Monday, June 6, 2011

မြန်မာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီး၊ တရုတ်ပြည်မှာ တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီး။ မြန်မာပြည်မှာ သန်းရွှေ သိန်းစိန်၊ တရုတ်ပြည်မှာ ဟူကျင်တောင်။

မြန်မာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့  ရှေ့ ဆင့်နောက်ဆင့် တရုတ်ပြည်မှာ တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီး။ မြန်မာပြည်မှာ သန်းရွှေ သိန်းစိန်အာဏာရူးအုပ်စု၊ တရုတ်ပြည်မှာ ဟူကျင်တောင်။

၁၉၈၈ ခုနှစ် အချိန်ကာလတုန်းက မြန်မာပြည်မှာ မဆလ တစ်ပါတီအာဏာရှင် မတရားအုပ်ချူပ်မှုကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံရောက်ရှိခဲ့ရသလို အာဏာရှင်အုပ်ချူပ်နေစဉ်အတွင်း နှစ်ပေါင်းမြောက်မြားစွာအတွင်း ရဟန်းရှင်လူပြည်သူအပေါင်းအား အထွေထွေအကြပ်အတည်းပေါင်းနဲ့  ရင်ဆိုင်ကြုံတွေ့ ရတဲ့အပြင် လူနေမှုအဆင့်အတန်းနိမ့်ကျလွန်းပြီး လူသားတစ်ဦးရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေဆုံးရှုံးရရုံမက ကျောင်းသားပြည်သူတွေကို ရက်စက်စွာပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် တတိုင်းပြည်လုံး မခံမရပ်နိုင်ဖြစ်ကာ လူထုအုံကြွမှုဖြစ်တဲ့ သမိုင်းဝင် ရှစ်လေးလုံးတော်လှန်ရေးအရေးတော်ပုံကြီး ဖြစ်ခဲ့ပါတယ်။ အာဏာရူးတို့ ရဲ့  ထပ်မံရက်စက်ယုတ်မာရမ်းကားမှုနဲ့  လူသတ်လက်နက်ကို အဓိကထား ဖြေရှင်းတတ်တဲ့ ညဉ်ဆိုးအတိုင်း ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးကို ကောက်ကျစ်ယုတ်မာသော ဖန်တီလှည့်ဖြားမှုများနဲ့  အကြမ်းဘက် ဖြိုခွဲခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအစ ပြည်သူလူထုအတွက် တော်လှန်သောကျောင်းသားစိတ်ဓါတ်နဲ့  သမိုင်းအစဉ်အဆက်ဆက် မားမားမတ်မတ် ရှေ့ ဆုံးက ရပ်တည်တိုက်ပွဲဝင်ရဲတဲ့ ကျောင်းသားတော်လှန်ရေးကဲ့သို့ အလားတူ တရုတ်နိုင်ငံမှာလည်း ကွန်ုမြူနစ် တစ်ပါတီအာဏာရှင်ကို ရဲရဲဝန့် ဝန့် စတင်ဦးဆောင်တော်လှန်ခဲ့တဲ့ သမိုင်းဝင်လှုပ်ရှားမှုကြီးတစ်ရပ်လည်း မြန်မာနိုင်ငံ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်တဲ့ ၁၉၈၈ ခုနှစ်နဲ့ ရှေ့ ဆင့်နောက်ဆင့်ဆိုသလို ၁၉၈၉ ခုနှစ်မှာ တရုတ်နိုင်ငံမှာ “Tiananmen Square Massacre - တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီး” လည်း သမိုင်းဝင်ပေါ်ပေါက်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ အစဉ်အလာကြီးမားတဲ့ ကျောင်းသားလှုပ်ရှားမှုကဲ့သို့  တရုတ်နိုင်ငံမှာလည်း ကျောင်းသူကျောင်းသားများမှ စတင်ဦးဆောင်ပြီး ဒီ တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီးကို ဆင်နွဲခဲ့ကြတာပါ။ အာဏာရုးအုပ်ချူပ်သူတို့ ပီပီ မြန်မာနိုင်ငံတွင် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးကို ရက်စက်ရိုင်းစိုင်းစွာ ဖြိုခွဲသလို တရုတ်အာဏာရှင်တွေဟာလည်း တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီးကို ယုတ်မာပက်စက်စွာနဲ့  ဖြိုခွငးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့  သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း သွေးမြေကျခဲ့ကြရတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေ ရာပေါင်းများစွာ အသက်ဆုံးရှူံးခဲ့ကြရသလို တရုတ်ကျောင်းသားကျောင်းသူများနဲ့  ပြည်သူတွေလည်း အသက်သွေး မြေကျခဲ့ကြရပါတယ်။























အာဏာရှင်အုပ်ချူပ်သူတွေကို ရဲဝန့် စွာဆန့် ကျင်တိုက်ပွဲဝင်ခဲ့ရင်း ယနေ့  ဇွန်လ နေ့ ရက်များမှာ သွေးစွန်းခဲ့ကြရတဲ့ တရုတ်ကျောင်းသားကျောင်းသူ ပြည်သူပြည်သားအပေါင်းကို လေးစားဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သား ကျောင်းသားရှင်လူများနဲ့ အတူ အာဏာရှင်ကို ဆန့် ကျင်တဲ့ စိတ်ဓါတ်များကို ထပ်တူထပ်မျှရှိကြတဲ့ တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီးဦးဆောင်တိုက်ပွဲဝင်သူများကို နောင်ရင်းညီအကိုများကဲ့သို့  သွေးစည်းမှုကို ပြသတဲ့အနေနဲ့  မြန်မာကျောင်းသားကျောင်းသားများကလည်း ၁၉၈၉ ခုနှစ်မှာ တရုတ်အာဏာရှင်များကို ကန့် ကွက်ရှုတ်ချခဲ့ကြပါတယ်။

ဒီ တီယန်နန်မင်ရင်ပြင် အရေးတော်ပုံကြီးအကြောင်းနဲ့  တရုတ်ကျောင်းသားပြည်သူတွေကို တရုတ်အာဏာရှင်တွေက ရက်စက်စွာနှိမ်နင်းမှုကို ယနေ့ ဒီအချိန်အခါမှာ ဖေါ်ပြလိုပါတယ်။





သွေးစွန်းသောလက်များနဲ့  မတရားအုပ်ချူပ်နေတဲ့ ယနေ့ လက်ရှိ တရုတ်အာဏာရှင်အစိုးရနဲ့  ပလူးပလဲဆက်ဆံပေါင်းသင်းအောက်ကျို့ နေတဲ့၊ ရက်စက်ယုတ်မာမှုအပေါင်းမှာ သရဖူးဆောင်းသူတွေအချင်းချင်း ပြည်သူသတ်သမားအချင်းချင်း လက်ချင်းချိတ် ပုခုံးချင်းဘက်ပြနေတဲ့ မြန်မာပြည်မှ သန်းရွှေ သိန်းစိန်အို အာဏာရူးအုပ်စုကိုလည်း ပြင်းထန်စွာ ရှုတ်ချပါတယ်။
























သန်းရွှေ သိန်းစိန်တို့  အာဏာရူးအုပ်စုဟာ တရုတ်အားကိုး ပုဆိန်ရိုးတွေဆိုတာ ပြည်သူသတ်သမား တရုတ်အာဏာရှင်တွေနဲ့  ထင်ထင်မြင်မြင်ပေါင်းနေတာက သက်သေပြနေပါတယ်။

No comments: