Thursday, April 28, 2011

Blinker Hacker Group မှ နအဖအား DDos ဖြင့် တိုက်ရိုက်တိုက်ခိုက်နေမှုများ ခေတ္တရပ်တန့်ထားမည်ကြောင်း သိရှိရသည်။

Blinker Hacker Group မှ နအဖ အား DDos ဖြင့် တိုက်ရိုက်တိုက်ခိုက်နေမှုများကို ယနေ့ နံနက်ပိုင်းမှ စတင် ပြီး ခေတ္တ ရပ်တန့်ထားလိုက်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ အဖွဲ့ သည် နအဖ၏ ကွန်ရက်များနှင့်နအဖ သတက်ဆိုးရှည်ရေးအတွက် အဓိကကျောထောက်နောက်ခံပြုနေကြသော အလိုတော်ရိ လက်ပါးစေများ အားပေးအားမြှောက်ပြုနေသူများ၏ ကွန်ယက်များကိုသာ တိုက်ရိုက်ဆန့် ကျင်တိုက်ခိုက်လျက်ရှိသော ပြည်သူ့ အင်အားစု တစ်စု ဖြစ်သည်။

Blinker Hacker Group အဖွဲ့မှ ထိုသို့ ခေတ္တရပ်တန့်လိုက်ခြင်းမှာ အများပြည်သူသုံးစွဲနေသော ကွန်ရက်ကို ထိခိုက်နေပါသည်ဟု နအဖမှ မဟုတ်မမှန် စွပ်စွဲပြောကြားချက်နှင့် ပက်သက်ပြီး အမှန်တစ်ကယ် ထိခိုက်မှုမရှိသည်ကို အများပြည်သူများ သိရှိစေရန်ဖြစ်ပြီး၊ ထိုသို့ ရပ်တန့်ထားချိန်တွင် နအဖဘက်မှ အများပြည်သူသုံးစွဲနေသော အင်တာနက်လိုင်းများ ကောင်းမွန်ခြင်းရှိမရှိကို ဆက်လက်စောင့်ကြည့်နေမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နအဖအာဏာရူးတို့ သည် ၄င်းတို့ ၏ အင်တာနက်စာမျက်နှာများ ပိတ်ဆို့ မှုများ၊ အင်တာနက်အမြန်နှုန်းလျှော့ချမှုများနှင့် အင်တာနက်သုံးစွဲသူ ပြည်သူအများအား မျိုးစုံသော အနှောင့်အယှက်ပေးနေမှုများကို ဖုံးကွယ်အကြောင်းပြရန်အတွက် ပြင်ပမှ တိုက်ခိုက်မှုကြောင့် ဖြစ်ရပါသည်ဟု လွှဲချကာ ပြည်သူအများ အထင်လွဲမှားစေရန်အတွက် အကြောင်းပြခြင်းသက်သက်သာ ဖြစ်သည်။

ယခုကဲ့သို့  Blinker Hacker Group အဖွဲ့မှ နအဖအား တိုက်ရိုက်တိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်းစောင့်ကြည့်နေချိန်အတွင်း အများပြည်သူများအနေဖြင့် မြန်မာပြည်၏ အင်တာနက်လိုင်းများ အပြည့်အ၀ ကောင်းမွန်တိုးတက်လာခြင်း ရှိမရှိကို သုံးသပ်ပြီး blinkerhackergroup@gmail.com သို့ တိုက်ရိုက်သတင်းပေးပို့ ဆက်သွယ်နိုင်ကြောင်း၊ blinker hacker group မှ ယနေ့မှစတင်ပြီး တစ်လခန့်စောင့်ကြည့်နေမည်ဖြစ်ပြီး တိုးတက်ကောင်းမွန်လာခြင်းမရှိပါက နအဖ ၀န်ကြီးဌာနလိုင်းများ စစ်တပ်အသုံးပြုနေသော ကွန်ရက်များကို ယခုထက် ပိုမိုမြှင့်တင်ပြီး တိုက်ခိုက်သွားမည်ဟု ပြောကြားပါသည်။

နအဖအာဏာရူးအဖွဲ့ သည် မြန်မာပြည်အင်တာနက်ကွန်ယက်အား အဓိက လိုင်းကြောင်းကြီး (၃) ခုခွဲ၍ ဆက်သွယ်ထားပါသည်။ နအဖအာဏာရူးသန်းရွှေနှင့် ထိပ်ပိုင်း စစ်တပ်အရာရှိကြီး ဗိုလ်ချူပ်ကြီးများ သီးသန်းအတွက် တစ်လိုင်း၊ နေပြည်တော်ရှိ နအဖ အုပ်ချူပ်ရေးယန္တယားအတွက် သီးသန့် တစ်လိုင်းနှင့် အခြားသော သာမန်လိုင်းတစ်လိုင်းမှာမူ သာမန်အရပ်သူအရပ်သား ပြည်သူများ သုံးစွဲစေရန် ရတနာပုံပေါ်တယ်ကဲ့သို့ သော ကွန်ယက်မှတစ်ဆင့် ဆက်သွယ်အသုံးပြုစေသော တစ်လိုင်းဟူ၍ ခွဲခြားထားခြင်းဖြစ်သည်။ နအဖအာဏာရူးသန်းရွှေနှင့် ထိပ်ပိုင်း စစ်တပ်အရာရှိကြီး ဗိုလ်ချူပ်ကြီးများ သီးသန်းအတွက် တစ်လိုင်းနှင့် နေပြည်တော်ရှိ နအဖ အုပ်ချူပ်ရေးယန္တယားအတွက် သီးသန့် တစ်လိုင်းတို့ မှာမူ မည်သို့ သော အင်တာနက်ဆိုင်ရာ ကန့် သတ်တားမြစ်ချက်နှင့် အင်တာနက်အမြန်နှုန်း နှေးကျခြင်း မရှိပေ။ အများပြည်သူအတွက် အပြထားသော အင်တာနက်လိုင်းကိုသာလျှင် အမျိုးမျိုး လုပ်ချင်သလိုလုပ်ကာ တားမြစ်ပိတ်ပင် အနှောင့်အယှက်ပြုနေခြင်းသာ ဖြစ်သည်။

မြန်မာပြည်တွင်း အင်တာနက်လိုင်းများအသုံးပြုနေပုံမှာ China, Thai , India တို့အား border gateway ဖြင့် ချိတ်ဆက်ထားရှိပြီး se me we 3 ရေအောက်ဆက်ကြောင်းဖြင့်လည်း ဆက်သွယ်ထားရှိပါသည်။ အများပြည်သူတို့ သုံးစွဲနေသော လိုင်းများကို se me we 3 ဖြင့်သာ ချိတ်ဆက်ထားရှိပေးပြီး၊
Inland gateway များကို စစ်တပ်နှင့် ၀န်ကြီးဌာနများမှသာ ရယူသုံးစွဲနေခြင်းဖြစ်သောကြောင့် Blinker Hacker Group အဖွဲ့၏ တိုက်ခိုက်မှုမှာ အများပြည်သူသုံးစွဲနေသော လိုင်းများအား မထိခိုက်စေဘဲ နအဖ၏ အဓိက အင်တာနက်လမ်းကြောင်းကိုသာ တိုက်ခိုက်နေခဲ့ခြင်းဖြစ်ကြောင်း၊ နအဖအာဏာရူးများ မဟုတ်မမှန် စွပ်စွဲပုံချသကဲ့သို့  အများပြည်သူမျာဒ၏ အင်တာနက် သုံးစွဲမှုကို လုံးဝ ထိခိုက်ခြင်း မရှိပဲ နအဖ၏ အင်တာနက် စာမျက်နှာများ၊ ၀န်ကြီးဌာနများ စစ်တပ်ကွန်ရက်များကိုသာ ထိရောက်စွာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Blinker Hacker Group အဖွဲ့မှ တာဝန်ရှိသူများမှ ပြောဆိုသွားပါသည်။

ထို့ ကြောင့် အများပြည်သူများအနေဖြင့် နအဖအာဏာရူးများမှ ပြည်ပတိုက်ခိုက်မှုကြောင့် အင်တာနက်လိုင်းများ နှေးကွေးနေသည်ဆိုသည့် ထင်ယောင်ထင်မှား သတင်းဖြန့်ချီလိမ်ညာမှုအား အမှန်အတိုင်း သိရှိစေရန် ယခုကဲ့သို့  အသိပေးရခြင်းဖြစ်ပါကြောင်း ပြောဆိုပါသည်။

Blinker Hacker Group အဖွဲ့မှ ယခုကဲ့သို့  နအဖအင်တာနက်ကွန်ယာက်များအား တစ်လတာ ခေတ္တ တိုက်ခိုက်မှု တစ်လခန့်ရပ်နားနေချိန်တွင် မြန်မာပြည်၏ အင်တာနက်ဆက်သွယ်မှု နှေးကွေးခြင်း၊ အင်တာနက်စာမျက်နှာများအား ဆက်လက်ပိတ်ဆို့ ထားခြင်း၊ အများပြည်သူတို့ ၏ ကိုယ်ရေးကိုယ်တာအတွက် အင်တာနက်အား ဆက်သွယ် အသုံးပြုမှုများအား ဆက်လက်နှောင့်ယှက်မှု ပြုနေခြင်းနှင့် လွတ်လပ်သော အင်တာနက်ဆက်သွယ်မှုများအား တားဆီးပိတ်ပင်ထားခြင်းတို့  ဆက်လက်ဖြစ်ပေါ်နေပါက မြန်မာပြည်၏ အင်တာနက်ဆိုင်ရာ သုံးစွဲရမှု အခက်အခဲ ပြဿနာများနှင့် အနှောင့်အယှက်မှန်သမျှသည် နအဖသာလျှင် တရားခံဖြစ်ကြောင်း မီးမောင်းထိုး ဖေါ်ပြလိုပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယ အဆိုးဝါးဆုံး အင်တာနက်ပိတ်ပင်မှုနိုင်ငံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ နအဖအာဏာရူးများသည် အများပြည်သူ သုံးစွဲနေသော အီးမေးလ်နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကြားဖြတ် စောင့်ကြည့် ရယူနေမှုများလည်း ပြုလုပ်လျက်ရှိနေသောကြောင့် ရာဇ၀တ်ပြစ်မှု ကျူးလွန်နေသောသူများ ဖြစ်ပါသည်။

အများပြည်သူများအနေဖြင့် ယခု Blinker Hacker Group အဖွဲ့၏ ထုတ်ပြန်ချက်ကို ဆက်လက်ဖြန့်ဝေပေးပါရန်နှင့် မိမိတို့ နေထိုင်ရာ ဒေသအတွင်း အင်တာနက်လိုင်းများ ကျဆင်းမှုများ၊ အနှောင့်အယှက်ပြုခံရမှုများ၊ တားဆီးပိတ်ပင်ခံရမှုများကို Blinker Hacker Group အဖွဲ့သို့  ဆက်သွယ် အီးမေးလ်ပေးပို့ ပါရန် အဆိုပါအဖွဲ့ မှ အထူးမေတ္တာရပ်ခံထားကြောင်း သိရှိရပါသည်။

ဆက်သွယ်ရန်မှာ - blinkhackergroup@gmail.com (not for chatting)

Blinker Hacker Group အဖွဲ့၏ အင်တာနက်စာမျက်နှာအား http://www.blinkhackergroup.net တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Blinker Hacker Group အဖွဲ့သည် မြန်မာပြည်တွင် လူ့ အခွင့်အရေးနှင့် အင်တာနက် လွတ်လပ်စွာသုံးစွဲမှုကို ပိတ်ပင်တားဆီးနှောင့်ယှက်နေသော အာဏာရူးအုပ်စုနှင့် ဒေါက်တိုင်များအား ဆက်လက် ဆန့် ကျင်နေမည်ဖြစ်ကြောင်းနှင့် မြန်မာပြည်သူပြည်သားများဘက်မှ အစဉ်ရပ်တည်နေမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ မှ အသိပေးကြောင်း သိရှိရပါသည်။

No comments: