Friday, May 27, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အောင်ပွဲနေ့ ။

“ငုနဲ့ပိတောက် နွေမှာ လှိုင်သည်၊ စုနဲ့ခမောက် မေမှာ နိုင်သည်”

ယနေ့  မေလ (၂၇) ရက်နေ့  - အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရ အောင်ပွဲနေ့ အား အထူးဂုဏ်ပြုကြိုဆိုသောအားဖြင့် သမိုင်းမှတ်တမ်းများအား ဖေါ်ပြအပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်သည် မြန်မာပြည်သူပြည်သားများမှ တရားဝင် ရွေးချယ်ပေးခဲ့သောကြောင့် လက်ရှိအချိန်ကာလထိတိုင်အောင် တရားဝင် အနိုင်ရပါတီ ဖြစ်သည်။

တနည်းအားဖြင့်ဆိုသော် မြန်မာနိုင်ငံ၏ အုပ်ချူပ်ရေးအာဏာကို တရားဝင်ဆောင်ရွက်နိုင်သော ပြည်သူ့ အစိုးရကဲ့သို့  အာဏာရှိသော တရားဝင်အဖွဲ့  ဖြစ်သည်။

No comments: