Wednesday, May 18, 2011

အာဏာရှင် သန်းရွှေ သေရင် ....

အာဏာရှင် သန်းရွှေ သေရင် ....

စိုင်းစိုင်းသန်းရွှေ (ကနေဒါ) + ၀တ်မှုံကြိုင်ကြိုင် (အမေရိကား) မှ တင်ဆက်သည်။

သန်းရွှေသေပြီ…(Than Shwe pass away) by yeyintanada

(သန်းရွှေသာ ရှောသွားရင်~~ နင်တကယ် ကျေနပ်လား

သန်းရွှေသာ ရှောသွားရင် ~~~ ငါ တကယ်ပါ Breakdance ကမလို့ 

သန်းရွှေသာ ရှောသွားရင် ~~ နင်တကယ် ပျော်မှာလား

သန်းရွှေသာ ရှောသွားရင် ~~ ငါ တကယ်ပါ နတ်ကနားပေးမလို့ )၂

18 နှစ်ပြည့် တဲ့ သူတွေ ~~ စစ်မှုထမ်းရတော့ မယ်တဲ့ 

ကားလိုက်ရတဲ့ သတင်း ဆိုးကြောင့်  ~~ နေရတာခက်ခဲ

သူထုတ်ခဲ့ တဲ့ ဥပဒေအားလုံး ~~ သူကိုယ်တိုင်ဘဲ ချိုးဖောက်သည်

ဗိုလ်ချုပ်တွေဆိုရင်လဲ ~~ သူကိုယ်တိုင်ဘဲ ဖြုတ်ပစ်သည်

ဘိုခင်ညွန့် တဖွဲ့ လုံးလဲ ~~ မြောင်းထဲရောက်သွား

အတွေး~ တွေနဲ့  ငါပေါက်ကွဲ ~~ ငါ့ ရင်မှာ လှိုက်မော

ငါလေစဉ်းစားမိတာက~~ အား ~~လေယာဉ်ပျံ ကြီး မောင်းရမလားလို့ 

စုံစမ်းကြည်တယ် စပ်စုမိတယ် လေယာဉ်ဘယ်နှစ်စီး ရှိသလဲလို့ 

F16 တစင်းမှ မရှိတော့ ~~ ဖီလင်နဲနဲအောက်တာပေါ့ 

တေဇ နဲ့ ဇော်ဇော် ကလဲ ~~ ဂွင်နဲနဲတော့ ရိုက်တာပေါ့ 

တိုင်းမှုးတွေလဲ စားတာများလို့ ~~ နင်ကုန်ပီ

ရှေ့ တန်းက စစ်သားတွေလဲ ~~ ပိုးလိုးပက်လက် လန်ကုန်ပီ

ယိုးဒယားနယ်စပ် ~~ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေက ဆက်ဖြစ်

စစ်ကူတွေကို ထပ်လွှတ် ~~ ပေါ်တာတွေ ထပ်ဆွဲပစ်

မလိုချင်ဘူး ~~ ထပ်လွှတ် လေယာဉ် နောက်တစင်း

ဒါပေမဲ့ လဲ လမ်းတ၀က်မှာဘဲ စက်ချွတ်ယွင်း ~~ ပျက်ကျ

18 နှစ်ပြည့် ပီ ~~ အချစ်လေး

မိန်းခလေးလဲ ~~ စစ်တိုက်စေမယ်တဲ့ 

လက်ထပ်မှဖြစ်မယ် ~~ အချစ်လေး

အိမ်ထောင်သည်အမျိုးသမီး မပါ ~~ တော်ပါသေး

သေကွဲသာ ကွဲလိုက်ချင်ရဲ့ ~~ ရှင်မွေးလွန်းနဲ့ နန္ဒာလို

ရှင်ကွဲ ကွဲကာ သေရာပါမဲ့ ~~ ဒဏ်ရာမျိုး

ငါမပြောရက်ပါ ~~ မယ်သီလရှင် သွားဝတ်လိုက်ဘို့ 

လူဖြစ်ခဲ့ တာ ~~ ၁၈နှစ် ပြည့် တာ~~ ငါတို့ ရဲ့  အပြစ်တွေဘဲလို့ 

အကြောင်းမဲ့ ~~ ဒီ ဥပဒေကိုထုတ်တာမဟုတ်

နင်သိဘို့ ပြောချင်လို့ ~~ တပ်ရင်းတွေမှာ တပ်သားမရှိဘူး

ပေါ်တာတွေ စွဲ “အား” လုံးဝမရတော့ ဘူး

ကလေးစစ်သား ~~ သုံးတယ်ဆိုပီး

လူ့ အခွင့် အရေးအဖွဲ့ က အော်လို့ ~~ ပျားတုတ်

ငါ့ မှာ တစ်လမ်းဝင် တစ်လမ်းထွက်

နင်နေတဲ့ ရပ်ကွက် ~~ ၃ရက်ဆက်တိုက် သန်းကောင်စာရင်းကောက်မတဲ့ 

ငုတ်တုတ် ~~ ငါအတွေးနဲ့ စီးမျော

အရင်တုန်းက ကြံ့ ဖွတ်အဖွဲ့ ဝင် ကဒ်ပြားလေးကို ပြရင်ကောင်းမလား

ဟန်းဖုန်းလေး ကိုင်ရမလားလို့ ~~ ကြံ့ဖွတ်အဖွဲ့ ဝင်ခဲ့ ဘူးတာကို

အရင်တုန်းက ၀ါးရင်းတုတ်ဆို ~~ စစ်ထဲရောက်ရင် G3 မို့ 

ဘုန်းကြီးတွေကို နှိပ်စက်ခဲ့ တာ ~~ ဒီတခါ ငါဝဋ်လည်ပီလား

ထူးအိမ်သင်သီချင်းလိုမျိုး ~~ အိုမေမေရေ ကယ်ပါဦးလား

ဘုန်းကြီးဝတ်ရင် ကောင်းမလား ~~သာသနာ့ဝန်ထမ်းဆို ကင်းလွတ်တယ်တဲ့ 

လူပြန်ထွက်လိုက်ရင်လဲ ~~ အပြင်မှာ ဘာမှမလုပ်တတ်ဘူး

ခြေတဖက်ပြတ်တွေမြင်ရင် ~~ ငါစဉ်းစားရင်း ကြက်သီးထလို့ 

သေရာပါ ပါမှာဘဲ ~~ ကိုယ်ထောင်တဲ့ မိုင်း ကိုယ်ပြန်နင်းမိလို့ 

(18 နှစ်ပြည့် ပီအချစ်လေး ~~ မိန်းခလေးလဲစစ်တိုက်စေမယ်တဲ့ 

လက်ထပ်မှဖြစ်မယ်အချစ်လေး ~~ အိမ်ထောင်သည်အမျိုးသမီးမပါ တော်ပါသေး

သေကွဲသာကွဲလိုက်ချင်ရဲ့  ရှင်မွေးလွန်းနဲ့ နန္ဒာလို

ရှင်ကွဲ ကွဲကာသေရာပါမဲ့ ဒါန်ရာမျိုး

ငါမပြောရက်ပါ မယ်သီလရှင် သွားဝတ်လိုက်ဘို့ 

လူဖြစ်ခဲ့ တာ ၁၈နှစ်ပြည့် တာ ငါတို့ ရဲ့ အပြစ်တွေဘဲလို့ )၂

(သန်းရွှေသာ ရှောသွားရင် ~~ နင်တကယ်ကျေနပ်လား

သန်းရွှေသာ ရှောသွားရင် ~~ ငါတကယ်ပါ Breakdance ကမလို့ 

သန်းရွှေသာ ရှောသွားရင် ~~ နင်တကယ် ပျော်မှာလား

သန်းရွှေသာ ရှောသွားရင်~~ ငါတကယ်ပါ နတ်ကနားပေးမလို့ )၂

No comments: