Wednesday, May 25, 2011

ဘုရင်ရူးရူးနေတဲ့ သန်းရွှေရဲ့ အပါးစေလူယုံတော်ကြီး သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ရာဇပလ္လင်ကြီး ရောက်လို့  နေ။

အောက်ဖေါ်ပြပါ ပုံက ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ထားရှိထားတဲ့ သီပေါဘုရင် ထိုင်ခဲ့တဲ့ သီဟာသန ပလ္လင်ကြီး ဖြစ်ပါတယ်။






























အခုတော့ ဘုရင်ရူးရူးနေတဲ့ သန်းရွှေရဲ့ အပါးစေလူယုံတော်ကြီး သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ရာဇပလ္လင်ကြီးကို ထားထားတာ အင်မတန် မသင့်တော်တဲ့ လုပ်ရပ်ပါဘဲ။























ရာဇပလ္လင်ဆိုတာ ရှေးခေတ် မြန်မာနိုင်ငံရဲ့  သက်ဦးဆံပိုင် ဘုရင်တွေ ထိုင်ခဲ့တဲ့ အထွဋ်အမြတ်ထားရာ နေရာထိုင်ခင်း ဖြစ်ပါတယ်။ ရာဇပလ္လင်တစ်မျိုးဖြစ်တဲ့ သီဟာသနပလ္လင်ဆိုတာ ခြင်္သေ့ရုပ်ခံဖြစ်ပြီး ယမနေသားနဲ့  ထုဆစ်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ဟာ လွှတ်တော်ကျင်းပရာခန်းမဆောင်အတွင်းမှာ ထားရှိပြီး လွှတ်တော်အတွင်း မှူးမတ်အပေါင်းတို့ ရဲ့  ပူဇော်ခံပြီး လွှတ်တော်ကျင်းပတာ ဖြစ်ပါတယ်။ သီဟာသနပလ္လင်ဟာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ပလ္လင် (၈) ပါးထဲက အထွဋ်အထိပ်ထားတဲ့ အမြင့်မြတ်ဆုံး ပလ္လင်ဖြစ်ပါတယ်။

နေပြည်တော်ဆောက်လုပ်နေစဉ် သတင်းထွက်ပေါ်လာခဲ့တဲ့ ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ထားရှိထားတဲ့ သီပေါဘုရင် ထိုင်ခဲ့တဲ့ သီဟာသန ပလ္လင်ကြီးနဲ့  ပုံစံတူတဲ့ ပလ္လင်ကြီးတစ်ခုကို နေပြည်တော်ကို ရွှေ့ တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့တာ အခုတော့ တကယ်ကို သိန်းစိန်ရဲ့  ရုံးခန်းထဲမှာ ရောက်နေတာ တွေ့ မြင်ရပါပြီ။

ဒီနေရာမှာ ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ခေတ်အဆက်ဆက်က ထားရှိခဲ့တဲ့ သီဟာသနပလ္လင်ကြီးရော ဆက်ရှိနေသေးရဲ့ လား၊ အခု သိန်းစိန်ရဲ့  ရုံးခန်းထဲကို ရောက်နေတဲ့ သီဟာသနပလ္လင်ကြီးက အမျိုးသားပြတိုက်ထဲကနေ ပြောင်းယူခဲ့တဲ့ ပလ္လင်အစစ်ဖြစ်နေပြီး ရန်ကုန်က အမျိုးသားပြတိုက်ထဲမှာတော့ အတုနဲ့ အစားထို့  လဲထားပြီး အများပြည်သူအမြင်မှာ ဟန်မပျက်ရှိနေအောင် ဖန်တီးထားသလားဆိုတာ မေးစရာဖြစ်နေပါပြီ။

သန်းရွှေတို့  သိန်းစိန်တို့  အာဏာရူးတွေ ဖြောင်ပြစ်နေတဲ့ အစစ်ကို အတုနဲ့  ပှုံမှားရိုက်ပြီး အစားထိုးထားတဲ့ မြန်မာ့ရှေးဟောင်းအမွေအနှစ်တွေ ဘုရားစေတီပုထိုးက သယံဇာတတွေ ဌာပနာတွေ ဘယ်လောက်တောင်ရှိနေပြီးလည်း ကုန်ဆုံးပျောက်ကွယ်နေပြီလည်းဆိုတာ တွေးကြည့်ရပါတော့မယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးတောင် ရွှေ့ ယူလို့ ရမယ်ဆိုရင် အခုဆို နေပြည်တော် ရောက်နေလောက်ပါပြီ၊ နောက်ဆုံး ဘုရားစေတီပုထိုးတွေ အတုလိုက်လုပ်ပြီး တန်ခိုးအရှိအ၀ါရှိအောင်ဆိုပြီး မလုပ်သင့်တာ လုပ်နေတဲ့ သန်းရွှေတို့  သိန်းစိန်တို့ အာဏာရူးတွေရဲ့  ပြောမယုံ ကြုံဖူးမှသိဆိုသလိုဘဲ အခု သိန်းစိန်ရဲ့  ရုံခန်းထဲရောက်နေတဲ့ သီဟာသနပလ္လင်ကြီးက သက်သေပြနေပါပြီ။

သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ အလှပြထားရမယ့်အရာ မဟုတ်ပါဖူး။ နိုင်ငံခြားသား သံတမန်တွေ လူမျိုးခြား ဧည့်သည်တွေကို မြန်မာပြည်ရဲ့  အခြားသော လက်မှုအနုပညာများနဲ့  ပြသလို့  ရပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့  တော်ဝင်ပစ္စည်း သမိုင်းအမွေအနှစ်တွေကို အစစ်ကိုဖြစ်စေ ပုံတူတုလို့ ဘဲ ဖြစ်စေ တန်ဖိုးမဲ့စွာ လုပ်ပြဖို့  မသင့်တော်ဖူးဆိုတာ တိုင်းပြည်ရဲ့  ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုပြီး ပြောပြောနေတဲ့ သန်းရွှေတို့  သိန်းစိန်တို့  က အမျိုးမျိုး ဖောက်ပြန်လုပ်ဆောင်နေတာပါလား။









































































































သမိုင်းအမွေအနှစ်တွေ ပြည်သူပိုင်ပစ္စည်းတွေ တိုင်းပြည်ရဲ့  ရှေးဟောင်းအမွေအနှစ်တွေကို သိန်းစိန်တို့  အခုလို လက်လွတ်စပယ်လုပ်နေကြတာဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးကို အကြီးအကျယ် စော်ကားနေတာ ဖြစ်ပါတယ်။

No comments: