Thursday, April 14, 2011

နအဖအသွင်ပြောင်း သိန်းစိန်အတွက် သိစေဖို့  - မြဝတီခရိုင် အုပ်ချုပ်ရေးမှုး (မ.ထ.သ) တပည့်မွေး ငွေတောင်းခံကာ ကိုယ်ကျိုးသုံးနေ။



































မြဝတီခရိုင်က ခရိုင်အုပ်ချုပ်ရေးမှုး ဦးဇော်လွင်ဦးသည် ယခင် (ခ.ယ.က) ဥက္ကဌ အဆက်ဆက်လုပ်ပိုင်းတွေမှာ ကောင်းမွန်တဲ့အတွက် ခန့်ထားခဲ့တဲ့ (မ.ထ.သ) ဥက္ကဌ ဦးဖိုးသီးကို ဘေးကန်ထုတ်ပြီး (မ.ထ.သ) အဖွဲ့သစ်ကို အဖွဲ့ဝင် (၁၈) ဦးနှင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

ဒီလိုဖွဲ့စည်းပြီးတဲ့အခါမှာတော့ (မ.ထ.သ) အဖွဲ့အသစ်ထဲက သူ့လက်ကိုင်တုတ်အဖြစ် အသုံးချလို့ရမည့် ဦးမင်းဦး (ဗိုလ်ကြီးဟောင်း) ကို အတွင်းရေးမှုးခန့်ပြီးတော့ ကိုအောင်မြိုင်တို့ သားအဖနှင့် တွဲကာ ငွေတောင်းခြင်းကို စခဲ့ပါသည်။

(မ.ထ.သ) ဆိုတာ မြို့တိုင်းရဲ့  အဝေးပြေးကားဝင်းထဲမှာဘဲ အခြေပြုပြီးတော့ မော်တော်ယာဉ်တွေကို ထိန်သိမ်းပြီး သတ်မှတ်ထားတဲ့ ထိုက်သင့်ငွေကို ကောက်ခံရမည့်အလုပ်အစား မဆီမဆိုင် မြဝတီမြို့ ရဲ့ ထွက်ပေါက်ဖြစ်တဲ့ တံတားကျိုးဂိတ်မှာ ဂိတ်ထိုင်စေပြီး ငွေတောင်းခိုင်းပါသည်။

တရားဝင်ကောက်ခံမယ်ဆိုတဲ့ (မ.ထ.သ) ကြေးကတော့ ကားသေး (၁၀၀၀)ကျပ်၊ ကားလတ်(၂၀၀၀)ကျပ်၊ ကားကြီး(၃၀၀၀)ကျပ်လို့ သတ်မှတ်ထားပေမယ့်လည်း၊ တံတားကျိုးဂိတ်မှာ ထိုင်စေပြီး ငွေတောင်းတဲ့ (မ.ထ.သ) အတွင်းရေးမှုး ဦးမင်းဦး တောင်းခံတဲ့ငွေကတော့ ဟိုင်းလက်အပါအဝင် ကားလေးတစ်စီး (၅၀၀၀-၁၀၀၀၀) ကျပ်၊ မှန်လုံအသေးကို (၂၀၀၀) ကနေ (၄၀၀၀) ကျပ်၊ ကားကြီးတွေကို (၅၀၀၀၀) ကျပ်မှ ကျပ်တစ်သိန်းအထိ တောင်းခံခဲ့ပါသည်။

မြဝတီမြို့မှနေ ယာဉ်များ အဆင်းရက်တွေမှာ ခန့်မှန်းခြေအနည်းဆုံး ကားလေးကားကြီး အစီး (၅၀၀) ကျော် ဖြတ်သန်းတာ ဖြစ်ပါသည်။ ကောက်ခံရတဲ့ငွေတွေထဲက (မ.ထ.သ) တရားဝင်သတ်မှတ်ကြေးကို ကားစီးရေ လျှော့ပြပြီး (မ.ထ.သ) အဖွဲ့ကို ငွေသွင်းကာ ကျန်ငွေများကို ဦးဇော်လွင်ဦး လက်ထဲကို အပ်ရပါသည်။

ကျန်တဲ့ (မ.ထ.သ) အဖွဲ့ဝင်တွေကလည်း တံတားကျိုးဂိတ်ကို သွားပြီး အလုပ်လုပ်ချင်ပေမယ့် ဥဲီးဇော်လွင်ဦးက လက်သပ်မွေးထားတဲ့ ဦးမင်းဦး အပါအဝင် (၃) ဦးကိုသာ အမြဲတန်း တာဝန်ပေးတောင်းခိုင်းတာ ဖြစ်နေတော့ (မ.ထ.သ) အဖွဲ့ဝင်အချို့လည်း အလုပ်ထွက်ဖို့ လုပ်နေကြပြီး အများစုကတော့ မပြောရဲ မဆိုရဲဘဲ ငြိမ်ကုတ်နေကြရသည်ဟု သတင်းပေးလိုက်ရပါသည် ခင်ဗျာ။

မတရားမှုကို ခံစားနေရသော မြ၀တီသားများ။

(နအဖအသွင်ပြောင်း သိန်းစိန်အတွက် သိစေဖို့  - အဂတိလိုက်စား မသန့် ရှင်းတဲ့ အစိုးရအုပ်ချူပ်ရေးအဖွဲ့ ဝင်တွေ လုပ်ရပ်က ဒီလိုဆိုတာ ခေါင်က မလုံတော့ ဖြစ်နေကြတာပါဘဲ)။

No comments: