မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ဗိုလ်မှူးကြီး နိုင်ထာဝရ ကွယ်လွန်သွားမှုကြောင့် ကြေကွဲဝမ်းနည်းရပါကြောင်း။

မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီး နိုင်ထာဝရ (မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်) ရုတ်တရက် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် အထူး ကြေကွဲဝမ်းနည်းရပါကြောင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်။
ဗိုလ်မှူးကြီး နိုင်ထာဝရသည် မွန်ပြည်သူလူထုအတွက်တင်သာမက စစ်အာဏာရှင်ဆန့် ကျင်ရေး ပြည်သူ့ တော်လှန်ရေးကာလတစ်လျှောက်အတွင်း ရဟန်းရှင်လူကျောင်းသားပြည်သူများအား ကူညီပံ့ပိုးကာ တော်လှန်ရေးအခန်းကဏ္ဍ၌ တက်ကြွစွာ ဦးဆောင်ကာ အတူတစ်ကွ လက်တွဲဆောင်ရွက်ခဲ့သောသူ ဖြစ်ပါသည်။
ဗိုလ်မှူးကြီး နိုင်ထာဝရအား မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ဗိုလ်မှူးကြီး နိုင်ထာဝရ ကောင်းရာသုဂတိလားပါစေ။
နစ်နေမန်း။
No comments:
Post a Comment