့အကွက်တွေကို ကလိမ်ကကျစ်ကျစွာ လုပ်တာပါဘဲ။ သိန်းစိန်ကိုလည်း အထက်အောက် ညှပ်ပြီး ထိန်းထားရအောင်ရယ် စစ်တပ်ကိုလည်း စစ်တပ်ကသူ ဒုသမတနေရာထိတောင် ပေးတယ်ဆိုတဲ့ အခွင့်အရေးပြထားလို့ ရအောင်ရယ် အကွက်ချစီစဉ်ထားတာပါ။

စိုင်းမောက်ခမ်းကို ဘာလို့  ဒုသမတနေရာ ပေးတာလည်း .. ရှမ်းတွေနဲ့  တရုတ်ကို စိုးရိမ်လို့  ချွေးသိပ်တာပါ။ ဒီအပြင် ဒုသမတအဆင့်ထိတောင် တိုင်းရင်းသားတွေထဲက ပေးတယ်ဆိုတဲ့ ပြည်တွင်းပြည်ပကို ဟန်ပြလုပ်တာမို့  စိုင်းမောက်ခမ်းကတော့ လှုပ်လို့ တောင်မရနိုင်တဲ့ အကျယ်ချူပ်ကျ ဒုသမတပါဘဲ။

ရွှေမန်းနဲ့  ကျန်တဲ့ နအဖ စစ်ဗိုလ်ချူပ်ကြီးတွေကို ဘာလို့  အစိုးရအဖွဲ့ ထဲ မထဲ့ရတာလည်း။ သန်းရွှေက နေ၀င်းလိုမျိုး မဖြစ်ရအောင် သိန်းစိန်တို့  တင်အောင်မြင့်ဦးတို့ ကသာ သူ့ ကို ပြန်ပြီး အာခံခဲ့ရင် သူ့ အတွက် အမာခံလူရှိနေအောင် ရွှေမန်းတို့ ကို စစ်တပ်ဘက်မှာ ထားထားပေးတာ ဖြစ်တယ်။

တကယ်တော့ သန်းရွှေဟာ သူ့ နဲ့  သူ့  မိသားစုကလွဲရင် ဘယ်သူ့ ကိုမှ မယုံကြည်ပါဖူး။ အစိုးရပိုင်းမှာ သိန်းစိန်တို့  တင်အောင်မြင့်ဦးတို့ ၊ စစ်တပ်ဘက်မှာ ရွှေမန်းတို့ ၊ စီးပွားရေးချူပ်ကိုင်ထားမှုမှာ တေဇတို့ ကို သူ့ နေရာနဲ့  သူ ထားထားတဲ့အပြင် အဲ့ဒီလူတွေ အားလုံးကိုလည်း ယုံကြည်မှု မရှိဘဲ သန်းရွှေဟာ Power Balance နဲ့  မဆလ နေ၀င်းခေတ်က နည်းဖြစ်တဲ့ တစ်ဦးကို တစ်ဦးက စောင့်ကြည်နေကြစေတဲ့ နည်းကို ကျင့်သုံးထားတာလည်း ဖြစ်ပါတယ်။ ဒီအပြင် တစ်ဦးနဲ့ တစ်ဦး ပြိုင်ဆိုင်မှုတွေရှိနေအောင် လုပ်ထားပေးပြီး သန်းရွှေက သူ့ ဘက်မလှည့်အောင် ကျေးဇူးရှင်ကြီး ဖြစ်နေအောင် သူ့ နဲ့ သူ့ မိသားစုအတွက် လုံခြုံမှု ရှိနေအောင် အကွက်ကျကျ ကစားပြထားတာပါ။

သန်းရွှေရဲ့  ဒီလို စဉ်းလဲကောက်ကျစ်ပြီး အချင်းချင်းကို အိုးမဲသုတ်ထားနေတယ်ဆိုတာ ကိုယ့်ကိုကိုယ် မသိရှာကြတဲ့ သိန်းစိန်တို့  တင်အောင်မြင့်ဦးတို့  ရွှေမန်းတို့  တစ်နေ့ ကျရင် သန်းရွှေ မသေသေးခင် ဖြုတ်ထုတ်သတ်တဲ့ထဲ ပါ မပါ စောင့်ကြည့်ကြပါ။ သန်းရွှေဟာ သူသေသွားပြီးသည့်နောက်တောင် သူမွေးပေးခဲ့တဲ့ သိန်းစိန်တို့  တင်အောင်မြင့်ဦးတို့ လို အစိုးဘက်က ကျန်ရစ်နေမယ့် သန်းရွှေရဲ့  မိသားစုအတွက် အန္တရာယ်ပြန်ပြုဖို့  အရိပ်အယောင်မြင်တာနဲ့ အသက်ဘေးအန္တရာယ် ဘ၀လုံခြုံရေးအတွက် သူ့ မိသားစုကို ကာကွယ်ပေးနိုင်မယ့် သူတစ်ဦးကို စစ်တပ်အာဏာသိမ်းတဲ့ပုံစံနဲ့  အာဏာပြန်သိမ်းခိုင်းပြီး သန်းရွှေလိုမျိုး ပြန်လုပ်ခိုင်းမှာ မလွဲပါဖူး။

တကယ်တော့ သန်းရွှေဟာ သူနဲ့  သူ့ မိသားစုကလွဲ ဘယ်သူ့ ကိုမှ သူ့ လူလို့  မသတ်မှတ်ထားဘဲ သူ့ အတွက် သူ့ မိသားစုအတွက် လိုအပ်သမျှ ရရှိဖို့  မောင်အေး ရွှေမန်း သိန်းစိန် တင်အောင်မြင့်ဦးတို့ ကအစ အသုံးချနေတယ်ဆိုတာ မြင်တတ်ရင်တော့ အခြားသူတွေအတွက်တော့ သန်းရွှေက စိတ်ကူးထဲတောင် ထည့်မှာ မဟုတ်ပါဖူး။

သန်းရွှေက သူ့ မိသားစုအတွက် အသုံးချနေတာကို ကျန်တဲ့သူအားလုံးဟာ အခွင့်ထူးတွေ အာဏာထူးတွေ ရနေကြတယ်ဆိုပြီး ဟုတ်လှပြီလို့  ထင်နေသူတွေဟာ ကိုယ့်ရှေ့  ကသူတွေ ခံရတုန်းက မမြင်ချင်ယောင်ဆောင် ကိုယ်နဲ့ မဆိုင်လို့  ခံယူနေသူတွေ၊ သန်းရွှေရဲ့  ဖြုတ်ထုတ်သတ်လမ်းစဉ်ထဲ ကိုယ်ကိုကိုယ်တိုင် အလှည့်ကျလို့  ရောက်လာမှသာ သိကြရင်တော့ အချိန်လွန်နောက်ကျလို့  ဒုက္ခတွေကျရောက်နေမယ်ဆိုတာ ကြိုတင် ပြောပြထားလိုက်ပါရတယ်။

သန်းရွှေရဲ့  ယုတ်မာကောက်ကျစ်မှုကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောပါဘဲ။ သန်းရွှေရဲ့  ဒီယုတ်မာမှုတွေကြောင့် မကြာခင်သော အချိန်ကာလအတွင်းမှာ အာဏာလုပွဲတွေ နေရာလုပွဲတွေ စီးပွားရေးလုပွဲတွေနဲ့  အာဏာရူးတွေအချင်းချင်း သွေးချောင်းစီးကြမှာ သိပ်မကြာတော့ပါဖူး။ တပ်မတော်အတွင်းက ရိုးသားမှန်ကန်တဲ့ တပ်မတော်သားတွေ ဆက်လက်အသုံးချခံနေရရင်တော့ ကြာလာတာနဲ့ အမျှ သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေရဲ့  အာဏာလုပွဲကြားထဲ နာမည်ပျက် ဘ၀ပျက်ဖြစ်ကြရမယ်ဆိုတာတင်မက သန်းရွှေတို့ ကြောင့် တပ်မတော်ကြီး ဂုဏ်သိက္ခာကျဆင်းနေရတာ ကိုယ်ပါမကင်းဖြစ်ပါလိမ့်မယ်။

အာဏာရှင်မှန်သမျှဟာ သူနဲ့  သူမိသားစုကိုသာ ယုံကြည်စိတ်ချရဆုံးမို့  အခြား ဘယ်သူကို့ မှ မယုံကြည်ဘဲ အချိန်နဲ့ အမျှ သံသယထားနေတတ်သူတွေပါ။ သူတို့ ရဲ့  အာဏာကို ထိပါးလာတဲ့အရိပ်အခြေမြင်တာနဲ့  ဖြုတ်ထုတ်သတ် လုပ်ပစ်လေ့ရှိတယ်ဆိုတာ မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာဘဲ ရှေးလွန်ခဲ့သောခေတ်အဆက်ဆက်ကတည်းက သက်သေသာဓကတွေ ရှိပြီးသားပါ။

မြန်မာနိုင်ငံရဲ့  ပထမဦးဆုံး အာဏာရူးကြီး နေ၀င်းလက်ထက်ကတည်းက ၁၉၆၂ ခုနှစ် ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့  မတရားစစ်တပ်အာဏာသိမ်းခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်ချူပ်မှုအောက်မှာ နေ၀င်းဟာ သူရဲ့  အနီးစပ်ဆုံး လုပ်ဖေါ်ကိုင်ဘက်တွေထဲကဘဲ အကြောင်းအမျိုးမျိုး ဖန်တီးပြီး ဖြုတ်ထုတ်သတ်လမ်းစဉ်လုပ်ပစ်ခဲ့တာ အောက်ဖေါ်ပြပါ မှတ်တမ်းမှာ တွေ့ ဖြင်နိုင်ပါတယ်။ သန်းရွှေလက်ထက်မှာ ဒီထက်တောင် ပိုများပြီး နေ့ မြင်ညပျောက် ပိုမြန်တယ်ဆိုတာ သိကြမှာပါ။
































ဒီတော့ကာ သန်းရွှေမွေးလို့  ဘုံမြင့်ရောက်နေပြီဆိုသူ သိန်းစိန်တို့  စိုင်းမောက်ခမ်းတို့  တင်အောင်မြင့်ဦးတို့ တင်မက ကျန်နေသေးသော ဗိုလ်ချူပ်ကြီးများ ရှေ့ ကသူများကို ကြည့်ထားကြပြီး အလှည့်စောင့်နေပါတော့။ သန်းရွှေက ဗိုလ်ချူပ်ကြီးတွေက အစ အားလုံးကို တပ်မတော်အတွင်းက တိုင်းမှူးတွေအပါအ၀င် အချင်းချင်းတွေကို တစ်ဦးနဲ့  တစ်ဦး အပြန်အလှန် ထိန်းချုပ်စောင့်ကြည်တဲ့နည်းနဲ့  အားလုံးကို အကွက်ကျကျ အသုံးချကစားထားတာမို့  ကိုယ့်အလှည့် မရောက်နိုင်ဖူးထင်နေရင်တော့ အချိန်က သက်သေပြပါလိမ့်မယ်။ တိုင်းပြည်နဲ့  လူမျိုးအကျိုး ရှေ့ မရှူဘဲ ကိုယ်ကျိုးမက်မောပြီး သန်းရွှေကို ပူဇော်နေလို့ ကတော့ တစ်နေ့  သန်းရွှေရဲ့  ယစ်ပူဇော်သလို ထိုးကျွေးခံရတဲ့အထဲမှာ ကိုယ်ပါနိုင်တယ်ဆိုတာ သိထားကြဖို့ ပါ။

မြန်မာ့တပ်မတော်အတွင်းက အရာရှိအရာခံ အကြပ်တပ်သားများလည်း တလျှပ်ကို ရေထင်နေကြတဲ့အဖြစ်က လွတ်မြောက်ပြီး၊ သန်းရွှေတို့ အာဏာရူး ဗိုလ်ချူပ်ကြီးများရဲ့  အာဏာလုပွဲတွေအကြား ကြားအညှပ်မခံကြဘဲ တိုင်းပြည်လူမျိုးအကျိုးကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ တပ်မတော်သားကောင်းများ ဖြစ်ကြပါစေလို့ ။

သြော် - လူလူချင်း ကောက်ကျစ်ယုတ်မာ လှည့်ဖြားခြင်းများ ကင်းဝေးကြပါစေ။

No comments: