Thursday, March 10, 2011

ရန်ကုန်တိုင်း သံလျင်မြို့ နယ် ကြံ့ ဖွတ် စကားမတည် လမ်း မပြင်။

ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (ကြံ့ ဖွတ်) မှ ရွာအဝင်လမ်းမကြီးကို ၄င်းတို့ပါတီမှ ခင်းပေးပါမည်ဟုဆိုကာ ရွေးကောက်ပွဲ မတိုင်ခင်က ရွာသူ/ရွာသားများအား ကတိပြုခဲပြီး ယခုအခါ ကျေးရွာနေပြည်သူများထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သောင်းစီအနည်းဆုံးထား ကောက်ခံလျှက်ရှိကြောင်း သတင်းရရှိပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်လို့ ရန်ကုန်တိုင်း သန်လျှင်မြိုနယ်ပြည်ထောင်စုကြံခိုင်ရေးနှင်ဖွံဖြိုးရေးပါတီ (ကြံ့ ဖွတ်) သည် ၄င်းတို့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးသည့်အနေဖြင့် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲ မတိုင်မှီကာလတွင် ရပ်ကွက်ကျေးရွာအသီးသီးရှိ မြေသားလမ်းများကို စည်ပင်သာယာရေးအဖွဲ့၏ စက်ယန္တယားများနှင့် ငွေကြေးများကို အသုံးပြုပြီး လမ်းခင်းခြင်းလမ်း၊ လမ်းဖွင့်ပွဲများ ပြုလုပ်ခဲ့ခြင်းများကို ၄င်းတို့ ပါတီမဲရရေးအတွက် ပြုလုပ်ခဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ ရွာအဝင်လမ်းမကြီးအား နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင်က သန်လျှင်မြို့ပြည်ထောင်စုကြံခိုင်ရေးနှင်ဖွံးဖြိုးရေးပါတီ (ကြံ့ ဖွတ်) မှ မဲဆွယ်စည်းရုံးသောအနေဖြင့် လမ်းခင်းပေးမည်ဟုဆိုကာ ကျောက်ခဲများအား လမ်းဘေးဝဲယာတစ်လျှောက် ပုံချထားခဲ့ပါသည်။



















နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲနေ့ တွင် (NDF) ပါတီမှ ဗိုလ်ချုပ်ကျေးရွာတွင် မဲအများစုရရှိသွားသဖြင့် ကြံ့ ဖွတ်မှ ရွာလမ်းမကြီးအား ဆက်လက်ခင်းကျင်းပေးခြင်း မပြုတော့ပါ၊ ရွာသူရွာသားများမှ မကျေမနပ် ပြော ဆိုမှုများရှိလာသေားအခါ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (ကြံ့ ဖွတ်) နှင့် ရပ်ကွက်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီတို့ မှ ဦးဆောင်ပြီး တစ်အိမ်ထောင်လျှင် လမ်းခင်းကျင်းရန်အတွက် အနည်း ဆုံး တစ်သောင်ကျပ် ထည့်ပေးရမည်ဟု အတင်းအကျပ် လိုက်လံကောက်ခံခဲ့ပါသည်။



















ထို့နောက် ရွာအဝင်လမ်းမကြီးအား ကျောက်ကြမ်းများသာခင်းထားပြီး လမ်းမကြီးကိုလည်း အနှေးယဉ် အမြန်ယဉ်များ သွားလာခွင့်မပြုဘဲ ပိတ်ဆို့ထားသည်မှာ (၂) လခန့် ကြာမြင့်နေပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။



















ဗိုလ်ချုပ်ကျေးရွာနေ ရွာသူရွာသားများအနေဖြင့် ကုန်ဈေးနှုန်း ကြီးမားပြီး စားဝတ်နေရေးခတ်ခဲသည့်ကြားက တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သောင်းကို အတင်းအဓမ္မ ထည့်ဝင်ခိုင်းသည့်အပြင် ၄င်းလမ်းကိုလည်း ပြီးအောင် မခင်းပေးဘဲ ပိတ်ဆို့ ထားသဖြင့် နေ့ စဉ် ခရီးသွားပြည်သူ ကျောင်းသားကျောင်းသူ အလုပ်သမားများ သွားလာရေးခတ်ခဲလျက်ရှိကြောင်းနှင့် ရွာသူရွာသားများအနေဖြင့် မကျေမနပ်ဖြစ်မှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။

(သတင်းပေးပို့ လာသော မိတ်ဆွေတစ်ဦးအား အထူးကျေးဇူးတင်ရှိပါသည်)။

No comments: