Monday, May 30, 2011

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကိုမင်းဇေယျာ၏ မိခင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ကြေကွဲဝမ်းနည်းရပါကြောင်း။
























နအဖအာဏာရူးတွေရဲ့  မတရားဖမ်းဆီးထားမှုကြောင့် လားရှိုးအကျဉ်းထောင်မှာ (၆၅) နှစ် (၆) လ အကျဉ်းချခံနေရတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျာရဲ့  မိခင်ကြီးဖြစ်သူ ဒေါ်(မိ)ချစ်ဖွား (အသက် - ၇၆နှစ်) သည် မွန်ပြည်နယ်၊ မုဒုံမြို့ နယ်၊ ကမာဝက်ကျေးရွာနေအိမ်တွင် လူကြီးရောဂါဖြင့် (၂၇.၅.၂၀၁၁) ခုနှစ် ည (၁၁) နာရီ (၂၀) မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဒေါ်(မိ)ချစ်ဖွား ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ နိုင်ဘရင်နှင့် သားသမီး (၈) ဦး ကျန်ရစ်ခဲ့ပါတယ်။

ကွယ်လွန်သူ ဒေါ်(မိ)ချစ်ဖွားအား (၂၉.၅.၂၀၁၁) ရက်နေ့  နေ့ လည် (၁) နာရီတွင် မွန်ပြည်နယ်၊ မုဒုံမြို့ နယ်၊ ကမာဝက်ကျေးရွာသုဿန်တွင် ဂူသွင်းသင်္ဂြိုလ်ပြီး ဖြစ်ပါတယ်။ လာမည့် (၃.၆.၂၀၁၁) ရက်နေ့ တွင် ရက်လည်ဆွမ်းကျွေးပြုလုပ်မည် ဖြစ်ပါသည်။

မိခင်ကွယ်လွန်ချိန်တွင် တွေ့ ဆုံခွင့် မရရှိဘဲ မတရားထောင်သွင်းအကျဉ်းကျခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာအတွက် ကိုယ်ချင်းစာ ကြေကွဲခံစားရမှုနဲ့ အတူ လူသားချင်း ညှာတာစိတ်ကင်းမဲ့လွန်းသော သန်းရွှေ သိန်းစိန် အာဏာရုးအုပ်စုဟာ ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။

No comments: