Friday, April 29, 2011

ပြည်သူချစ်တဲ့သူတို့ ရဲ့  မင်္ဂလာဆောင်နဲ့  ပြည်သူမုန်းတီးသူတို့ ရဲ့  မင်္ဂလာဆောင်။



















တကမ္ဘာလုံး သန်းပေါင်းချီသော နိုင်ငံတကာပြည်သူများနဲ့  အင်္ဂလန်ပြည်သူပြည်သားများက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  ၀မ်းသာအားရ ချီးမြှောက်ဂုဏ်ပြုသော အင်္ဂလန်နိုင်ငံ တော်ဝင်မင်းသား ၀ီလီယျံနဲ့  ကိတ်တို့ ရဲ့  တော်ဝင်မင်္ဂလာထိမ်းမြားလက်ထပ်ပွဲကတော့ မြန်မာပြည်က အာဏာရူးသန်းရွှေရဲ့  သမီး သန္တာရွှေ မင်္ဂလာဆောင်နဲ့  နှိုင်းယှဉ်ကြည့်ရင် နံ့ သာဆီနဲ့  အီးလို ကွာခြားလှပါတယ်။






























ပြည်သူပြည်သားတွေ ချစ်မြတ်နိုးတဲ့သူတွေကို ဂုဏ်ပြုကြတာနဲ့  ပြည်သူက ရွံ့ မုန်းတဲ့သူတွေကို အမြင်ကတ်ကြတာလည်း ကွာတာကိုး။ ပကာသနမက် မာနထောင်လွှားပြီး တိုင်းပြည်ပိုင် ဘဏ္ဍာပစ္စည်းတွေ ခိုးယူမောင်ပိုင်စီးနေကြတဲ့ သန္တာရွှေရဲ့  မင်္ဂလာဆောင်ဖြစ်နေတာကလည်း အင်မတန် ရုပ်ဆိုးလွန်းခဲ့ပါတယ်။
























အင်္ဂလန်နိုင်ငံ တော်ဝင်မင်းသား ၀ီလီယျံနဲ့  ကိတ်တို့  ဇနီးမောင်နှံနှစ်ဦး မင်္ဂလာလက်ထပ်ထိမ်းမြားအပြီးမှာ တော်ဝင်မြင်းလှည်းပေါ်လိုက်ပါပြီး လမ်းဘေးဝဲယာမှာ ကြိုဆိုနေကြတဲ့ အင်္ဂလန်ပြည်သူပြည်သားတွေကို လှည့်လည်နှုတ်ဆက်ကြတာ ပြည်သူကို အလေးထားချစ်မြတ်နိုးမှုကို ပြသလို ပြည်သူနဲ့ တစ်သားထဲ ရှိကြတာကို ပြတာလည်း ဖြစ်တယ်။
























မြန်မာပြည်က အာဏာရူး သန်းရွှေတို့  မိသားစုတွေများ ပြည်သူလူထုကြားထဲ လာတောင် မလာရဲတာကတော့ ပြည်သူတစ်ယောက်ချင်းစီတိုင်းက ၀ိုင်းထွေးမယ့် တထွေးတွေကြောင့် နစ်သေမှာ စိုးရိမ်လို့ ဘဲ ဖြစ်ပါတယ်။



























ပြည်သူချစ်တဲ့သူတို့ ရဲ့  မင်္ဂလာဆောင်ကတော့ ပြည်သူတွေနဲ့ အတူ ၀မ်းမြောက်ဖွယ် ဂုဏ်ယူဖွယ် ကျင်းပကြပါတယ်။

No comments: