Monday, June 13, 2011

မြောက်ကိုးရီးယားက သင်္ဘောနဲ့  မစ်ဆိုင်းလက်နက်တွေ တင်ဆောင်ပြီး မြန်မာပြည်ဆီ ဦးတည်ခုတ်မောင်းလာနေလို့  ကြားဖြတ်တားဆီးခံရ။



























လွန်ခဲ့တဲ့ ရက်သတ္တပါတ် နှစ်ပါတ်က မစ်ဆိုင်းလက်နက် (missile technology) တွေ တင်ဆောင်ထားတယ်လို့  မသင်္ကာဖွယ် ယူဆရပြီး မြန်မာနိုင်ငံဆီသို့ ဦးတည်မောင်းနှင်နေတဲ့ မြောက်ကိုရီးယားသင်္ဘောတစ်စီးကို အမေရိကန်ရေတပ် တိုက်ခိုက်သဘောင်္ (McCampbell) ကနေ ကြားဖြတ်တားဆီးပြီး လာရာအရပ်ကို ပြန်လည်လှည့်မောင်းခိုင်းစေခဲ့တယ်လို့  သိရှိရပါတယ်။

၂၀၀၉ ခုနှစ်တုန်းကလည်း မြောက်ကိုရီးယားရဲ့  သဘောင်္တစ်စီး လက်နက်တွေ ခိုးတင်ဆောင်လာပြီး မြန်မာနိုင်ငံဆီ ဦးတည်လျှို့ ဝှက် မောင်းနှင်သွားနေတာ မသင်္ကာဖွယ်တွေ့ ရှိတာကြောင့် ယခုလိုဘဲ အချိန်မီသိရှိကာ တားမြစ်ခြင်းခံခဲ့ရပါတယ်။

မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု တားမြစ်ပိတ်ပင်မှုတွေ လုပ်နေတဲ့ကြားမှ မြန်မာနိုင်ငံ နအဖအာဏာရူးအုပ်စုတွေနဲ့  ပလဲပနံသင့်နေတဲ့နိုင်ငံတွေထဲက မြောက်ကိုးရီးယားက ယခုလို လက်နက်တွေကို သင်္ဘောနဲ့  တင်ဆောင်ကာ မြန်မာနိုင်ငံဆီ ပို့ ဆောင်ဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

မြန်မာပြည်က သန်းရွှေ သိန်းစိန်တို့ ဟာ လူသတ်လက်နက်တွေဖြစ်တဲ့ မစ်ဆိုင်းနဲ့  ညူကလျီးယားလက်နက်တွေကို အင်မတန်ရယူပိုင်ဆိုင်ချင်နေတာကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက် ဆုံးရှုံးနစ်နာမှာတွေကို ဂရုမစိုက်ဘဲ၊ တရုတ်၊ ရုရှနဲ့  မြောက်ကိုးရီယားနိုင်ငံတွေနဲ့  အောက်ကျို့ စွာပေါင်းဘက်နေပြီး ဒီလူသတ်ပစ္စည်းတွေ ၀ယ်ယူရဖို့  တိုင်းပြည်ရဲ့ ငွေတွေ ကျောက်မျက်ရတနာသယံဇာတတွေရော နောက်ဆုံး လူမျိုးပါ ပျောက်ကွယ်ဆုံးရှုံးဖို့  အခြေအနေကို ဦးတည်နေပါတော့တယ်။

မြန်မာပြည်သူပြည်သားတွေ အကျိုးစီးပွားကို လစ်လျူရှူပြီး သန်းရွှေ သိန်းစိန်တို့ အာဏာရူးတွေအတွက် လူသတ်လက်နက်တွေ ထောက်ပံ့ဖြည့်ဆီးပေးနေတဲ့ တရုတ်၊ ရုရှနဲ့  မြောက်ကိုးရီယားနိုင်ငံတို့ ရဲ့  လုပ်ရပ်ဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့  အမျိုးသားရန်သူဖြစ်လာနေပါပြီ။ ထို့ အတူ သန်းရွှေ သိန်းစိန်တို့ နဲ့  အကျိုးတူစီးပွားလုပ်နေပြီး မြန်မာပြည်သူလူထုအပေါ် အမြတ်ထုတ် သွေးစုပ်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်း အိန္ဒိယနဲ့  အခုဆိုရင် ဗီယက်နမ်နိုင်ငံကိုပါ အထူးသတိထား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

အမိမြန်မာနိုင်ငံမှာ လူမျိုးတူ အာဏာရူးများနဲ့  အနိုင်ကျင့်သွေးစုတ်ခံရမှုကိုရော၊ လူမျိုးခြား မသမာသူများရဲ့  အကျိုးစီးပွားရှာ အမြတ်ထုတ်သွေးစုတ်မှုများကိုရော ကန့် ကွက်ဆန့် ကျင်ကြမှသာ မြန်မာတိုင်းသူပြည်သားတွေ လူမျိုးပျောက် ယဉ်ကျေးမှုပျောက်မှုတွေက ကင်းဝေးကြရမှာ ဖြစ်ပါတယ်။

No comments: