Saturday, June 4, 2011

ရခိုင်ပြည်နယ် မြောက်ဦးမြို့ မှ ရှေးဟောင်းဘုရားဆင်းတုတော်များကို နေပြည်တော်သို့  မတရားသိမ်းပိုက်ပို့ ဆောင်ရန် စီစဉ်မှုကြောင့် မြောက်ဦးတွင် ဆန္ဒပြ။


















ယနေ့ မြန်မာစံတော်ချိန် နေ့လည် (၃) နာရီခန့်က မြောက်ဦးမြို့ နန်းတော်ရာကုန်းမှ ဆန္ဒပြမှုဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

မြောက်ဦးမြို့မှ ရရှိသော ၄ ပိသာ ၆၄ ကျပ်သားရှိ ဘုရားဆင်းထုတော် အပါအ၀င် အခြား ရှေးဟောင်း ဆင်းတုတော် (၂၇) ဆူကို နေပြည်တော်သို့ ယူဆောင်ရန် ညွှန်ကြားလိုက်မှုအပေါ် ဒေသခံများမှ မကျေနပ်မှုများကြောင့် ယခုကဲ့သို့  ဆန္ဒပြမှု ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။

အဆိုပါ ရှေးဟောင်းဆင်တုတော်များကို ယနေ့ (သို့မဟုတ်) နက်ဖြန်ခါတွင် အတငးအဓမ္မ ယူဆောင်သောကြောင့် မြောက်ဦးတွင် မြို့သူ မြို့သားများမှ နန်းရာကုန်းတွင် စုရုံးပြီး ဘုရားကို မယူဆောင်ရန် မေတ္တာရပ်ခံ ပန်ကြားနေကြပါတယ်။ အချို့က အထူး မကျေမနပ် ဖြစ်နေကြသည်ဟု သိရပါတယ်။

ယခုလက်ရှိအချိန်ထိ ရုန်းရင်းဆန်ခတ် ဖြစ်နိုင်မည့် အနေအထားသို့ ရောက်ရှိနေကြောင်း သိရှိရပါတယ်။

ဆက်သွယ် မေးမြန်းရန် -

ဦးအောင်သန်းတင်- ၀၉ ၄၉၆၄၁၇၅၉ ရခိုင်ယဉ်ကျေးမှုဝန်ကြီး

ဒေသခံတစ်ဦး ဦးရွှေတင်- ၀၉ ၄၉၆၆၈၈၈၇

လက်ရှိအချိန်တွင် ဆန္ဒပြသူများ ထပ်မံလူစုနေကြပြီ ဖြစ်ကြောင်းသိရှိရပြီး နောက်ဆုံးအခြေအနေအရ လူတော်တော်များလာပြီ ဖြစ်ကြောင်း နန်းတော်ရာကုန်းကို ၀ိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

နေပြည်တော်က သန်းရွှေ သိန်းစိန်တို့ ရဲ့  ရှေးဟောင်းဆင်းတုတော်တွေကို မတရားသိမ်းပိုက်မှုနဲ့  မတရားလုပ်ရပ်ကို မြန်မာပြည်သူပြည်သားများမှ တိုင်းရင်းသားဒေသခံများနှင့်အတူ ၀ိုင်းဝန်းကန့် ကွက်ပေးကြပါ။

နောက်ဆုံးသတင်းအရ - နေပြည်တော်မှ မတရားလုပ်ရပ်အား ဆန္ဒပြမှုတွင် မြောက်ဦးမြို့ နေ လူထုများ၊ ဆရာတော်ကြီးများအပါအ၀င် လူဦးရေသောင်းချီ ပူးပေါင်းပါဝင်သည့်အပြင် လက်ရှိ ရခိုင်ပြည်နယ်အစိုးရမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ အဖွဲ့ ဝင်များပါ ပါရှိနေကြောင်း သိရှိရပါတယ်။

No comments: