မြန်မာ ရဟန်းရှင်လူပြည်သူတွေတင်မကဖူး ဂျပန်သတင်းထောက်ကိုပါ ပစ်သတ်ခဲ့မှုကို သန်းရွှေတို့  သိန်းစိန်တို့  ရှင်းပါ။
နအဖလူသတ်ကောင်တွေဟာ ဂျပန်သတင်းထောက်ကို ပစ်သတ်ခဲ့ပြီး သက်သေခံ ကင်မရာကိုလည်း ဖျောက်ဖျက်ပြစ်ခဲ့တယ်။ ဒီကိစ္စဟာ နအဖဟာ လူသတ်ကောင်တွေဆိုတာ နိုင်ငံတကာမှာ သက်သေပြစေတဲ့ အဖြစ်အပျက်ဘဲ။
ဂျပန်သတင်းထောက် နာဂါးအိခန်းဂျိစံ ရက်စက်စွာ ပစ်သတ်ခံရမှုကို မြန်မာ့သမိုင်းမှာ ပျေက်ကွယ်မှာ မဟုတ်သလို ဂျပန်ပြည်သူပြည်သားတွေအနေနဲ့  လည်း မေ့ပျောက်မှာ မဟုတ်ဖူး။ နအဖဟာ မြန်မာပြည်သူပြည်သားတွေတင်မကဖူး အခြားသော တိုင်းသူပြည်သားတွေကိုပါ လူ့ အသက်တစ်ချောင်း တန်ဖိုး မထားဘဲ ရိုင်းစိုင်းယုတ်မာစွာ သတ်ပစ်တာမို့  လူ့ လောကအနေနဲ့  လုံးဝလက်ခံစရာ အကြောင်း မရှိပါဖူး။
ဂျပန်ပြည်သားပြည်သား တစ်သိန်းကျော်ကနေ ရက်စက်စွာ ပစ်သတ်ခံခဲ့ရတဲ့ နာဂါးအိခန်းဂျိစံ သေဆုံးရမှုကို အဖြစ်မှန်အတိုင်း ဖေါ်ထုတ်ပေးဖို့ နဲ့  နာဂါးအိခန်းဂျိစံရဲ့  ကင်မရာကို ပြန်လည်ပေးအပ်ဖို့  တောင်းဆိုနေပါပြီ။
Video streaming by Ustream
နအဖ သန်းရွှေတို့  သိန်းစိန်တို့  ဒီ လူသတ်မှုကို ဆက်လက်ဖျေက်ကွယ် အမေ့ခံထားလို့  မရပါဖူး။ ထို့ အတူ ရဟန်းရှင်လူပြည်သူလူထုကို သတ်ဖြတ်ခဲ့တဲ့ ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံ၊ ဒီပဲယင်းကိစ္စနဲ့  ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အစရှိတဲ့ လူထုလှုပ်ရှားမှုတွေမှာ ဖြစ်ပျက်ခဲ့သမျှကို သိန်းစိန် အရပ်သားအစိုးရပေါ်ပေါက်တယ်ဆိုပြီး ပြည်ဖုံးကား ချမရသလို ဖုံးကွယ်အမေ့ပျောက်ခံလို့ လည်း မရသလို လိမ်လည်လှည့်ဖြားတိုင်း ပျောက်ဆုံးသွားမယ်လို့ လည်း မထင်ပါနဲ့ ။
ဂျပန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ သတင်းထောက် နာဂါးအိခန်းဂျိစံကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အမှုကို သန်းရွှေတို့  သိန်းစိန်တို့  ရှင်းရပါလိမ့်မယ်။ ထို့ အတူ မြန်မာပြည်သူပြည်သားတွေကို သတ်ဖြတ်ခဲ့တာတွေကိုလည်း ရှင်းရပါလိမ့်မယ်။
No comments:
Post a Comment