Saturday, June 18, 2011

လင်းပွင့်နတ်သမီး။






















သူမဟာ .....
ပန်းရိုင်းတစ်ပွင့်ချင်းစီရဲ့ဗီဇကို
ဆည်းကပ်မြတ်နိုးတယ် ...။

သူမရဲ့စကားလုံးစမ်းရေအလျဉ်ထဲ
စွမ်းအင်အပြည့်ရှိတယ် ...။

ရာဇ၀င်တလျှောက်လုံး
လမ်းဘေးခရုခွံလို ဘ၀တွေအတွက်
မြင်းရိုင်းတစ်ကောင်လို စိတ်ဓာတ် ...
စိန်ရိုင်းတုံးလိုဝိညာဉ် ...
သူမမှာရှိတယ် ...။

မူရင်းဆွေးမြေ့နေတဲ့
ဟောင်းနွမ်းနေမှုတို့အတွက်
တိမ်လွှာဝတ်ရုံတွေ ဖယ်ခွာပေးမယ့်
နတ်သမီး ... ။ ။

(ကဗျာသီဖွဲ့ သူ - 2P)။

No comments: