Sunday, May 15, 2011

Human Rights Logo ဒီဇိုင်း နိုင်ငံတကာအဆင့် ပြိုင်ပွဲ စတင်၊ မြန်မာနိုင်ငံသူနိုင်ငံသားများအား အထူးတိုက်တွန်းဖိတ်ခေါ်အပ်ပါတယ်။

လူ့ အခွင့်အရေးမြင့်တင်ရေး Human Rights Logo ဒီဇိုင်း နိုင်ငံတကာအဆင့် ပြိုင်ပွဲတွင် မိမိနှစ်သက်ရာ ရေးဆွဲထားသည့် logo ဒီဇိုင်းများအား ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်မည့် Human Rights logo ဒီဇိုင်းသည် ““by people for people - ပြည်သူလူထုအတွက် ပြည်သူလူထုမှ” အဓိပ္ပါယ် ရည်ညွှန်းကာ အဆိုပါ ရည်ညွှန်းချက် ပေါ်လွင်သက်ရောက်စေရမည် ဖြစ်ပါတယ်။

ရွေးချယ်ခံရပါက ပထမဆုအနေဖြင့် ယူရို (Euro) ၅၀၀၀၊ ဒုတိယဆုအနေဖြင့် ယူရို ၃၀၀၀၊ တတိယဆုအနေဖြင့် ယူရို ၁၀၀၀ ချီးမြှင့်မှာဖြစ်ပြီး ဆုရ logo ဒီဇိုင်းများကိုလည်း နိုင်ငံတကာအဆင့် အသိအမှတ်ပြု ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။

အဆိုပါ Human Rights Logo Design ပြိုင်ပွဲအတွက် စည်းမျဉ်းစည်းကမ်းများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- မိမိနှစ်သက်ရာ နည်းလမ်းများနဲ့  logo ဒီဇိုင်းကို ဖန်တီးတင်ပြလို့  ရပါတယ်။ ဥပမာအားဖြင့် - ခဲပန်းချီ၊ ရေဆေး ဆီဆေးပန်းချီ၊ ကွန်ပျူတာအကူအညီဖြင့် ဖန်တီးရေးဆွဲမှု၊ သဲထဲတွင် ခြစ်ရေးဆွဲထားသော ပုံ စသဖြင့် ဖြစ်ပါတယ်။

- Human Rights Logo ဒီဇိုင်းသည် စာသားမပါရှိဘဲ ရည်ညွှန်းချက်အား ဖေါ်ကျူးနိုင်စေရမည် ဖြစ်သည်။ သို့ သော “Human Rights” စကားလုံးကိုသာ လိုအပ်ပါက ထည့်သွင်းခွင့်ပြုပါတယ်။ ထိုစကားလုံးမှအပ အခြားမည့်သည့်စကားလုံးကိုမှ ထည့်သွင်းဖေါ်ပြခွင့်ပြုမည် မဟုတ်ပါ။ “HR” စကားလုံးအတိုကောက်အား ထည့်သွင်းလိုပါက Logo ဒီဇိုင်းသည် Human Rights အဓိပ္ပါယ်အား ပေါ်လွင်စေရမည် ဖြစ်ပါတယ်။

- Logo ဒီဇိုင်တွင် စာသားသက်သက် ပါဝင်ဖန်တီးထားမှုကို လုံးဝ ခွင့်မပြုပါ။ Logo ဒီဇိုင်းအား အသံဖိုင် ဗွီဒီယိုဖိုင်အဖြစ် ဖန်တီးဖေါ်ပြခြင်းကို ခွင့်မပြုပါ။

ယခု Human Rights Logo Design ပြိုင်ပွဲအား ၂၀၁၁ ခုနှစ်၊ မေလ (၃) ရက်နေ့ မှ စတင်ဖွင့်လှစ်ပြီး ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့  နောက်ဆုံးထားပေးပို့ ရမှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့ နဲ့  (၂၁) ရက်နေ့ အတွင်းမှာ နိုင်ငံအသီးသီးမှ ပေးပို့ ပြိုင်ပွဲဝင်တဲ့ Logo ဒီဇိုင်းများထဲမှ ဆန်ကာတင် (၁၀) ဦးကို ရွေးချယ်မှာဖြစ်ပြီး၊ သြဂုတ်လ (၂၇) ရကိနေ့ နဲ့  စက်တင်ဘာလ (၁၇) ရက်အတွင်းမှာ အနိုင်ရရှိမယ့် ပထမ၊ ဒုတိယနဲ့ တတိယဆုများကို ရွေးချယ်ကြေညာမှာ ဖြစ်ပါတယ်။

ယခု Human Rights Logo Design Contest ပြိုင်ပွဲအား နိုင်ငံအသီးသီးမှ မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။

ဒီပြိုင်ပွဲဟာ လူ့ အခွင့်အရေး တိုးတက်မြင့်မားရေးအတွက် အဓိကဦးတည်ရည်ရွယ်တာဖြစ်ပြီး လက်ရှိမှာ မြန်မာနိုင်ငံသား နှစ်ဦးမှ ၄င်းတို့ ဖန်တီးရေးဆွဲထားတဲ့ logo ဒီဇိုင်းများကို ၀င်ရောက်ယှဉ်ပြိုင်ထားတာ သိရှိရပြီး၊ ဒီ နိုင်ငံတကာအဆင့် Human Rights Logo Design ပြိုင်ပွဲအတွက် ဆုံးဖြတ်ရွေးချယ်ပေးမယ့်သူများထဲမှာ လူ့ အခွင့်အရေးအတွက် စွမ်းစွမ်းတမန် ဆောင်ရွက်နေကြတဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးများ ပါဝင်ကြောင်းနဲ့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း တစ်ဦးအပါအ၀င်ဖြစ်ကြောင်း သိရှိရပါတယ်။

Human Rights Logo Design ပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် မြန်မာနိုင်ငံ ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသူနိုင်ငံသားများအား အထူး တိုက်တွန်းဖိတ်ခေါ်အပ်ပါတယ်။

မိမိတို့  ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ Human Rights Logo Design များကို အောက်ဖေါ်ပြပါ အင်တာနက်စာမျက်နှာမှာ Sign-Up (Register) လုပ်ပြီး မိမိတို့  logo ဒီဇိုင်းများကို ပေးပို့ နိုင်ပါတယ်။

http://humanrightslogo.net/briefing

အောက်ဖေါ်ပြပါ ယှဉ်ပြိုင်ဝင်ရောက်တဲ့ Human Logo Design များကတော့ မြန်မာနိုင်ငံသားတစ်ဦးဖြစ်သူ ဇော်ထက်ကိုကိုမှ ဖန်တီးရေးဆွဲ ၀င်ရောက်ယှဉ်ပြိုင်ထားတာ ဖြစ်ပါတယ်။


























































































ယခု Human Rights Logo Design ပြိုင်ပွဲအတွက်လည်း မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း ဗွီဒီယို အမှာစကား ပြောကြာထားပါတယ်။

No comments: