Monday, April 25, 2011

ခြစားပိုးကိုက်နေတဲ့ မြဝတီခရိုင်အုပ်ချုပ်ရေးမှုးအကြောင်း။

မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးဇော်လွင်ဦး၏ ခြစားပိုးကိုက်ဖြစ်နေပုံများကို တင်ပြလိုပါသည်။

မြဝတီမြို့ ရှိ မြစန္ဒီဂေါက်ကွင်းဘေးရှိ မြေကွက်လပ်များတွင် ဂေါက်ကွင်း ရံပုံငွေအဖြစ် ဆိုင်ခန်း များ ဆောက်လုပ်ငှားရမ်းထားပါသည်။ ဂေါက်ကွင်း ဆိုင်ခန်းများ၏ အစွန်ဆုံး ဓါတ်ဆီဆိုင်အနီးရှိ မြေကွက်လပ်တွင် ဦးကျော်ဇေယျမှ ဂေါက်ကွင်းရံပုံငွေအဖြစ် မြေငှားခ ငွေကျပ်သိန်း (၆ဝ) ပေးသွင်းပြီး ကိုယ်ထူကိုယ်ထ (၂) ထပ်ထိုက် (အာစီ) ဆောက်လုပ်နေချိန်တွင် မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးဇော်လွင်ဦးမှ ၄င်းအား လာဘ်လာဘလာရောက်ပေးသွင်းခြင်း မရှိသဖြင့် အဆောက်အဦးအား ဆက်လက်ဆောက်လုပ်ခြင်း မပြုရန် တားမြစ်ခဲ့ပါသည်း။

ဦးကျော်ဇေယျ အနေဖြင့် အဆောက်အဦး ဆောက်လုပ်ခဲ့သည်မှာ ငွေကြေး အမြောက်အမြား ကုန်ကျနေပြီဖြစ်သည့်အတွက် အဆောက်အဦး ဆောက်လက်စကို ရပ်တန့် ကာ မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးဇော်လွင်ဦးထံသို့  ငွေကျပ်သိန်း (၂ဝ) နှင့် ဂေါက်ဆက် (၁) စုံ လာဘ်ပေးလိုက်တော့မှသာ ဆက်လက်ဆောက်လုပ်ခွင့်ရခဲ့ပြီး ယခုအချိန်တွင် အဆောက်အဦးမှာ ပြီးခါနီး နောက်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ရပါသည်။

မြဝတီမြို့  အမှတ် (၂) ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ဘုရားကျောင်းနှင့် ပတ်သက်၍လည်း ဘုရားကျောင်း အဆောက်အဦးရှေ့ အလျားပေ (၈ဝ)၊ အနံ (၈)ပေခန့် ကို သံပန်းများဖြင့် ဆောက်လုပ်ပြီး နေရောင်ကာ အမိုးမိုး ဆောင်ရွက်နေချိန်တွင် မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးဇော်လွင်ဦးမှ ၄င်း၏ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်နေခြင်းအတွက် ဘုရားကျောင်းဂေါပကအဖွဲ့ ကို ခေါ်ယူပြောဆိုခဲ့ရာ ဂေါပက ဥက္ကဌနှင့် ဘဏ္ဍာငွေတာဝန်ခံတို့ မှ ဘာသာရေးအဆောက်အဦး၏ နေရောင်ကာ အမိုးသွပ်များ မကောင်း၍ လဲလှယ်ခဲ့ခြင်းသာဖြစ်ကြောင်း တောင်းပန်ပြောဆိုပြီး၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးဇော်လွင်ဦးမှ ဘာသာရေးအဆောက်အဦးအတွက် ခွင့်ပြုပေးခဲ့လျှင် အခမ်းအနားဖြင့် ဂုဏ်ပြုဆုငွေပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းကို လက်မခံသည့်အတွက် နောက်ဆုံးတွင် မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးဇော်လွင်ဦး၏ နေအိမ်သို့ သွားရောက်ကာ ငွေကျပ်သိန်း (၅ဝ) ပေးလိုက်တော့မှသာ မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးဇော်လွင်ဦး၏ နှောင့်ယှက်မှုများ ငြိမ်သက်သွားပြီး ဘုရားကျောင်း၏ နေရောင်ကာအမိုးဆောက်လုပ်မှု လုပ်ငန်းမှာလည်း အထမြောက်ခဲ့ရပါသည်။

ဤကဲ့သို့  မြဝတီခရိုင်အုပ်ချုပ်ရေးမှုး ဦးဇော်လွင်ဦး၏ ခြစားပိုးကိုက်ဖြစ်နေပုံများ တစိတ်တစ်ပိုင်းအား အများသိရှိစေရန်အတွက် တင်ပြလိုက်ရပါသည်။

မြ၀တီမြို့ တွင် နေထိုင်နေသူများ။

No comments: