Tuesday, June 28, 2011

နိုင်ငံရေးအကျဉ်းသား ဦးဘမြင့် (အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ) ၏ (၆၅) နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲနှင့် ဂုဏ်ပြုပွဲအား ကျင်းပ။

ဇွန်လ (၂၇) ရက်နေ့ တွင် (၆၅) နှစ်မြောက်မွေးနေ့ ကျရောက်သော နိုင်ငံရေးအကျဉ်းသား ဦးဘမြင့် (အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ) ၏ မွေးနေ့ ဆုတောင်းပွဲနှင့် ဂုဏ်ပြုပွဲအား အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတည်ရှိရာ ဦးဘမြင့်၏ နေအိမ်တွင် ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။






























ဦးဘမြင့် (အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ) ဟာ လေးကြိမ်မြောက်အဖြစ် လက်ရှိ ဗန်းမော်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။

ဒီမွေးနေ့ ဆုတောင်းပွဲနှင့် ဂုဏ်ပြုပွဲကို အင်္ဂါဝတ်ပြုအဖွဲ့ ကိုယ်စား ဒေါ်နော်အုန်းလှ၊ အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ ဝင်များ၊ အကြမ်းမဘက်အမျိုးသားလှုပ်ရှားသူများဖြစ်ကြတဲ့ လူငယ်များမှ စုပေါင်းကျင်းပခဲ့ကြကြောင်း သိရပါတယ်။






























နံနက် (၇) နာရီအချိန်မှာ ဦးဘမြင့်အပါအ၀င် အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ဖို့  ရည်ရွယ်ကာ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဆွမ်းကပ်လှူခဲ့ကြပြီး၊ နံနက် (၈) နာရီတွင် မွေးနေ့ ဆုတောင်းပွဲနှင့် ဂုဏ်ပြုပွဲကို ကြွရောက်လာကြသူများအား အကျွေးအမွေးဖြင့် ဧည့်ခံမှု ပြုလုပ်ခဲ့တယ်လို့  သိရှိရပါတယ်။

၎င်းနောက် မွေးနေ့ ဆုတောင်းပွဲနှင့် ဂုဏ်ပြုပွဲကို ကြွရောက်လာကြသူများမှ ဦးဘမြင့်၏ မိသားစုနှင့်အတူ ဦးဘမြင့်အပါအ၀င် အကျဉ်းကျနေဆဲဖြစ်သော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်စေရန် ရည်ရွယ်၍ ဖယောင်းတိုင်မီးများ ထွန်းညှိကြပြီး ဆုတောင်းမှု ပြုလုပ်ကြကြောင်း သိရှိရပါတယ်။



မွေးနေ့ ဆုတောင်းပွဲနှင့် ဂုဏ်ပြုပွဲကို ကြွရောက်လာကြသူများထဲမှ ဦးဘမြင့်အား ဂုဏ်ပြူကဗျာများနှင့် ဂုဏ်ပြုစကားများ ဖတ်ကြားပြောကြားပြီးနောက် အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးဘမြင့်၏ သားဖြစ်သူ၊ အလုံမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ တက်ရောက်လာကြသူများအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါတယ်။




























































ထို့ အတူ မွေးနေ့ ဆုတောင်းပွဲနှင့် ဂုဏ်ပြုပွဲကို ကြွရောက်လာကြသူများမှ အကျဉ်းကျနေဆဲဖြစ်သော နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ပေးဖို့  တောင်းဆိုခဲ့ကြကြောင်း သိရှိရပါတယ်။

No comments: