Monday, June 20, 2011

တိုင်းပြည်ဂုဏ်ဆောင် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုတံဆိပ်ခေါင်းနဲ့  သိန်းစိန်ရဲ့  ဖွတ်တံဆိပ်ခေါင်း။

ဒီဟာကတော့ နော်ဝေးနိုင်ငံကနေ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်းဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းပုံကို နောက်ခံထားပြီး သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖေါ်ပြထားတာ ဖြစ်ပါတယ်။ အင်မတန်ကျက်သရေရှိသော၊ တိုင်းပြည်နဲ့  လူမျိုးဂုဏ်ကို ထွန်းလင်းတောက်ပြောင်စေသော၊ သမိုင်းဝင် သမိုင်းမှတ်တမ်းဆောင်သော အနှစ်သာရ ပြည့်ဝသည့် တံဆိပ်ခေါင်းအင်္ဂရပ်နှင့် ညီသော၊ ကမ္ဘာ့စံချိန်မီ တံဆိပ်ခေါင်းဘဲ ဖြစ်ပါတယ်။




























အောက်ဖေါ်ပြပါ တံဆိပ်ခေါင်းကတော့ သိန်းစိန်ရဲ့  ယခု ပထမဦးဆုံး ထုတ်ဝေတဲ့ တံဆိပ်ခေါင်းပါ။






















“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်” အမည်ရယ်၊ ကျပ်ငွေ ၅၀၀ ရယ်၊ နေ့ စွဲ မတ်လ ၃၀ ရက်နေ့  ၂၀၁၁ ခုနှစ်ရယ်၊ အဆောက်အဦးပုံရယ် ပါတဲ့ ဒီတံဆိပ်ခေါင်းကို ဒီလ ဇွန်လ (၁၆) ရက်နေ့ ကမှ စတင် ထုတ်ခဲ့တာပါ။ အလကားနေရင်း ထပ်ကာတလဲလဲဖေါ်ပြနေတဲ့ နေပြည်တော်က အာဏာရူးတွေရဲ့  အဆောက်အဦးတွေကိုသာ ပါနေတဲ့ တံဆိပ်ခေါင်းမှာ ဒီတစ်ခါတော့ ဆင်ဖြူတွေနဲ့  အလံ မပါပါတော့ဖူး။ အနှစ်သာရ ဘာမှ မရှိတဲ့ ဖွတ်တံဆိပ်ခေါင်းဘဲ ဖြစ်ပါတော့တယ်။





















သိန်းစိန်တို့ ရဲ့  ဖွတ်တံဆိပ်ခေါင်း ဖြစ်ပါတယ်။

No comments: