Monday, April 11, 2011

နှစ်သစ်ဦးအချိန်အခါ “အမေ့အိမ်” မှာ ၀ိုင်းဝန်းကူညီပေးခြင်းဖြင့် ပညာဒါန ပြုကြပါစို့ ။

နှစ်သစ်ဦးအချိန်အခါ “အမေ့အိမ်” မှာ ဆင်းရဲနွမ်းပါးလို့ Computer IT ပညာရပ်တွေနဲ့ အလှမ်းဝေးနေတဲ့ ကလေးတွေ မဖြစ်ရလေအောင် ၀ိုင်းဝန်းကူညီပေးခြင်းဖြင့် ပညာဒါန ပြုကြပါစို့ ။

သင်္ကြန်ရနံ့တွေနဲ့ အတူ အမေ့အိမ်က ၀မ်းသာစရာသတင်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ အမေ့အိမ်မှာ ပညာ ရည်နို့ သောက်စို့နေတဲ့ ကျောင်းသူကျောင်းသားလေးတွေ တစ်နေ့တစ်ခြား များပြားလာတာကြောင့် ကျောင်းဆောင်ကို ထပ်မံတိုးချဲ့နေရပါပြီ။ ယခင်စတင်တည်ထောင်စဉ်က အကျယ်အ၀န်းမှာ (12' x 25' =375' sq ) သာ ရှိပြီး ယခုထပ်ချဲ့နေတဲ့ အကျယ်အ၀န်းကတော့ ( 17'x45' = 765'sq ) ဖြစ်ပါတယ်။ အခု နွေရာသီ ကျောင်းပိတ်ရက်မှာ English Speaking နဲ့ Grammar Course၊ ပန်းချီသင်တန်းတွေကို (၈) တန်းအထိ သင်ကြားပေးနေပါတယ်။

သင်္ကြန်တွင်း ကျောင်းပိတ်ထားမှာ ဖြစ်ပြီး၊ သင်္ကြန်လွန် ကျောင်းပြန်ဖွင့်ရင်တော့ Computer သင်တန်းလေးတစ်ခုနဲ့ စာကြည့်တိုက်လေးတစ်ခုပါ ဖွင့်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ဆင်းရဲနွမ်းပါး လို့ Computer IT ပညာရပ်တွေနဲ့ အလှမ်းဝေးနေတဲ့ ကလေးတွေ မဖြစ်ရလေအောင် ကြိုးစားခြင်းဖြစ်ပါတယ်။

မိမိတို့ထံမှ အသုံးမ၀င် ၊ ပိုလျှံ ၊ Model နိမ့်နေတဲ့ Computer အဟောင်းတွေ၊ စာအုပ်စာတမ်း ၊ ဂျာနယ်တွေကို လှုဒါန်းပြီး ပညာပါရမီဖြည့်ပေးကြဖို့ နိုးဆော်လိုက်ပါတယ်။



နှစ်သစ်ဦးအချိန်အခါ “အမေ့အိမ်” ကို ဆက်သွယ်ရန် -

ကိုငယ်

အမေ့အိမ် ပညာဒါန စာသင်ကျောင်း။

ဖုန်း - ၀၉ ၅၁၆၂၀၆၀။

No comments: