Sunday, May 8, 2011

မိခင်များနေ့  (Mother’s Day) - မြန်မာပြည်က မိခင်တွေ ဘ၀အခြေအနေကို ကိုယ်ချင်းစာတရား ထားတတ်မယ်ဆိုရင် ဘယ်လို စောင့်ရှောက်ကူညီသင့်ကြသလည်း။



ကြောက်မက်ဖွယ် နာဂစ်မုန်တိုင်းနဲ့  သဘ၀ဘေးအန္တရာယ်များကြောင့် ဝေးကွာသွားခဲ့ကြရတဲ့ မိခင်များနဲ့ သားသမီးများအတွက် မိခင်များနေ့ မှာ -

ယုတ်မာသူ ရမ်းကားသူ အာဏာရူးအုပ်စုရဲ့  မတရားဖိနှပ်ညဉ်းပမ်းအုပ်စိုးမှုအောက်မှာ ရှင်ကွဲကွဲ သေကွဲကွဲကြရတဲ့ မိခင်များနဲ့  သားသမီးများအတွက် မိခင်များနေ့ မှာ -

အကြပ်အတည်းမျိုးစုံနဲ့  ရင်ဆိုင်နေကြရတဲ့ ခေတ်စနစ်ဆိုးအောက်မှာ ခက်ခဲကြမ်းတမ်းစွာနဲ့  ရုန်းကန်ဖြတ်သန်းလှုပ်ရှားနေကြလို့  ဝေးကွာနေကြရတဲ့ မိခင်များနဲ့  သားသမီးများအတွက် မိခင်များနေ့ မှာ -

တိုင်းပြည်နဲ့  လူမျိုးအကျိုးအတွက် ကိုယ်ကျိုးစွန့် လွှတ်ပြီး ခိုင်မာသော ယုံကြည်ချက်ဖြင့် အခက်အခဲမှန်သမျှ အချုပ်အနှောင်မှန်သမျှ ညဉ်းပမ်းသတ်ဖြတ်မှုမှန်သမျှ ရင်ဆိုင်ကြုံတွေ့ နေကြပြီး ဝေးကွာနေကြရတဲ့ မိခင်များ သားသမီးများအတွက် မိခင်များနေ့ မှာ -

အမိမြန်မာပြည်နှင့် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ရေခြားမြေခြားဒေသများသို့ ရောက်ရှိကာ ဝေးကွာနေကြရသော မိခင်များ သားသမီးများအတွက် မိခင်များနေ့ မှာ - ကိုယ်ချင်းစာတရား ထားတတ်ကြမယ်ဆိုရင် - နေ့ စဉ်နေ့ တိုင်း မိခင်များနေ့ အဖြစ် အောက်မေ့အသိအမှတ်ပြုကြပြီး -

မြန်မာပြည်က မိခင်တွေ ဘ၀အခြေအနေကို ဘယ်လို စောင့်ရှောက်ကူညီသင့်ကြသလည်း။

"မိခင်တွေကို ကျေးဇူးဆပ်ကြပါ။"

"မိခင်တွေကို ပြုစုစောင့်ရှောက်ကြပါ။"

"မိခင်တွေကို အကာအကွယ်ပေးကြပါ။"

"မိခင်တွေ ဘ၀ကို တန်ဖိုးထား မြတ်နိုးကြပါ။"

"မိခင်တွေကို လေးစားသမှု ပြုကြပါ။"

"မိခင်တွေ ပညာရေးအဆင့်အတန်း လူနေမှုအဆင့်အတန်း ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်အောင် ဆောင်ရွက်ပေးကြပါ။"

(မေလ ၈ ရက်၊ ၂၀၁၁ ခုနှစ် - မိခင်များနေ့  Mother’s Day)။

မွေးမိခင်နှင့် ကျွေးမိခင်အား ရှိခိုးဦးညွှတ်လျက် -

နစ်နေမန်း။

No comments: