Friday, June 24, 2011

သိန်းစိန်တို့ လုပ်မှဘဲ ဗုံးတွေကလည်း ပေါက်ပြီးရင်း ပေါက်နေပါလား၊ ဗုံးတွေက “စစ်” မှ “စစ်၊ ဗုံးခွဲသူတွေကလည်း “ရဲ” မှ “ရဲ” ဆိုဘဲ။

ယနေ့  နေ့ လည်ပိုင်းက နေပြည်တော်၊ မန္တလေးနဲ့ ပြင်ဦးလွင်မြို့များမှာ ဗုံးပေါက်ကွဲမှု တွေ ရှေ့ ဆင့်နောက်ဆင့် ဖြစ်ပွားတယ်လို့  သိရှိရပါတယ်။

နေပြည်တော် သပြေကုန်း၊ ငုဝါလမ်း၊ မန္တလေးမြို့ မန်းမြန်မာပလာဇာ ရှေ့နဲ့ ပြင်ဦးလွင် ဘိုးဘိုးကြီး နတ်နန်း အနီးတွေမှာ ဇွန်လ ၂၄ ရက် ဒီကနေ့ မွန်းတည့်ချိန် ၁၂ နာရီ ဝန်းကျင်က တစ်ချိန်တည်း နီးပါး ဗုံးပေါက်ကွဲမှု လို့ ယူဆရတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားတယ် လို့ သိရပါတယ်။ “နေပြည်တော် ငုဝါလမ်း က ရှမ်းတရုတ်တွေနေတဲ့ အိမ်မှာပေါက်တာ။ အိမ်အမိုးတောင် ပွင့်သွားတယ်” လို့ ပြောပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာဟာ ကျောက်မျက်ရတနာပြခန်းရဲ့ နောက်ကျော အတော်လှမ်းလှမ်းမှာလို့ ဆိုပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော် ၈၄ လမ်း ၂၇ လမ်းနဲ့ ၂၈ လမ်းကြား ဈေးချိုဟိုတယ် မြေညီထပ် ရှေ့မှာ ရပ်ထားတဲ့ ဂျစ်ကား တစ်စီး ကနေ ပေါက်ကွဲမှု ဖြစ်ပွားတယ် လို့ သိရတယ်။ ကားတစ်စီးလုံး သုံးမရအောင် ပျက်စီးသွားတယ် လို့ ဆိုပါတယ်။



ပြင်ဦးလွင် အောင်ဇေယျလမ်း ဘိုးဘိုးကြီး နတ်နန်း အနီး လူမနေတဲ့ နေအိမ်တစ်ခုမှာလည်း ပေါက်ကွဲမှု တစ်ခု ဖြစ်သွားတယ်လို့ သိရပါတယ်။

(ဓါတ်ပုံ - စစ်မုန်းပုန်ကန်၊ ရဲလေး)။

No comments: