Sunday, June 19, 2011

''အမေ့အိမ်မှ ဆုတောင်းသံ'' မွေးနေ့ ဆုတောင်းစာအုပ်အား ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ခဲ့။

ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့ မှာ ကျရောက်တဲ့ အမေစုရဲ့ ( ၆၆ ) နှစ်မြောက်မွေးနေ့ မှာ
“အမေ့အိမ် ပညာဒါန ကျောင်း” မှ ကလေးများအားလုံးရဲ့  ရင်ထဲက စကားလုံးလေးတွေကို သူတို့ ကိုယ်တိုင် မညီမညာလက်ရေးလေးတွေနဲ့  ရေးသားထားတဲ့ ''အမေ့အိမ်မှ ဆုတောင်းသံ'' မွေးနေ့ ဆုတောင်းစာအုပ်ကို အမေစုထံ မွေးနေ့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

ရင်ထဲက လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာတဲ့ ဆန္ဒအစစ်အမှန်တွေဆိုတာ ရေးသားထားတဲ့ ဆုတောင်းမှုလေးတွေကို သေသေချာချာ ဖတ်ကြည့်ရင် သိသာလှပါတယ်။

Birthday Wishes From Mother House School Students and Teachers (Yangon)

အမေ ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာပါစေ၊

အမေ လိုချင်တဲ့ ငြိမ်းချမ်းရေး မွေးနေ့ လက်ဆောင် အမြန်ဆုံး ရရှိနိုင်ပါစေ။

အမေရဲ့ သားသမီးနှင့် မြေးများ၊
အမေ့အိမ် ပညာဒါနကျောင်း၊
လှိုင်သာယာ၊ ရန်ကုန်မြို့ ။

No comments: