Monday, March 14, 2011

မြန်မာပြည်မှာ ဦးနှောက်မရှိတဲ့ ၀န်ကြီးချူပ် သမတ တက်လုပ်မယ်ဆိုတော့။

မှတ်သားစရာ ၀န်ကြီးချူပ်များ၏ စကားများ။



































ဂျပန်ငလျင်မှာ သေဆုံးတဲ့နှုန်းများလာလို့ ဂျပန်ဝန်ကြီးချုပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေ နှစ်ဆ တိုးလုပ်ဖို့ နဲ့ ဂျပန် စစ်သား တသိန်း (ဂျပန်စစ်တပ်ရဲ့ ၄၀ %) ကို တာဝန်ပေးလိုက်ပြီ။

တရုတ်ငလျင်မှာ တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ဘာပြောခဲ့သလဲဆိုတော့ “ငလျင်ဒဏ်ခံပြည်သူတွေအတွက် တမိနစ်တောင် အလဟသ အဖြစ်မခံနိုင်ဘူး၊ တမိနစ် တစက္ကန့်ဟာ ကလေးတယောက်ရဲ့ အသက်နဲ့ ညီမျှတယ်” တဲ့။

မြန်မာပြည် နာဂစ်မုန်တိုင်းဖြစ်တော့ အဲဒီတုန်းက ၀န်ကြီးချုပ်ဆိုတဲ့ သိန်းစိန် ဘာပြောခဲ့သလဲ။

“ကျုပ်အခုလာတာ ဘာမှမပါသေးဘူး ခင်ဗျားတို့ ဘာလိုအပ်လဲဆိုတာ လာကြည့်တာ၊ ထမင်းစားစရာ ပန်းကန်ပြား၊ မတ်ခွက်ကအစ လိုတာ ကျုပ်အခုသိသွားပြီ။ ပြန်လိုက်အုံးမယ်” တဲ့။

မှတ်ချက် ။ ။ အဲသလို အသိဥာဏ်မြင့်မားလှတဲ့ မြန်မာပြည်ရဲ့ ၀န်ကြီးချုပ်ကြီးက အခု မြန်မာပြည်ရဲ့ သမတ တဲ့။ ဟူး။

(သားဆွေ)။

No comments: